What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Ivanka Trump ဖက်ရှင်လုပ်ငန်း ပိတ်သိမ်း

Ivanka Trump သူ့ရဲ့ ဖက်ရှင် brand ကို ပိတ်သိမ်းကြောင်း အတိအလင်း ကြေညာခဲ့ပါတယ်။

သူက နိုင်ငံရေးနယ်ပယ်မှာလည်း ကျင်လည်နေပြီး ကိုယ်ကျိုးစီးပွား ရှာတဲ့သဘော သက်ရောက်နေတယ်လို့ ဝေဖန်စွပ်စွဲမှုများ ပြင်းထန်ခဲ့ပြီး ဆန့်ကျင်မှုများ ရင်ဆိုင်နေရတဲ့အတွက် အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ် ရှိသူ Ivanka Trump က ဖခင်ဖြစ်သူ အမေရိကန်သမ္မတ Donald Trump ရဲ့ အကြံပေးအဖြစ် အိမ်ဖြူတော်မှာ အခမဲ့ လုပ်ကိုင်နေသူဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံတွေမှာ သူ့brand မှ ရောင်းချနေတဲ့ ရှူးဖိနပ်တွေ ၀တ်ဆင်ထားတာ လူအများ မြင်တွေ့ကြရတာဟာ မသင့်တော်ဘူးလို့ ယူဆကြပါတယ်။

သူ့ brand ကို သူ့အမည် Ivanka Trump လို့ အမည်ပေးထားပြီး ရဲ့ အ၀တ်အစား၊ ဖိနပ်နဲ့ ဖက်ရှင်ပစ္စည်းတွေ ၂၀၁၆ ခုနှစ်မှာ ရောင်းအား ထိုးတက်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဖခင် Trump ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာခဲ့ပြီး ပြင်းထန်လာခဲ့တယ်။ လက်လီအရောင်းဆိုင်တွေက သူ့ပစ္စည်းတွေ တင်ရောင်းပေးဖို့ ငြင်းဆန်တာကို ရင်ဆိုင်ရတယ်။

Ivanka Trump 1

သူက သမီးဦးဖြစ်ပြီး အမေရိကန်နိုင်ငံကို ကိုယ်စားပြုကာ ပင်လယ်ရပ်ခြားကို ခရီးသွားရလေ့ရှိပါတယ်.။ တခြားနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံရပြီး တန်းတူအလေးထား ဆက်ဆံကြတာမို့ သူက နိုင်ငံရေးကို အနာဂတ် ရည်မှန်းချက်အဖြစ် ထားရှိလိုက်တာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

“အိမ်ဖြူတော်မှာ ၁၇ လ ကြာပြီးတဲ့အခါ ကျွန်မ ဘယ်အချိန်ကျမှ စီးပွားရေးလုပ်ငန်းဆီကို ပြန်လာဖြစ်မလဲဆိုတာ ကျွန်မ မသိဘူး။ ပြန်လုပ်ဖြစ်မှာလား ဆိုတာလည်း ကျွန်မ မသိဘူး။ လောလောဆယ်မှာတော့ ကျွန်မ အခုလုပ်ကိုင်နေတဲ့ အိမ်ဖြူတော်မှ အလုပ်တွေကိုပဲ အာရုံစိုက်ထားတယ်လို့ ကျွန်မ သိထားပါတယ်”
လို့ သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ivanka Trump မှာ လုပ်ကိုင်နေတဲ့ ၀န်ထမ်း ၁၈ ဦးကို လုပ်ငန်း ပိတ်သိမ်းပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

Ivanka Trump 2

ကလေး သုံးယောက်ရဲ့ မိခင်ဖြစ်သူ Ivanka Trump က အိမ်ဖြူတော်မှာ အခမဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးတွေထံမှ ပြီးခဲ့တဲ့နှစ်က အနည်းဆုံး ဒေါ်လာ ၈၂ သန်း ရရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

Ivanka Trump ဟာ မော်ဒယ်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ လက်ဝတ်ရတနာ ဖက်ရှင်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ နောက်တော့ အမျိုးသမီးဝတ် ရှူးဖိနပ်တွေ၊ လက်ကိုင်အိတ်တွေနဲ့ အ၀တ်အစားတွေကို လုပ်ကိုင်ခဲ့တယ်။ အလယ်အလတ်တန်း ဈေးနှုန်းရှိတဲ့ အတန်းအစားကို ဦးတည်လုပ်ကိုင်ပါတယ်။
ဖခင်အတွက် မဲဆွယ်ပေးတဲ့နှစ် ၂၀၁၆ ခုနှစ်မှာတော့ ဂျင်းထည်တွေ၊ ကလေး အိပ်ရာဝင် အ၀တ်အစားတွေ၊ အားကစား ၀တ်စုံတွေ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ဖခင်ဖြစ်သူ Trump ကို ဆန့်ကျင်သူတွေရဲ့ ဖိအားကြောင့် လက်လီအရောင်းဆိုင် တချို့က Ivanka Trump ထုတ်ကုန်တွေကို ဆိုင်မှာ တင်ရောင်းပေးဖို့ ငြင်းဆန်ခဲ့ပြီး အခုလို ငြင်းဆန်တဲ့ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခု တိုးလာခဲ့ပါတယ်။ အဲဒီလို့ ဆန့်ကျင်မှုတွေ ဝေဖန်ပြစ်တင်မှုတွေ ရှိလာတာကြောင့် ရောင်းအားလည်း ကျဆင်းလာခဲ့ပါတယ်။
အခုတော့ Ivanka Trump က လုပ်ငန်းကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။


Source: AFP

Read 965 times
Rate this item
(0 votes)