What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ​တွေးအ​ခေါ်​​ကောင်းရမယ်​ ​စေတနာ​ကောင်းရမယ်​ ​ထောင့်​​စေ့​အောင်​စဉ်းစားပီးလုပ်​ရင်းနဲ့တ​နေ့ဒီဇိုင်​နာ​ကောင်းတ​ယောက်​ဖြစ်​လာမှာပါလို့ဆိုသူ ဒီဇိုင်နာကေသရာနွယ်

ဒီဇိုင်းလှလှလေးတွေချုပ် ရတာဝါသနာပါတာကြောင့် ဒီဇိုင်းလောကထဲဝင်ရောက်လာပြီးသူရဲ့ ဒီဇိုင်းလေးတွေကလဲလှလဲလှမိုက်မိုက်လဲမိုက်တာကြောင့် ဒီဇိုင်နာ ကေသရာနွယ်ကို ဒီဇိုင်းနာလုပ်ငန်းများနှင့်ပတ်သတ်ပြီးမေးမြန်းဖြစ်တာကတော့……………

-ဒီဇိုင်နာလောကမှာရပ်တည်လာတာဘယ်လောက်ကြာပီလဲ။

၂၀၁၃ကဆိုတော့၎တော့ရှိပါပီ။

-ဒီဇိုင်နာအလုပ်ကိုဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။

အမဝါသနာနဲ့ထပ်တူကြလို့လုပ်ခဲ့တာပါ။ကိုယ်လုပ်ချင်တဲ့ဒီဇိုင်းကမော်လ်ဒယ်နဲ့လဲရုပ်လုံးကြွနေရမယ်ဆိုတဲ့စိတ်နဲ့တော့ပုံဖော်ဖြစ်ပါတယ်

999884 3144905758929 434352879 n

-ဒီဇိုင်းတွေဆန်းသစ်အောင်ဘယ်လိုလေ့လာဖြစ်လဲ။

အများဆုံးကတော့ Online တို့youtube တို့ကလေ့လာဖြစ်ပါတယ်

- အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ။

မိသားစုတွေ ရဲ့အားပေးမှာနဲ့ ကိုယ်ကိုယ်တိုင်အားတင်းပီးကျော်ဖြတ်ခဲ့ရပါတယ် အမှတ်တရတွေတော့အများကြီးပေါ့။

22016474 10203560440848974 1602509812 n

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာတွေလိုအပ်မယ်ထင်လဲ။

တွေးအခေါ်​​ကောင်းရမယ် စေတနာကောင်းရမယ် ထောင်စေ့အောင်စဉ်းစားပီးလုပ်ရင်းနဲ့တနေ့ဒီဇိုင်နာကောင်းတယောက်ဖြစ်လာမှာပါ။

-ဘယ်လိုဒီဇိုင်းတွေကိုထွင်ရတာ ပိုသဘောကျလဲ။

ရှိုးပွဲတွေမှာ လျှာက်တဲ့ပေါ့ပေါ့ပါးပါးအလွင့်ဒီဇိုင်လေးတွေလုပ်ရတာပိုကြိုက်ပါတယ်​။

22052408 10203560440928976 809911746 n

-ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မျာအားရကျေနပ်မှုရှိရဲ့လား။

ရှိပါတယ်။ အမပြိုင်ပွဲတုန်းက ဒီဇိုင်တွေတော်​​တော်များများကိုအားရခဲ့ပါတယ်အဲ့လိုကိုယ့်ဒီဇိုင်ပေါ်မှာယုံကြည်မှာရအောင်လဲသေချာစဉ်းစားပီးမှလုပ်ခဲ့တာပါ။

-ဆိုင်ရောဖွင့်ထားလား။သင်တန်းတွေဖွင့်ထားရင်ပြောပေးပါဦး။

ဆိုင်တော့ဖွင့်ထားပါတယ်။အမှတ်၁၆၇(၂)လမ်းယမုံနာ (၂)ရပ်ကွက် ဒေါပုံမြို့နယ်၀၉၉၇၂၁၃၇၃၀၅

သင်တန်တော့မဖွင့်ထားပါဘူး။

22093354 10203560440568967 1146160301 n

-မျိုးဆက်သစ်ဒီဇိုင်နာတွေကိုအကြံပေးစကားလေးပြောပေးပါဦး။

အခု ဒီဇိုင်နာမောင်​​လေးညမလေးတွေက အရမ်တော်ကြပါတယ။် ဘာလုပ်လုပ် အခုလက်ရှိလုပ်​​နေတာကိုသာ အားသွန်ခွန်စိုက်လုပ်ပါ တ​​နေ့အောင်မြင်မှုဆိုတာ ကိုယ့်ဆီရောက်လာမှာပါ။

-ဒီဝါကျွတ်မှာရော သတို့သမီးလေးတွေအတွက် ဘယ်အရောင်ကခေတ်စားမလဲ။

လူငယ်သတို့သမီးလေးတွေအကြိုက်ဆိုရင်​​တော့ဗေဒါရောင်​​လေးတွေခေတ်စားနေပါတယ်။

-အမရော သတို့သမီးလေးတွေတွက် ဘယ်လိုဒီဇိုင်းတွေချုပ်ပေးဖြစ်နေလဲ။

ညမအမဆီမှာတော့ဆွမ်ကျွေးပုံစံဝတ်မဲ့သတို့သမီးလူငယ်​​လေးတွေဆိုတော့ ကျက်ရေရှိပီးယဉ်တဲ့ပုံစံလေးတွေများပါတယ်

Read 1347 times
Rate this item
(0 votes)