What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အပြုံးလေးတွေ ပေါ်လွင်စေမဲ့ နားမကြား ဒီဇိုင်နာ တစ်ဦးရဲ့ မျက်နှာဖုံး
အပြံုံးဆိုတာ လောကသားတိုင်းအတွက် အင်အား ဖြစ်စေမဲ့ အရာတစ်ခုပါပဲ ဒီတစ်ခါမှာတော့ နားမကြားသူ ဒီဇိုင်နာ တစ်ဦးဟာ နှုတ်ခမ်းတွေကို ဖတ်ဖို့အတွက် မျက်နှာဖုံးကို အလယ်တွင် အကြည်အပေါက်လေး ဖောက်ကာ မျက်နှာ ဖုံးတွေကို အလှဆင်ဖန်တီးခဲ့ပါတယ်။
အသက်လေးဆယ့် နှစ် အရွယ်ရှိ ဂရပ်ဖစ်ဒီဇိုင်နာ တစ်ဦးဖြစ်သူ Justine Bate ဟာ အသက်ဆယ်နှစ်အရွယ်ရှိ သူမရဲ့ နားမကြားသူ သမီးလေး Teona နှင့် အတူ ၊ သူမကိုယ်တိုင် နှုတ်ခမ်းက လက်ဟန်ခြေဟန်ဖြင့် စကားပြောတဲ့ အခါ ပြုံးပြ နိုင်ရန် ပင်ဖြစ်ပါတယ်။
သူမဟာ သူမရဲ့ ကလေးကျောင်းသွားတဲ့ အခါ ကလေးက ကျောင်းနေဖက်ရွယ်တူ သူငယ်ချင်းများနဲ့ လက်ဟန် ၊ နှုတ်ဟန် ဖြင့် စကားမပြောနိုင်မှာ အင်မတန်မှ စိုးရိမ်နေရှာပါတယ်။ဒါကြောင့် သူမဟာ ဒီမျက်နှာဖုံးကို ပုံဆွဲပြီးထုတ်လုပ်ခဲ့တာပါ။
သူမရဲ့ယောကျ်ားဖြစ်သူ အသက် ၅၀ အရွယ်ရှိသူ Carl Bate က ထို မျက်နှာဖုံးထုတ်လုပ်ပြီးခင်ကတည်းက ဆိုရှယ်မီဒီယာ ပေါ်ဝတ်ဆင်ပြီး တင်ခဲ့တာ တွေ့ရပြီး မှာယူသူ အမြှောက် အများ ရှိတယ်သိရပါတယ်။သူမဟာ သူမတို့ အိမ်ရဲ့ ဂိုထောင်ထဲမှာ ထို မျက်နှာ ဖုံးကို အပ်ချုပ်စက်ထားပြီး ချုပ်လုပ်လျက်ရှိပြီး သူမဆီမှ နားမကြား အဖွဲ့ အစည်းတစ်ခုလုံးက မှာယူဝတ်ဆင်ထားတယ်သိရပါတယ်။
သူမတို့မိသားစုဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက် နေ့ခင်ကတည်းက မျက်နှာဖုံး တစ်ခုလျှင် ပေါင်စတာလင် ၆ ကျပ်နှုန်း ဖြင့်ရောင်းချပြီး မျက်နှာ ဖုံး ၄၂ ခုရောင်းထွက်ခဲ့တယ်သိရပါတယ်။ထိုသို့ရောင်းချ ရပေမည့်လည်း သူမတို့ မိသားစု ဟာ PPE အရည်အသွေး မဟုတ်ပါဘူး လိမ်ညာ ပြီး မရောင်းချင်ကြောင်းပြောကြားခဲ့ပါတယ်။
အဆိုပါ မျက်နှာဖုံးလေးဟာ အဝတ်စ အသားပေါ်မှာ ပလက်စတစ်လေး အလယ်မှာ ချုပ်ထားပေမည့် ဒါလို နှုတ်ခမ်းကို ဖတ်လို့ရတာဟာ လောကကြီးမှ လူသားတွေအတွက် အရေးပါတဲ့ ကိစ္စ တစ်ခုပါပဲ ။ထို မျက်နှာဖုံးလေးကို သူမတို့ မိသားစု ဖေ့ဘုတ်ပေါ်တင်လိုက်စဉ် ၁၂၀၀၀ ကျော်နီးနီး မျှဝေသူတွေရှိတယ်သိရပါတယ်။
Her husband and carer Carl Bate, 50, (right) also wears one and since debuting them on social media, where the post received more than 12,000 shares, Mrs Bate has been inundated with orders from care homes
The graphic designer was worried her daughter Teona, 10 would not be able to socialise with friends back at school if she is not able to see their mouth to lip read
<<< Zawgyi >>>
----------------------------------------------------------
အပြုံးဆိုတာ လောကသားတိုင်းအတွက် အင်အား ဖြစ်စေမဲ့ အရာတစ်ခုပါပဲ ဒီတစ်ခါမှာတော့ နားမကြားသူ ဒီဇိုင်နာ တစ်ဦးဟာ နှုတ်ခမ်းတွေကို ဖတ်ဖို့အတွက် မျက်နှာဖုံးကို အလယ်တွင် အကြည်အပေါက်လေး ဖောက်ကာ မျက်နှာ ဖုံးတွေကို အလှဆင်ဖန်တီးခဲ့ပါတယ်။
Ref : Daily Mail 
Read 1153 times
Rate this item
(0 votes)