What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂြာေပး

ZAWGYI+UNICODE

အဆုိေတာ္ ရီဟာနား Metropolitan Museum of Art Costume Institute Gala 2015 သုိ႔ စာ၀ါငွက္ အ၀ါေရာင္ ၀တ္စုံကုိ ဆင္ျမန္းၿပီး ေရာက္လာသည္။

ရွည္ရွည္လ်ားလ်ား ရွိေသာ ၀တ္႐ုံ၀ါသည္ တ႐ုတ္မိဖုရား နန္းတြင္းအ၀တ္အစားကုိ အေျခခံထားၿပီး အလြန္အကၽြံေတြ ျဖစ္ေနသည္။ ေကာ္ေဇာနီ အျပည့္ခင္းထားေသာ ေလွကားတစ္ခုလုံးနီးပါးကုိ ၀တ္႐ုံရွည္က ဖုံးလႊမ္းသြားသည္အထိ အလြန္အကၽြံ ရွည္လ်ားေနသည္။ အံ့ဖြယ္လိလိ ၀တ္႐ုံ၀ါေၾကာင့္ ဖက္ရွင္ေလာကတစ္ခုလုံး ပါး၀ပ္အေဟာင္းသား ျဖစ္ကုန္သည္။ ဟုိးေလးတေက်ာ္ သတင္းျဖစ္သြားသည္။

arts entertainment

ထုိ၀တ္႐ုံ၀ါကုိ ဖန္တီးသူမွာ တ႐ုတ္ႏုိင္ငံမွ အမ်ဳိးသမီး ဒီဇုိင္နာ ဂြာေပး Guo Pei ျဖစ္သည္။ ထုိနာမည္ကုိ အေနာက္တုိင္းတြင္ မၾကားဖူးၾကေခ်။ သုိ႔ေသာ္ တ႐ုတ္ျပည္တြင္ နာမည္အခုိင္အမာ ရထားၿပီးၿပီ ျဖစ္သည့္ ထိပ္တန္း ဒီဇုိင္းဆရာမတစ္ဦး ျဖစ္သည္။ သူမ၏ စတူဒီယုိသည္ ဘီဂ်င္းၿမိဳ႕ေတာ္ ဆင္ေျခဖုံးတြင္ တည္ရွိသည္။ သူမတြင္ ၿခိဳးၿခံေခၽြတာဖုိ႔အတြက္ အ႐ုိးမပါေခ်။ အလြန္အကၽြံေတြ ဒီဇုိင္းလုပ္ဖုိ႔သာ ၾကြက္သားမ်ား သန္စြမ္းေနသည္။ ဘယ္သူဘာေျပာေျပာ သူမက လြန္ကၽြံဖုိ႔ စိတ္ပုိင္းျဖတ္ထားၿပီးသား ျဖစ္သည္။ သူမကုိယ္တုိင္မွာမူ ခပ္လွ်ဳိလွ်ဳိသာ ေနသည္။ စကားေျပာ ညင္သာသည္။ ႏွစ္လုိစရာ အၿပံဳးကုိ ၿပဳံးထားတတ္သူလည္း ျဖစ္သည္။း သူမ၏ Rose Studio သည္ စက္မႈဇုန္ထဲမွာ တည္ရွိသည္။ အနီးအနာမွာ အႏုအလွ တစ္ခုမွ မရွိ။ သို႔ေသာ္ Rose Studio ၏ အ၀င္တံခါးကုိ ဖြင့္ၿပီး ၀င္လုိက္သည္ႏွင့္ အျခားေလာကတစ္ခုထဲသုိ႔ ေရာက္သြားမည္။ အေရာင္အမ်ဳိးမ်ဳိး၊ ေရႊေရာင္ကြပ္ ေၾကးမုံမ်ားထဲ ေတြ႕ေနရမည္။ က်ားသားေရကုိ ၾကမ္းျပင္မွာ ခင္းထားသည္။ မ်က္ႏွာၾကက္မွာ ငွက္ေလွာင္အိမ္ကုိ တန္းလန္းဆြဲထားသည္။

ဂြာေပးသည္ ႐ႈပ္ေထြးခက္ခဲေသာ ၀တ္စုံတုိ႔ကုိ တခမ္းတနား ဖန္တီးသည္။ ၀တ္႐ုံသားေပၚ ပန္းအလွထုိးျခင္း၊ ပုတီးလုံးမ်ား အလွဆင္ရျခင္းတုိ႔ကုိ စိတ္တုိင္းက်သည္အထိ လုပ္ကုိင္ရသည္မွာ တစ္ႏွစ္၀န္းက်င္ၾကာသည္။ အထူးအမွာျဖင့္ မွာၾကားမွ ရႏုိင္မည္။ ေဈးမွာ အနည္းဆုံး ကန္ေဒၚလာ ငါးေသာင္းေက်ာ္ ျဖစ္သည္။ 

