What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်​နာ​ကောင်းတ​ယောက်​ဖြစ်​ဖို့ design ဟာအ​ရေးကြီးဆုံးပါပဲ ကိုယ့်​ဒီဇိုင်း ကို​ပေါ်လွင်​​အောင်​ ပြတတ်​ဖို့အ​ရေးပြီးပါတယ်ဆိုတဲ့ ဒီဇိုင်နာပုံ့ဟေခင်

ဒီဇိုင်းမိုက်မိုက်လေးတွေချုပ်တတ်သလို ချစ်စရာကောင်းတဲ့ ၀တ်စုံလေးတွေ လေးတေါပါချုပ်တတ်တဲ့ ဒီဇိုင်နာပုံဟေခင်ကို ဒီဇိုင်နာပုံဟေခင်ကို မေးမြန်းထားပါတယ်။ 

Q ဒီဇိုင်နာလောကမှာရည်တည်လာခဲ့တာ ဘယ်လောက်ကြာပီလဲ?

3 နှစ်လောက်တော့ရှိပါပီ။

Q ဒီဇိုင်အလုပ်ကိုယ်ဘာကြောင့်လုပ်ဖြစ်သွားတာလဲ?

-ဒီအလုပ်ကကိုယ်အရမ်းဝါသနာပါတဲ့အလုပ်လည်းဖြစ်တယ် စိတ်ကူးတွေကိုပုံဖော်လို့ရတဲ့အလုပ်ဖြစ်​​နေလို့ပါ။

25394071 2009366432679230 1638692851 n

Q ၀တ်စုံတွေဖန်တီးတဲ့အခါဘယ်လို့စိတ်ကူးတွေနဲ့ပုံဖော်ဖန်တီးဖြစ်ခဲ့လဲ?

-ဝတ်စုံဖန်တီးတဲ့အခါမှာ ဝတ်စုံကိုလိုက်စုံဝတ်မဲ့သူရဲ့အချိုးးအစား သူပွဲတက်မဲ့အချိန် နေရာ အားလုံးကိုထည့်စဉ်းစားပြီးစိတ်ကူးယဉ်ရပါတယ် ကိုယ့်တကယ်ကြိုက်တာကတော့ အမိုက်စား ကိုယ်​​ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေ ကိုအသွင်​​ပြောင်းပြီးဒီးဇိုင်းထုပ်ရတာပိုသဘောကျတယ်

Q ဒီဇိုင်းတွေဆန်းသစ်အောင်ဘယ်လို့လေ့လာလဲ?

-ဒီဇိုင်းဆန်းသစ်​​အောင်နိုင်ငံတကာ fashion trendsတွေကို အမြဲလေ့လာပါတယ် ပြီးတော့colourတွေဘယ်လို့ကစားကြသလဲဆိုတာ အမြဲလေ့လာပါတယ်

Q အခက်အခဲတွေရှိရင်။

-အခက်အခဲတွေကအများကြီးပါပဲ making လုပ်တဲ့အပိုင်းကို အတွင်းကျကျလေ့လာခဲ့လို့ designပိုင်းမှာနောက်ကျခဲ့ရတယ်

25359740 2009362136012993 2065001643 n

Q ဒီဇိုင်းနာကောင်းတစ်ယောက်ဖြစ်လာမှာဖို့ ဘာတွေလိုအပ်မလဲ?

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ design ဟာအရေးကြီးဆုံးပါပဲ ကိုယ့်ဒီဇိုင်း ကိုပေါ်လွင်​​အောင် ပြတတ်ဖို့အရေးပြီးပါတယ် နောက်တခု က fashion လောကနဲ့အဆက်ပြတ်လို့မရပါဘူး အမြဲလေ့လာနေရပါတယ်

Q ဘယ်လိုဒီဇိုင်တွေထွင်ရတာပိုသဘောကျသလဲ။

ဘယ်လိုဒီဇိုင်တွေထွင်ရတာပိုသဘောကျသလဲဆိုတော့ ကိုယ်ထွင်တဲ့ဝတ်စုံဟာ ဝတ်တဲ့သူရဲ့ကိုယ်​​ပေါ်မှာခန်းနားထည်ဝါစေမဲ့ designမျိုးကို ပိုကြိုက်တယ်ကိုယ့်ထွင်လိုက်တဲ့ဒီဇိုင်းကို အားမရသေးပါဘူး ကိုယ်လုပ်ချင်တဲ့design တွေကိုလုပ်ခွင့်မရသေးလို့ပါ လုပ်ခွင့်ရတဲ့တနေ့ ချ ပြလို့ရအောင်လို့စုထားပါတယ် အမြဲ ဝတ်မဲ့သူရဲ့စိတ်ကိုပဲဦးစားပေးခဲ့ရလို့ပါ။

25359753 2009366449345895 400891880 n

Q သင်တန်းကျောင်းဖွင့်ထားတာရှိရင်ပြောပြပေးပါဦး။

ဆိုင်က အမှတ်(၁၁)မှန်ဝေလမ်မြေညီ ၊ဈေးကွေ့မှတ်တိုင် ရန်ကင်းစင်တာအနီး မှာဖွင့်ထားပါတယ် သင်တန်းလဲဖွင့်ထားပါတယ် စနစ်တကျသင်​​ပေးပါတယ်

Q ဒီဇိုင်းနာဖြစ်ချင်တဲ့လူငယ်တွေအတွက်လည်း အကြံပေးပါအုံး?

မျိုးဆက်သစ်ဒီဇိုင်နာတွေကိုပြောချင်တာကတော့ ဒီခေတ်မှာ အခွင့်အလမ်တွေရော သင်ယူစရာတွေရော အများကြီးပါလို့ ကိုယ်designerဖြစ်ချင်ရင် အားမလျော့ပဲ ကြိုးစားပါလို့ အားပေးချင်ပါတယ်

Read 1482 times
Rate this item
(1 Vote)