What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ေဆာ့ဖ္စေကး

Zaw+Win) အိႏိယႏုိင္ငံ အထည္ခ်ဳပ္က႑မွ လုပ္သားမ်ားကုိ NATIONAL BUREAU OF ECONOMIC RESEARCH မွ Soft skills နဲ႔ ပတ္သက္လုိ႔ သုေတသနျပဳခဲ့တယ္။

Soft skills ဆုိတာ အဖြဲ႕ျဖင့္ အတူတကြ လုပ္ကုိင္ျခင္း၊ စီမံခန္႔ခြဲမွႈ ထက္ေအာက္ဆက္ဆံေရး၊ အခ်ိန္ကုိ ထိထိမိမိ သုံးျခင္း၊ ေပါင္းသင္းဆက္ဆံေရး၊ သိထားတဲ့ အခ်က္အလက္ေတြကုိ ဆက္စပ္ၿပီး ပုံေဖာ္ျခင္း စတဲ့ တစ္ကုိယ္ေရ အရည္အေသြးေတြ ျဖစ္ပါတယ္။ အဲဒီ ေဆာ့ဖ္စေကးေတြ ရွိထားရင္ လုပ္သားေဈးကြက္ထဲမွာ ေအာင္ျမင္မႈေတြ ရရွိပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ရွင္းပါတယ္။ သူတုိ႔က ေဆာ့ဖ္စေကး မရွိတဲ့သူေတြထက္ တစ္ပန္းသာေနလုိ႔ ျဖစ္ပါတယ္။
အထည္ခ်ဳပ္က႑မွာလည္း ေျပာဆုိ္ဆက္သြယ္တတ္တာ၊ ဦးေဆာင္တတ္တာ၊ စည္း႐ုံးတတ္တာ၊ ဇြဲရွိတာေတြဟာ ေဆာ့ဖ္စေကးေတြ ျဖစ္ၿပီး ကုမၸဏီေတြအဖုိ႔ အဲဒီလုိ အရည္အေသြး ရွိတဲ့သူေတြ ရထားဖုိ႔ အေရးႀကီးပါတယ္။ အဖြဲ႕နဲ႔အတူ လုပ္ကုိင္ႏုိင္စြမ္းရွိၿပီး စည္းကမ္းလုိက္နာသူေတြ ရထားဖုိ႔ အေရးႀကီးတယ္။
ယခုသုေတသနအရ သိရွိရတဲ့အခ်က္တစ္ခုက၇ ေဆာ့ဖ္စေကး ရွိတဲ့သူဟာ နည္းပညာပုိင္း တတ္ကၽြမ္းမႈနဲ႔ ေပါင္းစပ္ထားရင္ အလုပ္အကုိင္ အခြင့္အလမ္းေတြ ပုိမ်ားတယ္။ လစာတုိးတာလည္း ရရွိတတ္တယ္။

သုေတသနစာတမ္းမွာ တင္ျပထားတာမွာ လုပ္သားေတြမွာ ေဆာ့ဖ္စေကးရွိရင္ လုပ္သားအဖုိ႔သာ အက်ဳိးရွိတာ မဟုတ္ဘူး။ အလုပ္ရွင္ေတြအတြက္လည္း အက်ဳိးထူးတာကုိ ေတြ႕ရတယ္။ အိႏိယမွာ ရွိတဲ့ အထည္ခ်ဳပ္လုပ္သားေတြကုိ တစ္ကုိယ္ေရ တုိးတက္မႈ ရရွိေစဖုိ႔ သင္တန္းေပးတယ္။ အဲဒီအခါမွာ သင္တန္း မထက္ထားသူေတြထက္ ကုန္ထုတ္စြမ္းရည္ ပုိေကာင္းသြားတာကုိ သင္တန္းဆင္းေတြမွာ ေတြ႕ရတယ္။

အိႏိယေတာင္ပုိင္းမွာ တည္ရွိတဲ့ ဘင္ဂါလာ႐ူမွာ Gap ရဲ႕ အထည္ခ်ဳပ္စက္႐ုံ ၅ ခုမွာ လုပ္ကုိင္ေနတဲ့လုပ္သားေတြထဲမွ လုပ္သား ၃ဝဝဝ နီးပါးကုိ Gap က နာရီ ၈ဝ သင္တန္းေပးတယ္။ အမ်ားစုက အမ်ဳိးသမီးေတြျဖစ္ၿပီး အသက္ ၂ဝေက်ာ္ စက္ခ်ဳပ္သမေတြ ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ ပညာအရည္အခ်င္းက နိမ့္က်တယ္။ သူတုိ႔ကုိ လက္ေတြ႕ဘဝမွာ သုံးစြဲလုိ႔ရတဲ့ အခ်ိန္စီမံခန္႔ခြဲမႈ၊ ဆက္သြယ္ေျပာဆုိျခင္း၊ ျပႆနာေျဖရွင္းျခင္းနဲ႔ ေငြေရးေၾကးေရး အသိပညာေတြကုိ သင္တန္းမွာ ပုိ႔ခ်သင္ျပေပးတယ္။

