What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ စာများများဖတ်ပါ သင်ယူပါ လက်တွေ့ လုပ်ပါ ဆက်ပီး လေ့လာပါလို့ဆိုသူ ဒီဇိုင်နာအေးနွယ်ချော

ဒီဇိုင်နာ အလုပ်ကို ဝါသနာပါတာကော ကိုယ်တိုင်လည်း အလှအပကို မြတ်နိုးတာကြောင့်ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်နေတဲ့ ဒီဇိုင်နာ အေးနွယ်ချောကို ဒီဇိုင်နာ လုပ်ငန်းများနဲ့ ပတ်သတ်ပြီးမေးမြန်းထားပါတယ်။ 

-ဒီဇိုင်းပညာကို ဘယ်အချိန်ကစတင်လေ့လာဖြစ်တာပါလဲ။

 ဒီဇိုင်နာ လောကမှာ ရပ်တည်လာတာ ၃ နှစ်စွန်းခါစ ပဲ ရှိပါတယ် ။DoZo Fashion Design Technical School မှာ ဘာသာရပ်ဆိုင်ရာ အတန်းများကို ၃ နစ်ကျော်သင်ယူခဲ့ပီးမှ စလုပ်ဖြစ်တာပါ။

-ဒီဇိုင်းပညာကို ဘယ်အချိန်ကစတင်လေ့လာဖြစ်တာပါလဲ။

ဒီဇိုင်နာ အလုပ်ကို ဝါသနာပါတာကော ကိုယ်တိုင်လည်း အလှအပကို မြတ်နိုးတာကြောင့်လည်း လုပ်ဖြစ်တာပါ။

25630452 1767112396640686 361824167 n

-၀တ်စုံတွေဖန်တီးတဲ့အခါ ဘယ်လိုစိတ်ကူးပုံဖော်ဖြစ်လဲ။

-ဝတ်စုံတွေကို ဖန်တီးတဲ့အခါတိုင်း ဝတ်ဆင်မဲ့သူနဲ့  သွားရောက်မဲ့ ပွဲအနေအထား ပေါ်မူတည်ပီး ဖန်တီးပေးဖြစ်ပါတယ်

-ဒီဇီုင်းနဲ့ ပတ်သတ်ပြီးဘယ်လိုလေ့လာဖြစ်လဲ။

ဒီဇိုင်းတွေ ကို စာအုပ်ဖတ် fashion week တွေ အချိန်ရတိုင်းကြည့် online course တွေတက် စသည်ဖြင့် စဉ်ဆက်မပြတ်လေ့လာနေဆဲပါ။

25675394 1767141333304459 710851770 n 1

-အခက်အခဲတွေရှိရင်။

အခက်အခဲ တစ်ခုစီက ကျော်ဖြတ်ပီးတိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မူ့  တစ်ခုစီ ပိုရလာခဲ့ပါတယ်

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ်ထင်လဲ။

 ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ စာများများဖတ်ပါ သင်ယူပါ လက်တွေ့ လုပ်ပါ ဆက်ပီး လေ့လာပါ

-ဘယ်လိုဒီဇိုင်းတွေထွင်ရတာ ပိုသဘောကျလဲ။

wedding grows,evening gowns နဲ့ မြန်မာပွဲတက်fashion လေးတွေကို ထွင်ရတာ ပိုသဘောကျပါတယ်။

25593810 1767103539974905 1533512558 n

-ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတွေပေါ်မှာအားရကျေနပ်မှုရှိလား။

 ကိုယ်ထွင်လိုက်တဲ့ ဒီဇိုင်းတော်တော်များများကိုတော့ အားရကျေနပ်မူ့ ရှိပါတယ် , တစ်ချို့  ဒီဇိုင်းကိုတော့ အချိန်မလုံလောက်တာကော လိုအပ်တဲ့ accessories မပြည့်စုံတာကောကြောင့်သာ သိပ်အားမရခဲ့တာပါ

-သင်တန်းကျောင်းနဲ့ ဆိုင်ဖွင့်ထားတာရှိရင်ပြောပြပေးပါဦး။

ဟုတ်ကဲ့ ဆိုင်ဖွင်ထားပါတယ် , သင်တန်းတွေက ၅ လပိုင်းကနေ ၉ လပိုင်းထိ နှစ်တိုင်းဖွင့်ပေးပါတယ်

-မျိုးဆက်သစ်ဒီဇိုင်လေးတွေကို အကြံပေးစကားပြောပေးပါဦး။

မျိုးဆက်သစ် ဒီဇိုင်နာတွေ များလာတာ အရမ်းကိုအားရကျေနပ်မိပါတယ် . ကိုယ်မသိမတက်မရှိရအောင် ဖတ်ပါ သင်ယူပါ လေ့လာပါ , fashion ဆိုတာ ဘယ်တော့မှ သင်ယူလေ့လာလို့ မဆုံးနိုင်တဲ့ ပညာပါ ကျမကိုယ်တိုင်လည်း ဆက်လက်လေ့လာ သင်ယူနေဆဲပါ ။

-2018မှာဘယ်လိုဒီဇိုင်းဘယ်လိုကာလာတွေကခေတ်စားမလဲ။

2018 မှာ retro fashion လိုမျိုး လက်အကား အဖေါင်း အပွ နဲ့ ကိုယ်ကျပ်ကြိုးကို မျိုးစုံချည်ထားသွယ်ထားတဲ့ ပုံစံလေးတွေ ခေတ်စားမယ်လို့ ထင်ပါတယ်... ကာလာလေးတွေကတော့ ခက်ဖျော့ဖျော့ cream လေးတွေနဲ့  dark blue, dark green, red wine လေးတွေ ခေတ်စားမယ်လို့ ထင်ပါတယ် .

Read 1057 times
Rate this item
(0 votes)