What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ က အဓိက က ဗီဇ 80%ပါပီး 20% ကတော့ စူးစမ်းလေ့လာမှူ သင်ယူမှုပါလို့ဆိုသူ ဒီဇိုင်နာနန်းရည်ခိုင်ထွန်း

ဒီဇိုင်းလှလှမိုက်မိုက်လေးတွေကို ချုပ်တတ်သူ ဒီဇိုင်နာ နန်းရည်ခိုင်ထွန်းကို ဒီဇိုင်းလောကထဲဝင်ရောက်လာပုံနဲ့ ဒီဇိုင်းအကြောင်းများမေးမြန်းထားပါတယ်။ 

-အမဒီဇိုင်နာလောကမှာရပ်တည်လာခဲ့တာဘယ်လောက်ကြပြီလဲ။

ဒီလောကထဲ ရောက်လာတာက 2001ကစပီး ဒီပညာသင်ယူခဲ့တာပေါ့
2004 ခုနှစ်မှာ ကိုယ်ပိုင်ဆိုင်လေး စဖွင့်တယ် လက်မနည်းနဲ့ပေါ့ 2007 ရောက်တော့ escort brand မှာ စပီး fashion designer ဝင်လုပ်ပါတယ်
2010မှာ DoZo မှာသင်တန်းပြန်တက်တယ် ဒေါ်သီတာဝင်းနဲ့သင်ရပါတယ် escort ကထားပေးတာပါ သင်တန်းကတော့ သင်တန်းပီးတော့ escort မှာဘဲ head designer အနေနဲ့ ဆက်လုပ်ပါတယ်။

နောက်တော့ Vivala and Unique မှာ head designer အနေနဲ့ ပြန်လုပ်ပါတယ် အဲ့အချိန်အတွင်းမှာဘဲ Miss Myanmar World 2015 , 2016 မှာ ကျမဒီဇိုင်းတွေ sponsor ပေးခဲ့ပါသေးတယ်2015 ,2016 မှာတော့ ရွှေစင်အေးကုမ္ပဏီက Ivory brand မှာ head designer အနေနဲ့ ပေါ့ပြန်လုပ်ပါတယ်
2017 အစပိုင်းမှာတော့ ကျမ ကျန်းမာရေးအရ ဝန်ထမ်းဘဝက နားလိုက်ပါတယ် အခုတော့ ကိုယ်ပိုင် brand လေး စလုပ်နေပါပီ

-ဒီဇိုင်နာအလုပ်ကိုဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။
ဘာ့ကြောင့် လုပ်ဖြစ်လဲဆိုတော့ ကျမငယ်ကတည်းက ပုံဆွဲရတာပျော်တယ် အဲ့လိုဆွဲလာရင်းနဲ့ 7တန်း 8တန်း လောက်မှာ ကိုယ်ဆွဲတဲ့ဒီဇိုင်းကို အကောင်အထည်ဖေါ်ချင်လာတယ် စိတ်ရဲ့စွမ်းအားပေါ့ ကျမကိုဒီလောကထဲရောက်အောင်တွန်းပို့ခဲ့တယ်

-၀တ်စုံတွေဖန်တီးတဲ့အခါဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။
ဘယ်လိုစိတ်ကူး ပုံဖေါ်လဲဆိုတော့ ပွဲတက်ဝတ်စုံဆိုရင်ပေါ့ တက်ရောက်မည့်ပွဲ / အချိန်/နေရာ တွေကိုထည့်စဉ်းစားပီး ဖန်တီးရတာပေါ့ Brand အတွက်ဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှု /ရာသီဥတု/ နိုင်ငံရဲ့ ငွေကြေးအခြေအနေ/လူနေမှု အဆင့်အတန်း တွေ ထည့်စဉ်းစားရတာပေါ့


-အခက်အခဲတေါကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ။
အခက်အခဲတွေကိုပြောရမယ်ဆိုရင်တော့ စစချင်းတော့ ကျောင်းတစ်ဖက် အလုပ်တစ်ဖက် သင်တန်းတစ်ဖက်နဲ့ ဆိုတော့ တော်တော်လေး ကြိုးစားခဲ့ရတာပေါ့ သူများတွေလို ငွေကြေးမတတ်နိုင်တော့ မျက်နှာငယ်ရတာတွေ ရှိတာပေါ့ ကိုယ်ကဖြစ်ချင်စိတ် လုပ်ချင်စိတ်ပြင်းပြနေလို့လားမသိဘူးအလုပ်နဲ့ပတ်သက်သမျှကိုခက်ခဲ တယ် လို့ကိုမမြင်ခဲ့မိဘူး
21361115 1642200412518079 421721320 n

