What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စကတ်လှလှလေးတွေကို ဖက်ရှင်ကျကျ ဘယ်လိုဖန်တီးမလဲ..

ဘောင်းဘီရှည်တွေရဲ့ လွှမ်းမိုးမှုကြောင့် အလွယ်တကူ ကောက်စွပ်လို့ ရတဲ့ စကတ်တွေရဲ့တန်ဖိုးကို ကျွန်မတို့ အားလုံးမေ့မေ့လျော့လျော့ ဖြစ်နေတတ်ကြပါတယ်။ မိန်းကလေးတိုင်းနီးပါးရဲ့ ပါးစပ်ဖျားမှာ 'မိန်းမဆန်တာ မကြိုက်ဘူး' ဆိုတဲ့ စကားတစ်ခွန်းကြောင့် သင့် စကတ်လှလှလေးတွေကို ချောင်များ ထိုးထားမိနေပြီလား။

စကတ်တစ်ထည်က မိန်းကလေးတွေအတွက် မိန်းမ မဆန်ချင်တဲ့အချိန်တွေနဲ့ မိန်းမဆန်ဆန် ချစ်စရာကောင်းချင်တဲ့အချိန်တွေမှာပါ အကူအညီပေးတယ်ဆိုတာကို သိအောင် ပြောပြပေးချင်ပါတယ်။ မိန်းကလေးတွေ အတွက် အရမ်းတန်ဖိုးရှိတဲ့ ဖက်ရှင် ပစ္စည်းတစ်ခုဖြစ်တဲ့ စကတ်လေးတွေကို ဖက်ရှင်ကျကျ ဝတ်နိုင်ဖို့ နည်းလမ်းတွေက ဘာတွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

 

Midi_Skirt

Dotted Pleated Midi Skirt


Midi Skirt ဆိုတာ ဒူးခေါင်း ဖုံးတဲ့ထိ အရှည်ရှိတဲ့စကတ် ဖြစ်ပြီး ပိန်သူ အတွက်ဖြစ်ဖြစ် ဝသူအတွက်ပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေပါတယ်။အရောင်ဗြောင်ကနေ စလို့ ပွင့်ရိုက်တွေနဲ့ အစင်းကြားတွေ ပါတဲ့ Midi Skirt တွေကို လူငယ်ဆန် ချင်တဲ့အခါမျိုးမှာ တီရှပ်၊ ရှပ်နဲ့ ဆွယ်တာ ပါးလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ကြည့်လိုက်ပါ။ Midi Skirt လေးတွေရဲ့ အားသာချက်က သင့်ရဲ့ ထသွားထလာဖက်ရှင်ကို အားဖြည့်ပေးမှာဖြစ်သလို ညနေခင်း ပွဲတက်တဲ့အချိန်မျိုးတွေမှာလည်း သင့်ကို လှလှပပလေး ဖြစ်နေစေမှာပါ။

 

Denim_Skirt

Notched Waist Pocket Patch Denim Skirt | SHEIN USA


90's ဖက်ရှင်တွေ ပြန်လည် ခေတ်စားလာတဲ့ အခုအချိန်မှာ Denim Skirt တစ်ထည်ကလည်း မရှိမဖြစ်ပေါ့။ Skinny Jeans တွေချည်းပဲ ဝတ်ရတာ အရမ်းပျင်းဖို့ကောင်းတယ်မဟုတ်လား။ တစ်ခါတလေလောက် Denim Skirt တစ်ထည်နဲ့ အင်္ကျီ တွေကို တွဲဝတ်ကြည့်လိုက်ပါ။ အပေါ်က Oversized Bomber Jacket တွေ၊ Jean Jacket တွေ၊ Blazer တွေကို ထပ်ဝတ်လိုက်တော့ သင် အမိုက်ဆုံးဖြစ်သွားပြီပေါ့။

 

Pencil_Skirt

Picture Of gorgeous and girlish pencil skirt outfits for work 22


လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ဖက်ရှင်ကျဖို့အတွက် Pencil Skirt တွေက တကယ် အထောက်အကူဖြစ်စေပါတယ်။ Pencil Skirt တွေကို လူကြီး ဆန်တယ်ဆိုပြီး ရှောင်မသွားစေချင်ပါဘူး။ သင်ဟာ ခန္ဓာကိုယ်လှတဲ့သူဆိုရင် Pencil Skirt တစ်ထည်လောက်တော့ ရှိသင့်ပြီး သင့်ရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးကို ပြသဖို့အတွက် အကူအညီပေးမယ့် စကတ်ပုံစံမျိုးလည်း ဖြစ်ပါတယ်။

 

Skater_Skirt

20 Style Tips On How To Wear Skater Skirts | Skater skirt outfit, Trending  outfits, Outfits for teens


နောက်တမျိုးကတော့ Skater Skirt လှလှလေးတွေပဲ ဖြစ်ပါတယ်။ တီရှပ်ပွပွကြီးတွေ၊ ရှပ်ပွပွကြီးတွေကို အောက်က Skater Skirt လေးတွေနဲ့တွဲဝတ်ပြီး အထက်တန်း ကျောင်းသူလေးအသွင် ရယူလိုက်ပါ။ မိန်းကလေးဆန်ဆန် တည်ငြိမ်သူတွေကတော့ Crop Top နဲ့ ကိုယ်ကျပ် အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး ချစ်စရာ ကောင်းတဲ့ပုံစံလေး ဖမ်းလိုက်ပေါ့။

Myanmar Textile & Garment Guide
source: now

Read 1175 times
Rate this item
(0 votes)