What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကတော့ စိတ်ဓါတ်ခိုင်မာပြီးတော့ ကြိုးစားချင်စိတ်ရှိရမယ်လို့ဆိုသူ ဒီဇိုင်နာကျော်ထက်အောင်

ဒီဇိုင်းမိုက်မိုက်တွေကိုတီထွင်တတ်ပြီး ချုပ်ရင်လဲသေသပ်လှပတဲ့ ဒီဇိုင်းရတဲ့ ဒီဇိုင်နာကျော်ထက်အောင်ကို ဒီဇိုင်နာလုပ်ငန်းများနှင့်ပတ်ပြီးမေးမြန်းထားကတော့.........

-ဒီဇိုင်နာ လောကမှာ ရပ်တည်လာခဲ့တာ ဘယ်လောက် ကြာပြီလဲ။

ဒီဇိုင်နာ လောကမှာရပ်တည်လာခဲ့တာကတော့ ငယ်ငယ်လေးကတည်းက လုပ်ခဲ့တယ်။

ဒါပေမယ့် ထဲထဲဝင်ဝင်လုပ်ဖြစ်တာကတော့ ၂ နှစ်လောက်တော့ရှိပါပြီ။

-ဒီဇိုင်နာ အလုပ်ကို ဘာကြောင့် လုပ်ဖြစ်ခဲ့တာလဲ။

ဒီဇိုင်နာ အလုပ်ကို ဘာကြောင့်လုပ်ဖြစ်တာလဲဆိုတော့ ငယ်ငယ်ကတည်းက ၀ါသနာလည်းပါတယ် မေမေကလည်း စက်ချုပ်တာဆိုတော့ မေမေ့ကိုလုပ်ကူရင်းကနေ လုပ်ဖြစ်သွားတာပါ။ လူတွေကို အလှဆင်တဲ့ အရာတွေကတော့ အများကြီးရှိတဲ့အထဲက အ၀တ်အစား ဒီဇိုင်းကလည်း အရေးကြီးတယ်လေ အဲ့ဒါကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။

22471692 1583276981728406 557011646 n22472344 1583277011728403 1735383335 n

-၀တ်စုံတွေ ဖန်တီးတဲ့အခါ ဘယ်လို စိတ်ကူးနဲ့ပုံဖေါ်ဖြစ်လဲ။

ဝတ်စုံတွေကို ဖန်တီးတဲ့အချိန်ဆို စိတ်အေးအေးထားပြီး စာရွက်ပေါ်မှာ စိတ်ကူးနဲ့ အရင် ပုံဖေါ်ဆွဲတယ်

ကြိုက်ပြီဆိုမှ ဘာအရောင်နဲ့ သုံးသင့်သလဲဆိုတာကတော့ ကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ ပဲဖန်တီးဖြစ်တာ များတယ်

-ဒီဇိုင်းတွေ ဆန်းသစ်အောင် ဘယ်လိုလေ့လာလဲ။

ဒီဇိုင်းတွေ ဆန်းသစ်အောင် တော့ Pinterestတွေလေ့လာတယ်၊ ပြည်တွင်းပြည်ပမှာရှိတဲ့ Fashion Design တွေကိုလေ့လာတယ် ပြီးရင် Senior များရဲ့ ဒီဇိုင်းများကို လေ့လာတယ် ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအရောင်လေးတွေကို လေ့လာဖြစ်တယ်။

 22472568 1583276738395097 1182318705 n22471302 1583276951728409 1307705601 n

-အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ။

အခက်အခဲကတော့ နေရာတိုင်းမှာရှိကြပါတယ် ကျွန်တော်ကတော့ အခက်အခဲ ဆိုတာကို ကျွန်တော့ရဲ့ လိုအပ်ချက်လို့ပဲ သဘောထားပြီး ကျော်ဖြတ်ခဲ့တာပါ။

-ဒီဇိုင်နာ ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်မယ်ထင်လဲ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပါလို့ အရင်ပြောချင်ပါတယ်။ ဒီဇိုင်နာ ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကတော့ စိတ်ဓါတ်ခိုင်မာပြီးတော့ ကြိုးစားချင်စိတ်ရှိရမယ်။

22501038 1583279818394789 1587444031 n22472462 1583279981728106 1797616669 n

-ဘယ်လို ဒီဇိုင်းတွေကို ထွင်ရတာ ပိုသဘောကျလဲ။

ကျွန်တော်ကတော့ မြန်မာဝတ်စုံတွေကို အခြေခံယူပြီး အနောက်တိုင်း dress နဲ့ ပေါင်းစပ်ပြီး ဆန်းသစ်အောင် ကိုယ်ပိုင်စိတ်ကူးနဲ့ ဖန်တီးဖြစ်တယ်။ ဒီဇိုင်နာဆိုတော့ အမြဲတမ်း ဆန်းသစ်လှပတဲ့ ဒီဇိုင်းတွေကို မိမိစိတ်ကြိုက် ဖန်တီးပေးရတာကို သဘောကျတယ်

-ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မှာ အားရကျေနပ်မှုရှိရဲ့လား။

ဟုတ်ကဲ့ ကျွန်တော်က ဘယ်အရာမဆို ယုံကြည်မှုနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တဲ့အတွက် ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မှာ အားရကျေနပ်မှုရှိတယ်။

-ဆိုင်ရောဖွင့်ထားသေးလား။ သင်တန်းတွေဖွင့်ထားရင်ပြောပေးပါဦး။

ဟုတ်ကဲ့ ဆိုင်အနေနဲ့ကတော့ ရန်ကုန်မှာကော မန္တလေးမှာကော ဖွင့်ထားတယ်။ သင်တန်းအနေနဲ့ ကတော့ Basic Course, Advance Course နဲ့  Professional Course ဆိုပြီး (၃)မျိုး ဖွင့်လှစ်ထားပါတယ်။

DESIGNER KYAW HTET AUNG

Basic Course

      Blouse မြန်မာဝတ်စုံ

      Skirt အမျိုးမျိုး

      အခြေခံ Corset တစ်မျိုး

Advance Course

      မြန်မာ ပွဲတတ်ဝတ်စုံ

      ထိုင်မသိမ်း

      လက် Pattern အမျိုးမျိုး

      Corset ရင်ခံအမျိုးမျိုး

      အခြေခံ ဂါဝန် Pattern

Professional Course

      Fashion Illustration

      မြန်မာ ထိုင်မသိမ်း

      Corset ရင်ခံ အမျိုးမျိုး

      Pattern Magic

      Drapping

      Evening Grown

      TR Cutting

Address : No.65 (A) , Aung Mingalar Street, Kyauk Myaung Township, Yangon.

Ph. 09-772713288 , 09-450022057

 22547480 1583280035061434 890723389 n22471332 1583277581728346 1237161695 n

-မျိုးဆက်သစ် ဒီဇိုင်နာတွေကို အကြံပေးစကား လေးပြောပေးပါဦး။

မျိုးဆက်သစ် ဒီဇိုင်နာတွေကို အကြံပေးချင်တာက ဘယ်လိုအခက်အခဲပဲရှိရှိ စိတ်ဓါတ်မကျပဲ ကြိုးစားကြပါလို့

ကြိုးစားမှုရဲ့နောက်ကွယ်မှာ အောင်မြင်မှုဆိုတာ အမြဲရှိနေမှာပါ ။

Read 1861 times
Rate this item
(0 votes)