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာလိုအပ်မယ်ထင်လဲ။
ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ က အဓိက က ဗီဇ 80%ပါပီး 20% ကတော့ စူးစမ်းလေ့လာမှူ သင်ယူမှု ပေါ့ ကိုယ့်အလုပ်အပေါ် စိတ်စေတနာ အရင်းခံထားရမယ် ဘယ်အလုပ်မျိုးမဆိုပေါ့ စေတနာလေး ထည့်ပေးတော့ ပိုပြည့်စုံတာပေါ့ ကိုယ့်ရလဒ်ကလဲ ပီတိနဲ့ပိုကျေနပ်ရတာပေါ့


- ကိုယ်ထွင်လိုက်တဲ့ဒီဇိုင်းတွေပေေါ်မှာရော အားရကျေနပ်မှုရှိလား။
ကျမကတော့ စိတ်ခံစားချက်အတိုင်းဆွဲတာဆိုတော့လေ တခါတလေလဲအရမ်းဟော့တာမျိုးကိုလုပ်ဖြစ်တယ်။ဘယ်လိုဒီဇိုင်းမျိုးဘဲဖြစ်ဖြစ် ခံစားချက်ကိုလိုက်ပီးပုံဖေါ်တော့ လုပ်သမျှဒီဇိုင်းတိုင်းက သဘောကျစရာကြီးတွေ ဖြစ်နေတော့တာပေါ့ ။ကိုယ်ထွင်လိုက်တဲ့ဒီဇိုင်းတွေကို စိတ်ရောကိုယ်ရောနစ်ပီးလုပ်တော့ ထွက်လာတဲ့ဒီဇိုင်းတွေကို အားရကျေနပ်ပါတယ် ဝတ်တဲ့သူနေရာကနေ ကိုယ်ကအရင် feeling ခံစားတယ်ပေါ့ ကိုယ်တိုင်စိတ်ကျေနပ်မှ the end လုပ်ပါတယ်။

21361021 1642203789184408 423556535 n
-ဆိုင်ရောဖွင့်ထားသေးလား။သင်တန်းတွေရောဖွင့်ထားရင်ပြောပါဦး။
ဆိုင်ဖွင့်ထားပါတယ် ကိုယ်ပိုင် brand လေးတွေပါ ဈေးသက်သက်သာသာနဲ့ ဝတ်တဲ့သူလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှူရှိစေမဲ့ ဒီဇိုင်းလေးတွေပါ အရင်တုန်းကတော့သင်တန်းတွေပေးခဲ့ပါတယ် ခုလောလောဆယ် သင်တန်းခဏနားထားပါတယ် brand ဘက်ကို အားစိုက်ချင်လို့ပါ။

21396870 1642199135851540 1185386245 n

-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။
fashion အလုပ်ကတော့ ဝါသနာပါရင်တကယ်ရွေးချယ်ဖို့ကောင်းပါတယ်လူမှုအဆင့်အတန်းအနေနဲ့ကြည့်မယ် ဆိုရင် fashion ဟာလဲအဓိကအရေးပါတဲ့အရာပါဘဲလူငယ်တွေကိုအားပေးပါတယ် အသက်မွေး ဝမ်းကျောင်းတစ်ခုအနေနဲ့ ရွေးချယ်သင့်ပါတယ် ကြိုးစားကြပါလို့မိသားစု ဆင်းရဲချမ်းသာနဲ့ မဆိုင်ပါဘူး ကျမ 9 တန်း 10 တန်း အရွယ်တုန်းကဆိုရင် ဘေထုပ်တွေထဲက size ကြီးတွေကိုရွေးဝယ်ပီး ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းကိုပြန်ညှပ်ယူတာဘဲ ခြေနင်းစက်တောင်မဝယ်နိုင်လို့ လက်နဲ့ ချုပ်ခဲ့တာ ဖြစ်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ အရင်းတည်ခဲ့တာပါ ပြောချင်တာက တော့ ညီ ညီမလေးတို့ ကြိုးစားကြပါလို့ ကြိုးစားအားထုပ်မှု ပါရင် ပန်းတိုင်ကိုမြန်မြန်ရောက်မှာပါနော်။

Read 1346 times
Rate this item
(0 votes)