Street Fashion တွေက ၂၀၁၈ မတိုင်ခင်ကတည်းက လူငယ်တွေ ကြားမှာ ရေပန်းစား၊ လူကြိုက်များနေ ခဲ့ပါတယ်။
အဲဒီ Street Fashion ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရေးကြီးဆုံးနဲ့ အဓိကအနေနဲ့ ပါဝင်နေတာက Sneakers ဖိနပ်တွေပါ။ ဒါကြောင့် Sneakers တွေထဲကမှ လတ်တလော လူငယ်တွေ အရူးအမူးဖြစ်နေကြတဲ့ Vans Old Skool ဖိနပ်ကို ရာသီဥတုနဲ့ ကိုက်ညီအောင် ဘယ်လို ဝတ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးတဲ့အတွက် ၂၀၁၈ အတွက် မရှိမဖြစ် Vans Old Skool လေး တစ်ရန်လောက် ပြေးဝယ် ထားဦးနော်။ Street Style တွေမှာ ဆရာမကြီးတွေဖြစ်တဲ့သူတွေဆီက သင်ယူစရာနည်းလမ်းလေးတွေကို ဖော်ပြပေးထားတဲ့အတွက် ကျေနပ်ကြ မှာပါနော်။
Kristen Stewart လို ပရိုဆန်ဆန်
--------------------------------------
ယောကျာ်းဆန်ဆန်ပဲ ဝတ်လေ့ရှိပြီး Twilight မင်းသမီးအဖြစ် လူသိများ ကြတဲ့ Kristen ရဲ့ စတိုင်လ်ကတော့ ပရောဖက်ရှင်နယ်ဆန်တယ်လို့ ဆိုရမှာ ပေါ့။ လုပ်ငန်းခွင်အတွက်လည်း သင့် တော်သလို ထသွားထလာ Casual အချိန်တွေမှာလည်း လွတ်လပ်ပေါ့ပါး မှုကို ပေးစွမ်းမယ့်စတိုင်မျိုးပါ။ ဒီလို စတိုင်မျိုးကို ရရှိနိုင်ဖို့အတွက် Suit တစ်ထည်နဲ့ တီရှပ်အဖြူ ဒါမှမဟုတ် စွပ်ကျယ်အဖြူပဲ လိုပါတယ်။ Tomboy ဆန်ဆန် အထာကျချင်တဲ့ပျိုမေတို့ အတွက် ဒီစတိုင်က ကွက်တိပါပဲ။
Hailey Baldwin လို ချစ်စရာပုံစံ
------------------------------------
Grphic Tee ဖြစ်ဖြစ် တီရှပ် ဗြောင်ဖြစ်ဖြစ် သင်ရွေးချယ်ထားတဲ့ ဂျင်းန်ဘောင်းဘီထဲ ထည့်ဝတ်မယ်ဆို Hailey Baldwin လို ချစ်စရာအသွင် လေးရပြီပေါ့။ ခြေထောက်အောက်နား စုပြီးပုံကျနေတဲ့ Skinny Jeans တွေ ကို မေ့ထားနော်။ Hailey ဝတ်ထားတဲ့ အောက်နားအနည်းငယ်ပွတဲ့ ဂျင်းန်ကို ဠညျေ နဲ့တွဲဖက်လိုက်မယ်ဆိုရင် သင့်ရဲ့ ချစ်စရာကောင်းပြီး ဖက်ရှင်ကျတဲ့အသွင် ကို ကွက်တိရပြီပေါ့။ အဓိက Keypoint က ခြေအိတ်ရှည်လေးနဲ့ တွဲဝတ်ဖို့ပါပဲ။
Kourtney Kardashian လို ပေါ့ပေါ့ ပါးပါး
-------------------------------------------------
Reality Star ဖြစ်တဲ့ Kourtney Kardashian ရဲ့ဖက်ရှင်ကတော့ များများစားစား ကြိုးစားစရာ မလိုသလို ဖက်ရှင်ကျ၊ စတိုင်လည်း မိနေပါတယ်။ Oversized တီရှပ်ပွပွတစ်ထည်လည်း ရသလို Hoodie ခပ်ကြီးကြီးတစ်ထည် မျိုးနဲ့လည်း သူမလိုစတိုင်မျိုး အလွယ် တကူ ပြန်လည်ဖန်တီးလို့ရပါတယ်။ သူမလို အရမ်းကြီးရိုးရှင်းတဲ့ပုံစံ မထွက် ရအောင် Baseball Cap လေး ဆောင်းလိုက်ပေါ့။
Kendall Jenner လို ခပ်မိုက်မိုက်
----------------------------------------
၂၀၁၇ ထဲမှာ ကျွန်မအကြိုက်ဆုံး မော်ဒယ်မလေး Kendall အကြောင်း ခဏခဏ ပြောမိနေတယ်ထင်ပါတယ်။ ဒါပေမယ့်လည်း Street Style တွေမှာ အမြဲတမ်း လန်းနေတဲ့သူမအကြောင်းက ထည့်မပြောရင် မဖြစ်လို့ အခုလည်း ထည့်ပြောရပါဦးမယ်။ သူမရဲ့ အလွန် အကျူး လည်သာဘောင်းဘီကို အပေါ် က ကျားသစ်ကွက် Blazer နဲ့ တွဲဖက် လိုက်တာက တကယ့်ကို အံ့မခန်း သူမရဲ့ ဖက်ရှင် Sense ပါပဲ။ ၂၀၁၈ အတွက် မရှိမဖြစ်ထဲမှာ Blazer တွေကလည်း တစ်ခုအပါအဝင်ဖြစ်တဲ့အပြင် ကျားသစ် ကွက်တွေကလည်း တစ်ပတ် ပြန်လည် လာနေတဲ့အရာတစ်ခုပါ။ Kendall လို စတိုင်မျိုးအတွက်ဆိုရင်ြူဖေနမ တစ် ထည်နဲ့အတူ အနက်ရောင် Skinny Jeans တစ်ထည်ရှိတာနဲ့တင် အဆင် ပြေနေပါပြီ။
source: now