‘‘အင္မတန္ ေၾကာ့ရွင္းၿပီး တပ္မက္ဖြယ္ေကာင္းတဲ့ ၀တ္႐ုံရွည္မ်ဳိးကုိ က်မ ႀကိဳက္တယ္။ ဂႏၴ၀င္ေျမာက္ရမယ္။ အရြယ္ႀကီးမားေပမဲ့ အေသးစိတ္ျခယ္မႈန္းထားတာေတြ တစ္ပုံတစ္ပင္ ပါ၀င္ေပါင္းစပ္ေပးထားရမယ္’’
စိတ္ကူးစိတ္သန္းတုိ႔ကုိ မည္သည့္ေနရာမွ ရသနည္း။ ‘‘က်မဟာ က်မ ဖန္တီးတဲ့ အ၀တ္အစားရဲ႕ စာေရးသူတစ္ဦးလုိ က်မ ျဖစ္ေနရမယ္။ ခ်စ္ၾကည္ႏူးစရာဇာတ္လမ္းတစ္ပုဒ္ကုိ က်မ ေရးသားတယ္။ ဒ႑ာရီလာ ပုံျပင္တစ္ပုဒ္ေပါ့။ စိတ္ကူးေတြ ရယူတဲ့ပင္ရင္းေတြက အမ်ားႀကီးပဲ။ ႐ုပ္ရွင္ထဲက သတုိ႔သမီး၀တ္စုံဆီကလည္း ရတယ္။ ဘ၀ရဲ႕ အဓိပၸာယ္၊ ဘ၀ရဲ႕ အဖုိးထုိက္တန္ပုံကုိ ေဖာ္က်ဴးတဲ့ ႐ုပ္ရွင္ေတြ ၾကည့္ၿပီးေတာ့လည္း စိတ္ကူးေတြ ရတယ္။ ႏြား႐ုိင္းသတ္ပြဲမွ ၀တ္စုံကုိ ၾကည့္ၿပီးေတာ့လည္း စိတ္ကူးရတယ္။ ပါရီၿမိဳ႕ကုိ က်မေရာက္ေတာ့ နပုိလီယံ ျပတုိက္ကုိ သြားၾကည့္တယ္။ နပုိလီယံရဲ႕ ၀တ္စားဆင္ယင္ပုံေတြကလည္း စိတ္ကူးေတြ ရတယ္’’
သူမထံ ဖက္ရွင္ထည္ အလုပ္အပ္ႏွံသူမ်ားတြင္ နာမည္ႀကီးမ်ားလည္း ပါ၀င္သည္။

GuoPei dress li bing bing

တ႐ုတ္႐ုပ္ရွင္မင္းသမီး လီဘင္းဘင္းသည္

သူမ၏ ေဖာက္သည္တစ္ဦးျဖစ္သည္။

နန္းဆန္ျခင္းႏွင့္ ေခတ္ဆန္ျခင္းတုိ႔ကုိ ေပါင္းစည္းေပးထားေသာ ၀တ္စုံမ်ဳိးကုိ

ဂြာေပး ဖန္တီးေပးဖူးသည္။

 

Zhang Ziyi in Greece 2 240x300
ေနာက္ထပ္ နာမည္ႀကီးတစ္ေယာက္မွာ တ႐ုတ္႐ုပ္ရွင္မင္းသမီး ဂ်န္းဇီအိျဖစ္သည္။

ဂရိႏုိင္ငံ အုိလံပစ္ မီး႐ွဳဴးတုိင္ကုိ ဂ်န္းဇီအိ မီးထြန္းညိႇရာတြင္ ဂြာေပး ဒီဇုိင္းထုတ္ေပးသည့္ ၀တ္စုံကုိ

ဆင္ျမန္းခဲ့သည္။

ဂြာေပး၏ ၀တ္စုံကုိ ၀တ္ဆင္သူမ်ားစာရင္းတြင္ ကာမင္ဒဲလာ အုိရအီခ်င္Carmen Dell’Orefice ကုိ ခ်န္ထား၍ မရေခ်။

သူမသည္ အီတလီလူမ်ဳိး အေမရိကန္ေမာ္ဒယ္ႏွင့္ ႐ုပ္ရွင္မင္းသမီးႀကီး ျဖစ္ၿပီး ကမ႓ာေပၚတြင္ အသက္အႀကီးဆုံး ေမာ္ဒယ္ျဖစ္သည္။

အသက္ ၈၅ ႏွစ္ရွိၿပီျဖစ္ၿပီး ဂြာေပး၏ ဖက္ရွင္အတြက္ ေမာ္ဒယ္လုပ္ေပးခဲ့သည္။

ကာမင္ဒဲလာ အုိရအီခ်င္သည္ နယူးေယာက္မွ လာေရာက္ၿပီး ေမာ္ဒယ္လုပ္ေပးခဲ့ရာ၌ ၀တ္ဆင္ရသည့္ ဖက္ရွင္တြင္

