What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆီးခ်ဳိေရာဂါရွင္ အမ်ဳိးသမီးမ်ားအတြက္ အလန္းစား ၀တ္စုံေတြကုိ အထူးျပဳ ထုတ္လုပ္ခဲ့သူ ဒီဇုိင္းဆရာမ နာတာလီ ေဘာလ္မိန္း

Zawgyi version

ယူေကမွ အ၀တ္အစားဒီဇုိင္းဆရာမ နာတာလီ ေဘာလ္မိန္းက Type 1 Clothing ဆုိတဲ့ brand ျဖင့္ type 1 အမ်ဳိးအစား ဆီးခ်ဳိေရာဂါရွင္ အမ်ဳိးသမီးမ်ားအတြက္ အလန္းစား ၀တ္စုံေတြကုိ အထူးျပဳ ထုတ္လုပ္ခဲ့ရာ ေအာင္ျမင္သြားခဲ့ပါတယ္။ ကုိယ့္ေစတနာ ကုိယ့္ကုိယ္ အက်ဳိးေပးတယ္လုိ႔ ဆုိရပါမယ္။

‘‘type 1 အမ်ဳိးအစား ဆီးခ်ဳိကုိ လူသိမ်ားေပမဲ့ ေရာဂါရွင္ရဲ႕ ဒုကၡကုိေတာ့ နားလည္တဲ့သူ အေတာ္နည္းပါတယ္။ ဆီးခ်ဳိေရာဂါရွင္ေတြ  ျဖတ္သန္းေနရတဲ့ အေျခအေနေတြကုိ Type 1 Clothing က သတိမူမိေစမွာပါ။

တကယ့္ကုိ တစ္ေန႔တာရဲ႕ ကိစၥအျဖစ္ ေန႔စဥ္ေန႔တုိင္း ႀကံဳေနရတာပါ။ ဒါေပမဲ့ ဆီးခ်ဳိ ေရာဂါရွင္က ဘာမ်ား ေျပာလုိ႔ရမွာလဲ’’ လုိ႔ု နာတာလီ ေဘာလ္မိန္းက ေျပာျပခဲ့ပါတယ္။ သူမ ကုိယ္တုိင္ကလည္း ဆီးခ်ဳိ Type 1 ေရာဂါရွင္တစ္ဦးျဖစ္ၿပီးသူမ အသက္ ၂၀ မွာ ဆီးခ်ဳိ ရွိေနၿပီလုိ႔ သိခဲ့ရပါတယ္။

ဆီးခ်ဳိ Type 1 ဟာ ပန္းခရိယကုိ အင္ဆူလင္ အနည္းငယ္သာ ထုတ္လုပ္ေအာင္ ျပဳထားတဲ့အျပင္ လုံး၀ မထုတ္ေအာင္ ျပဳတာမ်ဳိးလည္း ရွိပါတယ္။

အင္ဆူလင္ဟာ ဟုိမုန္းတစ္မ်ဳိးျဖစ္ၿပီး စီးဆင္းေနတဲ့ေသြးထဲကေန ဆဲလ္ေတြဆီကုိ ဂလူးကုိ႔စ္ ထုတ္ယူေပးဖုိ႔ ေစခုိင္းတဲ့ ဟုိမုန္းျဖစ္ၿပီး ရလာတဲ့ ဂလူးကုိ႔စ္ျဖင့္ ဆဲလ္ေတြက စြမ္းအင္ ထုတ္ယူၾကတာ ျဖစ္ပါတယ္။

ယခုအခါမွာ ဆီးခ်ဳိ Type 1 ကုိ ေပ်ာက္ကင္းေအာင္ ကုသေပးႏုိင္တဲ့နည္း မရွိေသးပါဘူး။

title

ဒီေတာ့ လုိအပ္ေနတဲ့ အင္ဆူလင္ကုိ ရဖုိ႔ နည္းလမ္းအမ်ဳိးမ်ဳိးုျဖင့္ လုပ္ကုိင္ေပးၾကရပါတယ္။

