What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ဝတ်စားဆင်ယင်နေထိုင်သင့်သလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ဝတ်စားဆင်ယင်နေထိုင်သင့်သလဲ google

အားလုံးပဲ မင်္ဂလာပါနော်။ ဒီနေ့မှာတော့ ဒီဇိုင်နာ နန်းကြေးမုံဌေးလွင် ပြောပြတဲ့ Fashion Tips လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

သူပြောပြတဲ့အကြောင်းအရာကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ဝတ်စားဆင်ယင်နေထိုင်သင့်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။

(၁) ရာသီဥတုအလိုက် သင့်တော်အောင် ဝတ်စားဆင်ယင်ရပါမယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် ရာသီဥတုအလိုက် သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုလေးတွေ ရှိသင့်ပါတယ်။ ဥပမာ- နွေရာသီမှာဆိုရင် ပေါ့ပေါ့ပါးပါးလေးတွေ၊ အခုခေတ်ကောင်မလေးတွေ ဝတ်သလို ဂါဝန်လေးတွေ၊ အဖြူရောင်ချည်သားလေးတွေ အဲ့လိုမျိုးဝတ်စားသင့်ပါတယ်။ အဲ့ဒါမှ ပူတဲ့ရာသီဥတုဒဏ်ကို ခံစားရတာ သက်သာမှာ ဖြစ်ပါတယ်။

နွေရာသီရဲ့ အပူဒဏ်ကို အံတုပြီး လှလှပပ နေနိုင်ဖို့ ဘာတွေ ဝတ်ရမလဲ

(၂) ရုံးဝန်ထမ်းတွေအတွက် သက်တောင့်သက်သာ ဖြစ်စေဖို့ ဘယ်လို အဝတ်အစားမျိုးကို ရွေးချယ်ပြီး ဝတ်သင့်သလဲ?
ရုံးတက်ရတဲ့ ပျိုမေလေးတွေကတော့ အရမ်း Fitting ဖြစ်တဲ့ အဝတ်အစားတွေ၊ အရမ်းကျပ်တဲ့ မြန်မာအင်္ကျီတွေ မဝတ်ဆင်သင့်ပါဘူး။ အဲ့လိုအဝတ်အစားတွေက သင့်ကို စိတ်ကျဉ်းကျပ်စေပြီး ပူလောင်တဲ့ ခံစားမှုကို ရရှိစေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ မြန်မာဝတ်စုံကိုမှ ဝတ်ချင်တယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းမကျပ်တဲ့ ချည်ထည်ဝမ်းဆက်ကလေးတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်နော်။

ပုံတုံးတုံး အဝတ်အစားအဟောင်းတွေကို အလန်းစားဒီဇိုင်း ဖန်တီးကြည့်ရအောင်

(၃) မိမိကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ဘယ်လိုအဝတ်အစားမျိုးကို ရွေးချယ်သင့်သလဲ?
ချည်သားလေးတွေ၊ ဂါဝန်လေးတွေ၊ အဖြူရောင် ပေါ့ပေါ့ပါးပါးလေးတွေကတော့ နေပူထဲသွားတဲ့အခါမှာလဲ အဆင်ပြေတဲ့အတွက် အဲ့လိုအဝတ်အစားလေးတွေကိုပဲ Recommended ပေးချင်ပါတယ်ရှင်။

အခုကတော့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဘယ်လို ဝတ်စားဆင်ယင်သင့်သလဲ ဆိုတာကို ပြောပြသွားတာ ဖြစ်ပြီးတော့ နောက်နေ့တွေကျရင်လဲ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဘယ်လိုကဏ္ဍတွေ ပြောပြပေးမလဲ ဆိုတာ စောင့်ကြည့်ပေးကြပါအုံးနော်။

Source: LADY's Room

Myanmar Textile and Garment Directory

Read 1153 times
Rate this item
(1 Vote)
Tagged under