ဂြာေပးက အလြန္အကၽြံ လုပ္ထားျပန္သည္။

၀တ္စုံႀကီး၌ ရတနာစီျခယ္ထားရာ ေလးလံလြန္းလွသျဖင့္ အမ်ဳိးသားႏွစ္ဦးက ကုိယ္ရံေတာ္အျဖစ္ ၀ဲယာၿခံရံၿပီး

၀တ္စုံေဘးသားမ်ားကုိ သယ္ပုိးေပးခဲ့ၾကရသည္ဟူ၏။

 

geuopeigownimage6 580x357

 

UNICODE

ဂွာပေး
=====
အဆိုတော် ရီဟာနား Metropolitan Museum of Art Costume Institute Gala 2015 သို့ စာဝါငှက် အဝါရောင် ဝတ်စုံကို ဆင်မြန်းပြီး ရောက်လာသည်။ ရှည်ရှည်လျားလျား ရှိသော ဝတ်ရုံဝါသည် တရုတ်မိဖုရား နန်းတွင်းအဝတ်အစားကို အခြေခံထားပြီး အလွန်အကျွံတွေ ဖြစ်နေသည်။ ကော်ဇောနီ အပြည့်ခင်းထားသော လှေကားတစ်ခုလုံးနီးပါးကို ဝတ်ရုံရှည်က ဖုံးလွှမ်းသွားသည်အထိ အလွန်အကျွံ ရှည်လျားနေသည်။ အံ့ဖွယ်လိလိ ဝတ်ရုံဝါကြောင့် ဖက်ရှင်လောကတစ်ခုလုံး ပါးဝပ်အဟောင်းသား ဖြစ်ကုန်သည်။ ဟိုးလေးတကျော် သတင်းဖြစ်သွားသည်။

ထိုဝတ်ရုံဝါကို ဖန်တီးသူမှာ တရုတ်နိုင်ငံမှ အမျိုးသမီး ဒီဇိုင်နာ ဂွာပေး Guo Pei ဖြစ်သည်။ ထိုနာမည်ကို အနောက်တိုင်းတွင် မကြားဖူးကြချေ။ သို့သော် တရုတ်ပြည်တွင် နာမည်အခိုင်အမာ ရထားပြီးပြီ ဖြစ်သည့် ထိပ်တန်း ဒီဇိုင်းဆရာမတစ်ဦး ဖြစ်သည်။ သူမ၏ စတူဒီယိုသည် ဘီဂျင်းမြို့တော် ဆင်ခြေဖုံးတွင် တည်ရှိသည်။ သူမတွင် ခြိုးခြံချွေတာဖို့အတွက် အရိုးမပါချေ။ အလွန်အကျွံတွေ ဒီဇိုင်းလုပ်ဖို့သာ ကြွက်သားများ သန်စွမ်းနေသည်။ ဘယ်သူဘာပြောပြော သူမက လွန်ကျွံဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။ သူမကိုယ်တိုင်မှာမူ ခပ်လျှိုလျှိုသာ နေသည်။ စကားပြော ညင်သာသည်။ နှစ်လိုစရာ အပြုံးကို ပြုံးထားတတ်သူလည်း ဖြစ်သည်။း သူမ၏ Rose Studio သည် စက်မှုဇုန်ထဲမှာ တည်ရှိသည်။ အနီးအနာမှာ အနုအလှ တစ်ခုမှ မရှိ။ သို့သော် Rose Studio၏ အဝင်တံခါးကို ဖွင့်ပြီး ဝင်လိုက်သည်နှင့် အခြားလောကတစ်ခုထဲသို့ ရောက်သွားမည်။ အရောင်အမျိုးမျိုး၊ ရွှေရောင်ကွပ် ကြေးမုံများထဲ တွေ့နေရမည်။ ကျားသားရေကို ကြမ်းပြင်မှာ ခင်းထားသည်။ မျက်နှာကြက်မှာ ငှက်လှောင်အိမ်ကို တန်းလန်းဆွဲထားသည်။