သင္တန္းဆင္းေတြထဲမွာ ၁ဝဝဝေက်ာ္ကို ေလ့လာစူးစမ္းၾကည့္တဲ့အခါ သင္တန္း မၿပီးဆုံးခင္မွာပဲ ကုန္ထုတ္စြမ္းရည္ ပုိေကာင္းလာတာ ေတြ႕ရတယ္။ အထည္ခ်ဳပ္လုိင္းမွာ သူတုိ႔ ခ်ဳပ္လုပ္တဲ့ အေရအတြက္ ပုိမ်ားသြားတယ္။ ႐ုိးရွင္းလြယ္ကူတဲ့ အလုပ္ေတြကုိ ထိေရာက္ျမန္ဆန္စြာ လုပ္ကုိင္ႏုိင္ၾကတာ ေတြ႕ရတယ္။ ပုိခက္ခဲတဲ့ အလုပ္ေတြကုိလည္း လုပ္ႏုိင္ကုိင္ႏုိင္သြားၿပီး ျပႆနာရွိလာရင္ ကုိင္တြယ္ေျဖရွင္း ေပးႏုိင္တာကုိ ေတြ႕ရတယ္။
သင္တန္းဆင္းၿပီးခ်ိန္မွာ သင္တန္းမတက္ခင္ကထက္ ကုန္ထုတ္စြမ္းရည္ ၁၁% ပုိေကာင္းသြားတယ္။ သင္တန္းမတက္ရေသးတဲ့သူထက္ ကုန္ထုတ္စြမ္းရည္ ၂ဝ% ပုိသာတာကုိ ေတြ႕ရတယ္။
သင္တန္းဆင္းၿပီးတဲ့ အမ်ဳိးသမီးေတြက ေနာက္ထပ္ မြမ္းမံသင္တန္းေတြ တက္ခ်င္ေနၾကတယ္။ ပုိခက္ခဲတဲ့ အလုပ္ေတြကို ႏုိင္ႏုိင္နင္းနင္း လုပ္တတ္ခ်င္ၾကတယ္။ အခုလုိ ကုန္ထုတ္စြမ္းရည္ တုိးတာေၾကာင့္ အလုပ္ေတြ ပုိၿပီးလုိ႔ လုပ္ခေတြ ပုိရၾကတယ္။ စက္႐ုံအေနျဖင့္လည္း ခ်ဳပ္ထည္ေတြ ပုိမုိထြက္ရွိတယ္။ ပုိျမန္ျမန္ ၿပီးစီးတယ္။
ေနာက္ထပ္ ထူးျခားတဲ့အခ်က္တစ္ခုက စက္ခ်ဳပ္တဲ့လုိင္းမွာ သင္တန္း မတက္ရေသးတဲ့ အမ်ဳိးသမီးေတြက သင္တန္းဆင္းေတြထံမွ သင္ယူၾကၿပီး သင္တန္းဆင္းေတြနည္းတူ ကုန္ထုတ္စြမ္းရည္ ျမင့္တက္သြားတာ ျဖစ္ပါတယ္။

unicode

ဆော့ဖ်စကေး
အိနိယနိုင်ငံ အထည်ချုပ်ကဏ္ဍမှ လုပ်သားများကို NATIONAL BUREAU OF ECONOMIC RESEARCH မှ Soft skills နဲ့ ပတ်သက်လို့ သုတေသနပြုခဲ့တယ်။ Soft skills ဆိုတာ အဖွဲ့ဖြင့် အတူတကွ လုပ်ကိုင်ခြင်း၊ စီမံခန့်ခွဲမှု ထက်အောက်ဆက်ဆံရေး၊ အချိန်ကို ထိထိမိမိ သုံးခြင်း၊ ပေါင်းသင်းဆက်ဆံရေး၊ သိထားတဲ့ အချက်အလက်တွေကို ဆက်စပ်ပြီး ပုံဖော်ခြင်း စတဲ့ တစ်ကိုယ်ရေ အရည်အသွေးတွေ ဖြစ်ပါတယ်။ အဲဒီ ဆော့ဖ်စကေးတွေ ရှိထားရင် လုပ်သားဈေးကွက်ထဲမှာ အောင်မြင်မှုတွေ ရရှိပါတယ်။ ဘာလို့လဲဆိုတော့ ရှင်းပါတယ်။ သူတို့က ဆော့ဖ်စကေး မရှိတဲ့သူတွေထက် တစ်ပန်းသာနေလို့ ဖြစ်ပါတယ်။
အထည်ချုပ်ကဏ္ဍမှာလည်း ပြောဆို်ဆက်သွယ်တတ်တာ၊ ဦးဆောင်တတ်တာ၊ စည်းရုံးတတ်တာ၊ ဇွဲရှိတာတွေဟာ ဆော့ဖ်စကေးတွေ ဖြစ်ပြီး ကုမ္ပဏီတွေအဖို့ အဲဒီလို အရည်အသွေး ရှိတဲ့သူတွေ ရထားဖို့ အရေးကြီးပါတယ်။ အဖွဲ့နဲ့အတူ လုပ်ကိုင်နိုင်စွမ်းရှိပြီး စည်းကမ်းလိုက်နာသူတွေ ရထားဖို့ အရေးကြီးတယ်။
ယခုသုတေသနအရ သိရှိရတဲ့အချက်တစ်ခုက၇ ဆော့ဖ်စကေး ရှိတဲ့သူဟာ နည်းပညာပိုင်း တတ်ကျွမ်းမှုနဲ့ ပေါင်းစပ်ထားရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများတယ်။ လစာတိုးတာလည်း ရရှိတတ်တယ်။

