What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်းနာလောက ၏ ဖခင် Charles Frederick Worth

ဒီဇိုင်းနာလောက ၏ ဖခင် Charles Frederick Worth Google

ဒီတစ်ခေါက်မှာတောTextile ပရိတ်သတ်ကြီး အတွက် ဖက်ရှင်တွေရဲ့ နတ်ဘုရား သို့မဟုတ် ဒီဇိုင်းနာလောကရဲ့ ဖခင်လို့ တင်စားရလောက်တဲ့ ဒီဇိုင်းနာကြီး Charles Frederick Worth ရဲ့ အကြောင်းပဲဖြစ်ပါတယ်။

Charles Frederick Worth ကိုတော့ ၁၈၂၅ အောက်တိုဘာ ၁၃ ရက်နေ့တွင် အင်္ဂလန်နိုင်ငံတွင်မွေးဖွားခဲ့သည်။ ငယ်စဉ်က ပရင့်ဆိုင်တွင် အတင်းဓမ္မစေခိုင်းခြင်းကိုခံခဲ့ ရပြီး တစ်နှစ်အကြာတွင် လန်ဒန်မြို့ရှိစတိုးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့ပါတယ်။

ထိုစတိုးဆိုင်တွင် ခုနှစ်နှစ်ခန့် အလုပ်လုပ်ပြီးနောက် ဗြိတိန် အထည်အလိပ် ဆိုင်တစ်ဆိုင်ဖြစ်သည့် Lewis & Allenby က အလုပ်ခန့်ခဲ့သည်။ ၁၈၅၀ နောက်ပိုင်းတွင် ဝါသနာပါရာ ဖက်ရှင်ဒီဇိုင်းတွေ ဖန်တီးသည့် အလုပ်ကိုလုပ်ကိုင်ခဲ့ သည်။

ဆယ်စုနှစ်အတွင်းသူရဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ အလွန်ဝယ်လိုအားများခဲ့ပြီး နိုင်ငံတကာ ကအသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ထူးခြားချက်မှာ သူ၏ဖန်တီးမှုလက်ရာအများစုသည်လက်ချုပ်ဖြစ်သည်။


နောက်ပိုင်းတွင် ကိုယ်ပိုင် ဖက်ရှင် ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်သည်အထိအောင်မြင်ခဲ့သည်။

Worth ဟာအသက် ၆၉ နှစ်အရွယ်မှာတော့ အဆုတ်ရောင် ရောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။


Worth ဟာဖက်ရှင်ဒီဇိုင်းနာတွေရဲ့ အမှတ်တံဆိပ် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

သူရဲ့ဖန်တီးမှုလက်ရာတွေကိုတော့ လန်ဒန် ၊ ဗစ်တိုရီးယားနှင့် အဲဘတ်တို့တွင် ထားရှိထားပြီး Metropolitan အနုပညာပြတိုက်တွင် သူ၏ ဖန်တီး မှု လက်ရာများကိုမှတ်တမ်းတင်ထားပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 









hha1

 

hha2

 

hha3

 

hha4

 

Myanmar Textile and Garment Directory

သူတို့လို လှပစွာ ချုပ်ဖို့ ဖက်ရှင်ဒီဇိုင်နာတွေကို သိချင်တယ်ဆိုရင်တော့ဒါလေးကို နှိပ်လိုက်ပါနော်

Read 1077 times
Rate this item
(0 votes)
Tagged under