ဂွာပေးသည် ရှုပ်ထွေးခက်ခဲသော ဝတ်စုံတို့ကို တခမ်းတနား ဖန်တီးသည်။ ဝတ်ရုံသားပေါ် ပန်းအလှထိုးခြင်း၊ ပုတီးလုံးများ အလှဆင်ရခြင်းတို့ကို စိတ်တိုင်းကျသည်အထိ လုပ်ကိုင်ရသည်မှာ တစ်နှစ်ဝန်းကျင်ကြာသည်။ အထူးအမှာဖြင့် မှာကြားမှ ရနိုင်မည်။ ဈေးမှာ အနည်းဆုံး ကန်ဒေါ်လာ ငါးသောင်းကျော် ဖြစ်သည်။
‘‘အင်မတန် ကြော့ရှင်းပြီး တပ်မက်ဖွယ်ကောင်းတဲ့ ဝတ်ရုံရှည်မျိုးကို ကျမ ကြိုက်တယ်။ ဂန္ထဝင်မြောက်ရမယ်။ အရွယ်ကြီးမားပေမဲ့ အသေးစိတ်ခြယ်မှုန်းထားတာတွေ တစ်ပုံတစ်ပင် ပါဝင်ပေါင်းစပ်ပေးထားရမယ်’’
စိတ်ကူးစိတ်သန်းတို့ကို မည်သည့်နေရာမှ ရသနည်း။ ''ကျမဟာ ကျမ ဖန်တီးတဲ့ အဝတ်အစားရဲ့ စာရေးသူတစ်ဦးလို ကျမ ဖြစ်နေရမယ်။ ချစ်ကြည်နူးစရာဇာတ်လမ်းတစ်ပုဒ်ကို ကျမ ရေးသားတယ်။ ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်ပေါ့။ စိတ်ကူးတွေ ရယူတဲ့ပင်ရင်းတွေက အများကြီးပဲ။ ရုပ်ရှင်ထဲက သတို့သမီးဝတ်စုံဆီကလည်း ရတယ်။ ဘဝရဲ့ အဓိပ္ပါယ်၊ ဘဝရဲ့ အဖိုးထိုက်တန်ပုံကို ဖော်ကျူးတဲ့ ရုပ်ရှင်တွေ ကြည့်ပြီးတော့လည်း စိတ်ကူးတွေ ရတယ်။ နွားရိုင်းသတ်ပွဲမှ ဝတ်စုံကို ကြည့်ပြီးတော့လည်း စိတ်ကူးရတယ်။ ပါရီမြို့ကို ကျမရောက်တော့ နပိုလီယံ ပြတိုက်ကို သွားကြည့်တယ်။ နပိုလီယံရဲ့ ဝတ်စားဆင်ယင်ပုံတွေကလည်း စိတ်ကူးတွေ ရတယ်''
သူမထံ ဖက်ရှင်ထည် အလုပ်အပ်နှံသူများတွင် နာမည်ကြီးများလည်း ပါဝင်သည်။ တရုတ်ရုပ်ရှင်မင်းသမီး လီဘင်းဘင်းသည် သူမ၏ ဖောက်သည်တစ်ဦးဖြစ်သည်။ နန်းဆန်ခြင်းနှင့် ခေတ်ဆန်ခြင်းတို့ကို ပေါင်းစည်းပေးထားသော ဝတ်စုံမျိုးကို ဂွာပေး ဖန်တီးပေးဖူးသည်။
နောက်ထပ် နာမည်ကြီးတစ်ယောက်မှာ တရုတ်ရုပ်ရှင်မင်းသမီး ဂျန်းဇီအိဖြစ်သည်။ ဂရိနိုင်ငံ အိုလံပစ် မီးရှုူးတိုင်ကို ဂျန်းဇီအိ မီးထွန်းညှိရာတွင် ဂွာပေး ဒီဇိုင်းထုတ်ပေးသည့် ဝတ်စုံကို ဆင်မြန်းခဲ့သည်။

ဂွာပေး၏ ဝတ်စုံကို ဝတ်ဆင်သူများစာရင်းတွင် ကာမင်ဒဲလာ အိုရအီချင်Carmen Dell’Orefice ကို ချန်ထား၍ မရချေ။ သူမသည် အီတလီလူမျိုး အမေရိကန်မော်ဒယ်နှင့် ရုပ်ရှင်မင်းသမီးကြီး ဖြစ်ပြီး ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး မော်ဒယ်ဖြစ်သည်။ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ဂွာပေး၏ ဖက်ရှင်အတွက် မော်ဒယ်လုပ်ပေးခဲ့သည်။ ကာမင်ဒဲလာ အိုရအီချင်သည် နယူးယောက်မှ လာရောက်ပြီး မော်ဒယ်လုပ်ပေးခဲ့ရာ၌ ဝတ်ဆင်ရသည် ဖက်ရှင်တွင် ဂွာပေးက အလွန်အကျွံ လုပ်ထားပြန်သည်။ ဝတ်စုံကြီး၌ ရတနာစီခြယ်ထားရာ လေးလံလွန်းလှသဖြင့် အမျိုးသားနှစ်ဦးက ကိုယ်ရံတော်အဖြစ် ဝဲယာခြံရံပြီး ဝတ်စုံဘေးသားများကို သယ်ပိုးပေးခဲ့ကြရသည်ဟူ၏။

Read 1202 times
Rate this item
(0 votes)