What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရာဖ် နဲ့ ရူစို သူတို့က ဘယ်သူတွေလဲ

Daily Mail Online သတင်းလုပ်ငန်းက ရက်ပိုင်းအတွင်း ထိမ်းမြားကြတော့မယ့် ဗြိတိန် ရွှေနန်းတော်မှ Prince Harry နဲ့ သတို့သမီး Meghan Markle တို့ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးဝတ်စုံကို ဗြိတိန်ဖက်ရှင်တိုက် Ralph & Russo မှ ဒီဇိုင်းထုတ် ချုပ်လုပ်တယ်လို့ ဖွလိုက်တယ်။ Ralph & Russo ကို မကြားဖူးတဲ့သူတွေ များနေတယ်။

လူသိများတဲ့ သက်တမ်းရင့် ဖက်ရှင်တိုက်တစ်ခုခုမှာ သတို့သမီးဝတ်စုံကို ချုပ်ခိုင်းမယ်လို့ ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတယ်။

ရာဖ် အင် ရူစို Ralph & Russo က ၂၀၀၇ ခုနှစ်မှ ထူထောင်တာဆိုတော့ သက်တမ်း ဆယ်စုနှစ် တစ်ခုပဲ ရှိသေးတယ်။

Couple2

ရာဖ် နဲ့ ရူစို
သူတို့က ဘယ်သူတွေလဲ
***************

Tamara Ralph နဲ့ Michael Russo နှစ်ဦးစလုံးဟာ သြစတေးနိုင်ငံမှ ဒီဇိုင်နာတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖက်ရှင်တိုက် Ralph & Russo တည်နေရာက လန်ဒန်မြို့ အထက်တန်းစားရပ်ကွက် မေဖဲမှာ ဖြစ်ပါတယ်။

ယူကေရဲ့ လူသိအများဆုံး ဖက်ရှင်တိုက်တွေဖြစ်တဲ့ Alexander McQueen, Vivienne Westwood, Roland Mouret , Jenny Packham တို့နဲ့ ခဲတစ်ပစ်စာပဲ ဝေးတယ်။

ဘတ်ကင်ဟန်ရွှေနန်းတော်နဲ့လည်း ခဲတစ်ပစ်စာပဲ ဝေးတယ်။

အပြိုင်အဆိုင်တွေကြားမှာ ဖက်ရှင်ဒီဇိုင်းထွင်ခြင်း အဆင့်အတန်းမီတဲ့ အင်္ဂလိပ် ဖက်ရှင်တိုက်ဆိုလို့ ရာဖ် အင် ရူစို ပဲ ရှိပါတယ်။
ဖက်ရှင်ဒီဇိုင်းထုတ်တာအစ ချုပ်ရိုးချုပ်သားအလယ် အ၀တ်အစားတစ်ထည်ပြုလုပ်ပြီးစီးခြင်း အဆုံးတို့ အားလုံးပါဝင်တဲ့ အုတ် ကုဒ်တုရာ Haute Couture ဆိုတဲ့ ပြင်သစ်စကားလုံးအဓိပ္ပာယ်ဖြင့် စံကို သတ်မှတ်ဖို့ စည်းကမ်းတွေအရ ဖက်ရှင်တိုက်တွေကို အကဲဖြတ်တဲ့အခါ သူတို့ရဲ့ စလယ်ဆုံး လုပ်ငန်းစဉ်၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု စတာတွေကို Chambre Syndicale de la Haute Couture က စေ့စေ့စပ်စပ် အကဲဖြတ်တယ်။ အဲဒီအတွက် ပါရီမြို့မှာ ဇန်န၀ါရီလနဲ့ ဇူလိုင်လတို့မှာ ဖက်ရှင်စုစည်းမှုတွေကို ပြသကြရတယ်။ Dior, Chanel, Valentino အစရှိတဲ့ ဖက်ရှင်တိုက်တွေနဲ့အတူ ပြသရပါတယ်။

design

နေရာရွေးချယ်ခြင်းနှင့် စတင်ခြင်း
*********************
ရာဖ် အင် ရူစိုဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အခုလို အဆင့်မီတဲ့ ဖက်ရှင်တိုက်အဖြစ်သို့ ရောက်ရှိခဲ့တယ်။ လုပ်ငန်းမှာ ခန့်ထားတဲ့ ဦးရေက Chanelယ Dior တို့ထက် ပိုများတယ်။ သူတို့က ပါရီမြို့ကို မရွေးချယ်ဘဲ လန်ဒန်မြို့ကို အခြေစိုက်ဖို့ ရွေးခဲ့ကြတယ်။

Tamara Ralph က အမှတ်တံဆိပ်ရဲ့ Creative Director အဖြစ် တာဝန်ယူထားတယ်။
အချုပ်အလုပ်ပညာသည်တွေကို ကြီးကြပ်တယ်။ Michael Russo ကတော့ အမှတ်တံဆိပ်ရဲ့ စီးပွားရေးအပိုင်းကို တာဝန်ယူထားတယ်။ သူတို့နှစ်ဦးက ဘ၀လက်တွဲဖော်တွေ ဖြစ်ကြသလို့ စီးပွားရေးလက်တွဲဖော်တွေလည်း ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးရဲ့ အမည်စာလုံးတွေပါတဲ့ Ralph & Russo အမှတ်တံဆိပ်ကို ပေါင် ရာဂဏန်း၊ အပ်ချုပ်စက်တစ်လုံးနဲ့ တာစထွက်ခဲ့ကြတယ်။