တစ္နည္းက အင္ဆူလင္ ထုိးသြင္းေပးတဲ့ ပန္႔ကုိ ျပြန္ပုိက္ျဖင့္ ေသြးေၾကာနဲ႔ ဆက္ေပးထားၿပီး အဲဒီပန္႔ကိရိယာကုိ ဆီးခ်ဳိ Type 1 ေရာဂါရွင္ရဲ႕ ကုိယ္ခႏၶာေပၚမွာ အခ်ိန္ျပည့္ သယ္ေဆာင္ထားၾကရပါတယ္။

ပန္႔ကိရိယာက အင္ဆူလင္ကုိ အခ်ိန္တန္တုိင္း အလုိအေလ်ာက္ ေသြးေၾကာထဲကုိ ထုိးသြင္းေပးပါတယ္။

ေနာက္တစ္နည္းကေတာ့ ဆီးခ်ဳိ Type 1 ေရာဂါရွင္က ေဆးထုိးအပ္ျဖင့္ ကုိယ့္ဘာသာကုိယ္ ေသြးေၾကာထဲကုိ အင္ဆူလင္ ထုိးထည့္ေပးတာကုိ ေန႔တုိင္း အႀကိမ္ႀကိမ္ လုပ္ေပးရတာ ျဖစ္ပါတယ္။

ေပါင္၊ တင္ပါး တုိ႔မွာ ေဆးထုိးၾကပါတယ္။

harness jumpsuit

အဲဒီအတြက္ အလြယ္တကူ ဖယ္ရွားႏုိင္မယ့္ အ၀တ္အစားမ်ဳိးကုိ ေရြးခ်ယ္ ၀တ္ဆင္ၾကရပါတယ္။

လူၾကားသူၾကားမွာ ေဆးထုိးခ်ိန္ က်ေရာက္တဲ့အခါ ၀တ္ဆင္ထားတဲ့ အ၀တ္အစားက ခၽြတ္လုိက္မွ ေဆးထုိးဖုိ႔ အဆင္ေျပမယ္ဆုိရင္ လူမျမင္သာတဲ့ အိမ္သာထဲကုိ သြားၿပီး ေဆးထုိးဖုိ႔ လုပ္ရတဲ့ဒုကၡက မေသးပါဘူး။

အဲဒီဒုကၡကုိ ေျဖရွင္းေပးဖို႔ Type 1 Clothing ဆုိတာကုိ ေဘာလ္မိန္းက ဖက္ရွင္ဒီဇုိင္း ထုတ္ခဲ့တာ ျဖစ္ပါတယ္။

‘‘စားေသာက္ဆုိင္ စားပြဲမွာ ထုိင္ေနရင္း ေဆးထုိးရမယ္ဆုိရင္ ဇစ္ပုန္းကုိ ဆြဲဖြင့္ၿပီး ေဆးထုိးအပ္ျဖင့္ ထုိးလုိက္႐ုံပဲ။ ေဘာင္းဘီရွည္ကုိ ခၽြတ္ေနဖုိ႔ မလုိေတာ့ဘူး’’ လုိ႔ ေဘာလ္မိန္းက ရွင္းျပပါတယ္။

ေဘာလ္မိန္းရဲ႕ Type 1 Clothing ေတြ ေအာင္ျမင္မႈ ရရွိခဲ့ပါတယ္။ ရလာတဲ့ အျမတ္ရဲ႕ ၅ ရာခုိင္ႏႈန္းကုိ ဆီးခ်ဳိသုေတသန လုပ္ငန္းေတြအတြက္ ေဘာလ္မိန္းက အလွဴေငြ ထည့္၀င္ပါတယ္။

