What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ကမ္ဘာလုံးမှာ တစ်ဦးတည်းသာရှိတဲ့ အပ်ချုပ်စက် ပန်းချီဆရာ

တစ်ကမ္ဘာလုံးမှာ တစ်ဦးတည်းသာရှိတဲ့ အပ်ချုပ်စက် ပန်းချီဆရာ google

Arun Kumar Bajaj ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အပ်ချုပ်စက်နဲ့ပန်းချီဆွဲနိုင်တဲ့ တစ်ဦးတည်းသော သူပဲဖြစ်ပါတယ်။

သူ့ကို ၁၉၈၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာမွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ပန်ဂျပ်ပြည်နယ် အရှေ့တောင်ဘက် မှာရှိတဲ့ Patiala မှာ နေထိုင် တာပဲဖြစ်ပါတယ်။

Arun ကငယ်စဉ်တည်းက ပန်းချီဆရာဖြစ်ချင်ခဲ့သော်လည်း မိသားစုစားဝတ်နေရေးကြောင့် မိသားစုစီးပွားရေးဖြစ်တဲ့ စက်ချုပ်ခြင်းကိုသာလုပ်ကိုင်ခဲ့ရသည်။

Read: လူတိုင်း ငေးကြည့်နေရမယ့် သင်္ကြန်ဖက်ရှင်လေးတွေ

သို့သော်သူကဇွဲမလျှော့ပဲ သူ့မိသားစုစားဝတ်နေရေးလဲ မပျက်ရ သူ့ရဲ့ဝါသနာလည်းအကောင်အထည်ဖော်ရသည့်နည်းလမ်းကို နှစ်ပေါင်းများစွာကြိုးအကောင်အထည်ဖော်ခဲ့ရပါတယ်။

အပ်ချုပ်စက်နဲ့ ပန်းချီဆွဲဖို့ဆိုတာ လွယ်ကူရိုးရှင်းလှတဲ့ကိစ္စတော့မဟုတ်ပါဘူး။

အစပိုင်းမှာ Arun က အခက်အခဲမျိုးစုံကိုကျော်လွှားပြီး ပိတ်စများပေါ်တွင် အပ်ချုပ်စက်ဖြင့် အသေးစိတ်ပုံဖော်ပန်းချီဆွဲနိုင်သည့် တစ်ကမ္ဘာလုံးမှာတစ်ဦးတည်းသော စက်ချုပ်ပန်းချီဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။

သူရဲ့လက်ရာတွေက ပြောင်မြောက်လွန်းလှသဖြင့် အပ်ချုပ်စက်ဖြင့် ပန်းချီပုံဖော်ထားသည်ဟုမထင်ရပဲ အနီးကပ်ကြည့်မှသာ အသေးစိတ်ပုံဖော်ထားသည့် အပ်ချုပ်စက်ပန်းချီကို တွေ့ရမှာပဲဖြစ်ပါတယ်။

သူဟာအပ်ချုပ်စက်ပန်းချီဆရာအဖြစ်နဲ့ Shaheed Bhagat Singh, Jesus Christ, Guru Gobind Singh, Lord Krishna, Mother Teresa, ၀န်ကြီးချုပ်Narendra Modi နှင့် ကာကွယ်ရေးဦးစီးချုပ် Parkash Singh Badal တို့ရဲ့ ပုံတူတွေကိုလည်း ဆွဲခဲ့ပါတယ်။

Arun ရဲ့ ပြောင်မြောက်လှသောလက်ရာများထဲတွင် ၄ ပေ ၆ပေ ပိတ်စပေါ်တွင် အချိန် ၃ နှစ်ကြာယူပြီး အပ်ချည်ပေါင်းမြောက်များစွာအသုံးပြုချုပ်လုပ်ခဲ့တဲ့ Lord Krishna ရဲ့ပုံတူကို အိန္ဒိယနိုင်ငံရဲ့ Unique World Records မှာ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီ ၄ ရက်နေ့က မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။

Arun ဟာဆိုရင် သူရဲ့ ၀ါသနာနဲ့ အသက်မွေးကြောင်းလုပ်ငန်းကို ပေါင်းစပ်လုပ်ကိုင်ပြီး တစ်ဦးတည်းသော အပ်ချုပ်စက်ပန်းချီဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Read 4779 times
Rate this item
(3 votes)
Tagged under