ဖက်ရှင်တိုက်မျိုးရိုး
***********
ရာဖ်က ဖက်ရှင်တိုက်မျိုးရိုးမှ ဆင်းသက်သူဖြစ်ပြီး သူက စတုတ္ထမြောက် မျိုးဆက် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နေထိုင်ခဲ့စဉ် ကလေးအရွယ်မှာ မြေးမကလေးရာဖ်က အဖွား အ၀တ်ချုပ်တာကို ထိုင်ကြည့်ခဲ့တယ်။ အမေက ပက်တန်တွေ ဖြတ်တာကိုလည်း သူ ထိုင်ကြည့်ခဲ့တယ်။

ဒီဇိုင်းထုတ်တာတွေ၊ ချုပ်လုပ်တာတွေကို သူ မြင်နေတွေ့နေရတယ်။ ရာဖ် အသက် ၁၅ နှစ်အရွယ်မှာ ဖက်ရှင်ထည်တွေ ချုပ်လုပ်နေပြီ။ သြစတေးလျနဲ့ ဥရောပတို့မှ ခေတ်ဆန်တဲ့ ကြေးရေတတ်အသိုင်းအ၀ိုင်းအတွက် ဖက်ရှင်ဒီဇိုင်းတွေ သူ ထုတ်ပေးတယ်။

ရူစိုနဲ့ ကံအားလျော်စွာ ဖူးစာဆုံခဲ့ကြတယ်။ ရာဖ်က လန်ဒန်မြို့ကို ခရီးတိုတစ်ခု သွားတော့ ကင်းလမ်းမဘေး လမ်းလျှောက်သွားနေတုန်း ရူစိုနဲ့ ၀င်တိုက်မိမလို ဖြစ်သွားတယ်။ အဲဒီမှာ စတွေ့တာပဲ။
အဲဒီတုန်းက ရူစိုက ငွေစိုက်တဲ့သူ။ သူက ရာဖ်ဆီကို လန်ဒန်လာဖို့ လေယာဉ်လက်မှတ်ပို့ပေးတယ်။ အလာလက်မှတ်ပဲ ပို့ပေးတယ်။ အပြန်လက်မှတ် မပါဘူး။ ရာဖ်ရောက်လာပြီးတဲ့နောက်မှာ သူတို့ လန်ဒန်မှာပဲ ဆက်လက်နေထိုင်ပြီး အလုပ်စလုပ်ခဲ့ကြတယ်။

သူတို့ အောင်မြင်သွားတယ်။ အကြီးအကျယ် တိုးတက်သွားတယ်။ သူတို့နှစ်ဦးကို Fortune က အသက် ၄၀ နှစ်အောက် အအောင်မြင်ဆုံး စီးပွားရေသမား ၄၀ ဦး စာရင်းမှာ ထည့်သွင်းခဲ့တယ်။ အပ်ထည်တွေကိုသာ လက်ခံပြီး ချုပ်ပေးတဲ့လုပ်ငန်းအဖြစ်မှ ယခုကမ္ဘာ့အမှတ်တံဆိပ်ဖက်ရှင်တိုက်တစ်ခုအဖြစ်သို့ ရောက်အောင် ကူးပြောင်းနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ စတိုးဆိုင် ၁၇ ဆိုင် ဖွင့်လှစ်တယ်။ အသင့်ချုပ်ပြီး ဖက်ရှင်စုစည်းမှု အ၀တ်အစားတွေ စတင်ထုတ်လုပ်ရောင်းချတယ်။
သူတို့ရဲ့ ဖက်ရှင်တိုက်က တော်ဝင်သူတွေ၊ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သူတွေရဲ့ သတို့သမီးတွေအတွက် ၀တ်စုံတွေ ချုပ်ပေးတယ်။

making

Ralph & Russo ဖက်ရှင်တိုက်ရဲ့ ဖောက်သည်တွေထဲမှာ ngelina Jolie, Brie Larson, Bella Hadid, Gwyneth Paltrow, Jennifer Lopez, Kate Bosworth တို့ ပါဝင်တယ်။ အခုဆိုရင် Meghan Markle လည်း အပါအ၀င် ဖြစ်ပါတယ်။

 

အောက်ပါ link မှာ စိတ်ဝင်စားစရာ သတို့သမီးဝတ်စုံအကြောင်း ဖတ်ရှုနိုင်ပါတယ်

Ralph & Russo သတို့သမီး ၀တ်စုံ SS16

http://www.textiledirectory.com.mm/articles/item/984-ralph-russo-ss16.html

 

Ralph and Russo wedding dress 1332075

Read 1868 times
Rate this item
(1 Vote)