skinny fit jeans

ေဘာလ္မိန္းဟာ ေအာင္ျမင္မႈကုိ လြယ္လြယ္နဲ႔ ရခဲ့တာ မဟုတ္ဘူး။ မိမိဘာသာ အိပ္စုိက္ထုတ္ၿပီး အကုန္အက်ခံကာ ဒီဇုိင္းေတြ ထုတ္၊ အ၀တ္အစားေတြ ခ်ဳပ္ခဲ့ရတာ ႏွစ္ႏွစ္ ၾကာျမင့္ခဲ့ပါတယ္။ ‘‘က်မ လုပ္ေနတဲ့အေပၚ ခံယူခ်က္သာ မရွိခဲ့ရင္ လက္ေျမႇာက္အ႐ႈံးေပးျဖစ္ခဲ့မွာ အႀကိမ္ႀကိမ္ပဲ’’ လုိ႔ သူမက ေျပာျပပါတယ္။ 

unicode version

ယူကေမှ အဝတ်အစားဒီဇိုင်းဆရာမ နာတာလီ ဘောလ်မိန်းက Type 1 Clothing ဆိုတဲ့ brand ဖြင့် type 1 အမျိုးအစား ဆီးချိုရောဂါရှင် အမျိုးသမီးများအတွက် အလန်းစား ဝတ်စုံတွေကို အထူးပြု ထုတ်လုပ်ခဲ့ရာ အောင်မြင်သွားခဲ့ပါတယ်။ ကိုယ့်စေတနာ ကိုယ့်ကိုယ် အကျိုးပေးတယ်လို့ ဆိုရပါမယ်။

''type 1 အမျိုးအစား ဆီးချိုကို လူသိများပေမဲ့ ရောဂါရှင်ရဲ့ ဒုက္ခကိုတော့ နားလည်တဲ့သူ အတော်နည်းပါတယ်။ ဆီးချိုရောဂါရှင်တွေ ဖြတ်သန်းနေရတဲ့ အခြေအနေတွေကို Type 1 Clothing က သတိမူမိစေမှာပါ။ တကယ့်ကို တစ်နေ့တာရဲ့ ကိစ္စအဖြစ် နေ့စဉ်နေ့တိုင်း ကြုံနေရတာပါ။ ဒါပေမဲ့ ဆီးချို ရောဂါရှင်က ဘာများ ပြောလို့ရမှာလဲဒဒ လို့ နာတာလီ ဘောလ်မိန်းက ပြောပြခဲ့ပါတယ်။ သူမ ကိုယ်တိုင်ကလည်း ဆီးချို Type 1 ရောဂါရှင်တစ်ဦးဖြစ်ပြီး

သူမ အသက် ၂၀ မှာ ဆီးချို ရှိနပြေီလို့ သိခဲ့ရပါတယ်။

ဆီးချို Type 1 ဟာ ပန်းခရိယကို အင်ဆူလင် အနည်းငယ်သာ ထုတ်လုပ်အောင် ပြုထားတဲ့အပြင် လုံးဝ မထုတ်အောင် ပြုတာမျိုးလည်း ရှိပါတယ်။ အင်ဆူလင်ဟာ ဟိုမုန်းတစ်မျိုးဖြစ်ပြီး စီးဆင်းနေတဲ့သွေးထဲကနေ ဆဲလ်တွေဆီကို ဂလူးကို့စ် ထုတ်ယူပေးဖို့ စေခိုင်းတဲ့ ဟိုမုန်းဖြစ်ပြီး ရလာတဲ့ ဂလူးကို့စ်ဖြင့် ဆဲလ်တွေက စွမ်းအင် ထုတ်ယူကြတာ ဖြစ်ပါတယ်။

