What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူတိုင်း ငေးကြည့်နေရမယ့် သင်္ကြန်ဖက်ရှင်လေးတွေ

လူတိုင်း ငေးကြည့်နေရမယ့် သင်္ကြန်ဖက်ရှင်လေးတွေ google

ဒီတစ်ခါမှာတော့ မကြာခင်မှာ အတာ သင်္ကြန်အချိန်ကာလ ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် သင်္ကြန်ဖက်ရှင် အကြောင်းလေး ရေးပေးပါ့မယ်နော်။

သင်္ကြန် ဖက်ရှင်လို့ ဆိုလိုက်တာနဲ့ နှစ်စဉ်နှစ်တိုင်း မဖြစ်မနေ အမြဲထည့်သွင်းစဉ်းစားရမယ့် အရာတွေ ရှိနေပါတယ်။ ဥပမာ ဂျင်း၊ လည်သာ စသဖြင့်ပေါ့။ ဒါတွေက ဒီဇိုင်းသစ်တွေ ပေါ်လာပေမယ့် ရွေးချယ်ရ မယ့် စာရင်းထဲတော့ အမြဲထည့်သွင်းထားသင့်တဲ့ အရာတွေပါ။

(၁) tee၊ တီရှပ် နဲ့ဂျင်း ဖက်ရှင်
ရိုးရိုးလေးနဲ့ အထာကျချင်တယ်ဆိုရင် tee လေးတွေ တီရှပ်လေးတွေကိုသာ ဂျင်းအတို အရှည်တွေနဲ့ တွဲဝတ်လိုက်ပါ။ ထူးခြားစေဖို့ ၁၉၈၀ပြည့်နှစ်ကလို ဘောင်းဘီထဲ အကျီထည့်ဝတ်တာမျိုး၊ boyfriend jean လို မပွတပွလေးတွေ ရွေးပြီးဝတ်တာမျိုးလေးတွေ လုပ်နိုင်ပါတယ်။ ခါးပတ်လေးထပ်ပတ်လိုက် ရင် မိုက်မှမိုက်နော်။

1

 Read: Smart ကျပြီး Cute သွားစေမယ့် ဖက်ရှင် အတွဲအစပ်ကလေးတွေ

(၂) လည်သာဖက်ရှင်
သင်္ကြန်လေးရက်အတွက် တစ်ရက်ကိုတော့ လည်သာဖက်ရှင် ဆင်မြန်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အထာကျသလို အားလုံးထဲမှာ ထင်းခနဲဖြစ်စေမယ့် အရာဖြစ် လို့ပါပဲ။ ဝတ်ရဲရင်တော့ လည်သာကို အနက် မဟုတ်ပဲ အရောင်တွေနဲ့လည်း ရွေးချယ်ဝတ် ဆင်နိုင်ပါတယ်နော်။

2

 

(၃) Crop Top အမိုက်စား
crop top လက်တို လက်ရှည်လေးတွေ ကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတယ် နော်။ အတိုနဲ့တွဲမလား၊ အရှည်နဲ့တွဲမလား။ crop top မှာ စတစ်ကာအဆန်းလေးသာ ရွေးပါ။

3

 

(၄) Oversize hoodie/pullover တွေ
ပေါင်တစ်ဝက်လောက်ရှည်တဲ့ hoodie ဒါမှမဟုတ် pullover တွေကို အောက်က Dr.Martin bootမျိုးတွေ၊ sneaker တွေနဲ့ တွဲစီးနိုင်ပါတယ်။ ပိုဆန်းချင်ရင်တော့ fish net ခံဝတ်ပါ။

4

 

(၅) Oversize t -shirt တွေ
ထူတာတွေ မဝတ်ချင်တဲ့ ပျိုမေတွေအတွက် လွတ်လပ်ပြီး အထာကျတဲ့ တီရှပ်ဆိုဒ်ကြီးတွေ ရွေးချယ်ပါ။ တွဲစပ်မှုကတော့ အပေါ်မှာ ပြောထားသလိုပါပဲ။

5

 

(၆)  ဘောင်းဘီဘေးအစင်း
ခုနောက်ပိုင်း ထရက်စုဝမ်းဆက်တွေနဲ့ ဘောင်းဘီဘေးစင်းလေးတွေ ခေတ်စား နေတာ အားလုံးအသိပါ။ သူက လုံခြုံ ပြီး အထာကျတာမို့ ရွေးသင့်တဲ့ ဖက်ရှင်တွေထဲ က တစ်ခုပေါ့။

6

 

(၇) jean jacket တွေ
သင်္ကြန်အတွက် မရိုးတဲ့ jean jacket တွေကိုမှ အပွကြီးတွေ ခါးတိုစသဖြင့် ကိုယ်အဆင်ပြေ ရာ ရွေးနိုင်တယ်နော်။

7

 

(၈) အကွက်နဲ့အစင်း ဒီဇိုင်းတွေ
လူအများကြားမှာ ရိုးရိုးလေးနဲ့ ထင်းနေချင် တယ်ဆိုရင်တော့ အကွက်ရှပ်၊ jacket နဲ့ အစင်းဒီဇိုင်းလေးတွေကို ရွေးစေချင်ပါတယ်။ သူကအပေါ်ကထပ်ဝတ်မလား၊ တစ်ထပ်တည်း အမိုက်စားဝတ်မလား နှစ်မျိုး ရွေးချယ်လို့ ရပါတယ်။

8

 

(၉) korea japan street style
ကို့ယို့ကားယားနဲ့ သူများနဲ့မတူချင်၊ အထာ လည်းကျချင်သူတွေအတွက် ကိုရီးယားနဲ့ ဂျပန်မလေးတွေရဲ့ street style လေးတွေပါ။

9

 

(၁၀) bomber jacket နဲ့ အခြားသော jacket များ
ခုနောက်ပိုင်း မိုးကာသား အရောင်စပ် jacketလေးတွေ၊ bomber jacketလေးတွေ အများကြီးရှိလာပါပြီ။ ဒီအထဲက ကြိုက်ရာရွေး ချယ်ရုံပါပဲ။

12

 

Accessories
သင်္ကြန်အတွက်ဆို အိတ်တွေ၊ မျက်မှန်၊ ခေါင်းစည်း၊ ဦးထုပ်စတာတွေက အရေးပါလာ ပြီပေါ့။ ဦးထုပ်ကိုတော့ cap ဦးထုပ်ဖြစ်ဖြစ် အလှဆောင်း အဝိုင်းခပ်ကြီးကြီး ဦးထုပ်ကြီးတွေ အဆင်ပြေရာရွေးပါ။ မျက်မှန် ကိုတော့ ခုခေတ်စားနေတဲ့ ကာလာလေးတွေ ထဲက ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ အိတ်တွေထဲက jelly အိတ်လေးတွေ ရွေးပါ။ bandana ပုဝါလေးတွေကလည်း လည်ပင်းပဲ စည်းစည်း၊ လက်ပဲပတ်ပတ်၊ ဆံပင်ပဲ စည်းစည်း အသုံးဝင်တာမို့ မရှိမဖြစ်ပဲနော်။

10

11

ခုတင်ပေးတာတွေက Textile ပရိသတ်ကြီးအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ ပျိုမေလေးတွေ ယုံကြည်မှုရှိရှိနဲ့ လှနိုင်ကြပါစေနော်။

Source: I am Fashion
Myanmar Textile and Garment Directory

Read 1966 times
Rate this item
(1 Vote)