သုတေသနစာတမ်းမှာ တင်ပြထားတာမှာ လုပ်သားတွေမှာ ဆော့ဖ်စကေးရှိရင် လုပ်သားအဖို့သာ အကျိုးရှိတာ မဟုတ်ဘူး။ အလုပ်ရှင်တွေအတွက်လည်း အကျိုးထူးတာကို တွေ့ရတယ်။ အိနိယမှာ ရှိတဲ့ အထည်ချုပ်လုပ်သားတွေကို တစ်ကိုယ်ရေ တိုးတက်မှု ရရှိစေဖို့ သင်တန်းပေးတယ်။ အဲဒီအခါမှာ သင်တန်း မထက်ထားသူတွေထက် ကုန်ထုတ်စွမ်းရည် ပိုကောင်းသွားတာကို သင်တန်းဆင်းတွေမှာ တွေ့ရတယ်။

အိနိယတောင်ပိုင်းမှာ တည်ရှိတဲ့ ဘင်ဂါလာရူမှာ Gap ရဲ့ အထည်ချုပ်စက်ရုံ ၅ ခုမှာ လုပ်ကိုင်နေတဲ့လုပ်သားတွေထဲမှ လုပ်သား ၃ဝဝဝ နီးပါးကို Gap က နာရီ ၈ဝ သင်တန်းပေးတယ်။ အများစုက အမျိုးသမီးတွဖြေစ်ပြီး အသက် ၂ဝကျော် စက်ချုပ်သမတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာအရည်အချင်းက နိမ့်ကျတယ်။ သူတို့ကို လက်တွေ့ဘဝမှာ သုံးစွဲလို့ရတဲ့ အချိန်စီမံခန့်ခွဲမှု၊ ဆက်သွယ်ပြောဆိုခြင်း၊ ပြဿနာဖြေရှင်းခြင်းနဲ့ ငွေရေးကြေးရေး အသိပညာတွေကို သင်တန်းမှာ ပို့ချသင်ပြပေးတယ်။

သင်တန်းဆင်းတွေထဲမှာ ၁ဝဝဝကျော်ကို လေ့လာစူးစမ်းကြည့်တဲ့အခါ သင်တန်း မပြီးဆုံးခင်မှာပဲ ကုန်ထုတ်စွမ်းရည် ပိုကောင်းလာတာ တွေ့ရတယ်။ အထည်ချုပ်လိုင်းမှာ သူတို့ ချုပ်လုပ်တဲ့ အရေအတွက် ပိုများသွားတယ်။ ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေကို ထိရောက်မြန်ဆန်စွာ လုပ်ကိုင်နိုင်ကြတာ တွေ့ရတယ်။ ပိုခက်ခဲတဲ့ အလုပ်တွေကိုလည်း လုပ်နိုင်ကိုင်နိုင်သွားပြီး ပြဿနာရှိလာရင် ကိုင်တွယ်ဖြေရှင်း ပေးနိုင်တာကို တွေ့ရတယ်။
သင်တန်းဆင်းပြီးချိန်မှာ သင်တန်းမတက်ခင်ကထက် ကုန်ထုတ်စွမ်းရည် ၁၁% ပိုကောင်းသွားတယ်။ သင်တန်းမတက်ရသေးတဲ့သူထက် ကုန်ထုတ်စွမ်းရည် ၂ဝ% ပိုသာတာကို တွေ့ရတယ်။
သင်တန်းဆင်းပြီးတဲ့ အမျိုးသမီးတွေက နောက်ထပ် မွမ်းမံသင်တန်းတွေ တက်ချင်နကြေတယ်။ ပိုခက်ခဲတဲ့ အလုပ်တွေကို နိုင်နိုင်နင်းနင်း လုပ်တတ်ချင်ကြတယ်။ အခုလို ကုန်ထုတ်စွမ်းရည် တိုးတာကြောင့် အလုပ်တွေ ပိုပြီးလို့ လုပ်ခတွေ ပိုရကြတယ်။ စက်ရုံအနဖြေင့်လည်း ချုပ်ထည်တွေ ပိုမိုထွက်ရှိတယ်။ ပိုမြန်မြန် ပြီးစီးတယ်။
နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုက စက်ချုပ်တဲ့လိုင်းမှာ သင်တန်း မတက်ရသေးတဲ့ အမျိုးသမီးတွေက သင်တန်းဆင်းတွေထံမှ သင်ယူကြပြီး သင်တန်းဆင်းတွေနည်းတူ ကုန်ထုတ်စွမ်းရည် မြင့်တက်သွားတာ ဖြစ်ပါတယ်။

Read 917 times
Rate this item
(0 votes)