ယခုအခါမှာ ဆီးချို Type 1 ကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့နည်း မရှိသေးပါဘူး။ ဒီတော့ လိုအပ်နေတဲ့ အင်ဆူလင်ကို ရဖို့ နည်းလမ်းအမျိုးမျိုးုဖြင့် လုပ်ကိုင်ပေးကြရပါတယ်။ တစ်နည်းက အင်ဆူလင် ထိုးသွင်းပေးတဲ့ ပန့်ကို ပြွန်ပိုက်ဖြင့် သွေးကြောနဲ့ ဆက်ပေးထားပြီး အဲဒီပန့်ကိရိယာကို ဆီးချို Type 1 ရောဂါရှင်ရဲ့ ကိုယ်ခန္ဓာပေါ်မှာ အချိန်ပြည့် သယ်ဆောင်ထားကြရပါတယ်။ ပန့်ကိရိယာက အင်ဆူလင်ကို အချိန်တန်တိုင်း အလိုအလျောက် သွေးကြောထဲကို ထိုးသွင်းပေးပါတယ်။ နောက်တစ်နည်းကတော့ ဆီးချို Type 1 ရောဂါရှင်က ဆေးထိုးအပ်ဖြင့် ကိုယ့်ဘာသာကိုယ် သွေးကြောထဲကို အင်ဆူလင် ထိုးထည့်ပေးတာကို နေ့တိုင်း အကြိမ်ကြိမ် လုပ်ပေးရတာ ဖြစ်ပါတယ်။ ပေါင်။ တင်ပါး တို့မှာ ဆေးထိုးကြပါတယ်။ အဲဒီအတွက် အလွယ်တကူ ဖယ်ရှားနိုင်မယ့် အဝတ်အစားမျိုးကို ရွေးချယ် ဝတ်ဆင်ကြရပါတယ်။ လူကြားသူကြားမှာ ဆေးထိုးချိန် ကျရောက်တဲ့အခါ ဝတ်ဆင်ထားတဲ့ အဝတ်အစားက ချွတ်လိုက်မှ ဆေးထိုးဖို့ အဆင်ပြေမယ်ဆိုရင် လူမမြင်သာတဲ့ အိမ်သာထဲကို သွားပြီး ဆေးထိုးဖို့ လုပ်ရတဲ့ဒုက္ခက မသေးပါဘူး။ အဲဒီဒုက္ခကို ဖြေရှင်းပေးဖို့ Type 1 Clothing ဆိုတာကို ဘောလ်မိန်းက ဖက်ရှင်ဒီဇိုင်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

‘‘စားသောက်ဆိုင် စားပွဲမှာ ထိုင်နေရင်း ဆေးထိုးရမယ်ဆိုရင် ဇစ်ပုန်းကို ဆွဲဖွင့်ပြီး ဆေးထိုးအပ်ဖြင့် ထိုးလိုက်ရုံပဲ။ ဘောင်းဘီရှည်ကို ချွတ်နေဖို့ မလိုတော့ဘူး’’ လို့ ဘောလ်မိန်းက ရှင်းပြပါတယ်။

ဘောလ်မိန်းရဲ့ Type 1 Clothing တွေ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ရလာတဲ့ အမြတ်ရဲ့ ၅ ရာခိုင်နှုန်းကို ဆီးချိုသုတေသန လုပ်ငန်းတွေအတွက် ဘောလ်မိန်းက အလှူငွေ ထည့်ဝင်ပါတယ်။

ဘောလ်မိန်းဟာ အောင်မြင်မှုကို လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူး။ မိမိဘာသာ အိပ်စိုက်ထုတ်ပြီး အကုန်အကျခံကာ ဒီဇိုင်းတွေ ထုတ်၊ အဝတ်အစားတွေ ချုပ်ခဲ့ရတာ နှစ်နှစ် ကြာမြင့်ခဲ့ပါတယ်။ "ကျမ လုပ်နေတဲ့အပေါ် ခံယူချက်သာ မရှိခဲ့ရင် လက်မြှောက်အရှုံးပေးဖြစ်ခဲ့မှာ အကြိမ်ကြိမ်ပဲ" လို့ သူမက ပြောပြပါတယ်။

Read 1288 times
Rate this item
(0 votes)