What's new

×

Warning

JUser: :_load: Unable to load user with ID: 845


EIPA နှင့် Far East အဖွဲ့နှစ်ခု အထည်အလိပ်လုပ်ငန်းကဏ္ဍများတွင် ပါဝင်ရန် တိုက်တွန်း

Eswatini ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအာဏာပိုင် (EIPA) နှင့် Far East အထည်အလိပ်များသည် အထည်အလိပ်လုပ်ငန်းများတွင် ပါဝင်မှုနှုန်း တိုးမြှင့်နိုင်ရန် လုပ်ငန်းရှင်များကို တိုက်တွန်းနေကြပါတယ်။ ၎င်းတို့အဖွဲ့နှစ်ခုသည် မကြာသေးမီက စက်ရုံသို့ လာရောက်လည်ပတ်သူများကို ဧည့်ခံခဲ့ပြီး ဧည့်သည်များက စက်ရုံထုတ်လုပ်မှုလိုင်းကို လှည့်လည်ကြည့်ရှုကာ ဘဏ္ဍာရေးအရ အလားအလာရှိသော အထည်အလိပ်လုပ်ငန်းများ မည်သို့ဖွင့်လှစ်ရမည်ကို ညွှန်ပြခဲ့တယ်လို့ ဆိုတယ်။

 

Matsapha တွင် အခြေစိုက်သည့် Far East အထည်အလိပ်သည် Eswatini ရှိ (ယခင်က ဆွာဇီလန်)တွင် အကြီးဆုံးသောအထည်အလိပ်လုပ်ငန်းတစ်ခုဖြစ်ပြီး Business Eswatini (BWE) ဥက္ကဌ Tokky Hou က စီမံခန့်ခွဲနေတာ ဖြစ်တယ်။

 

အစိုးရမှ ထုတ်ပြန်သော COVID-19 စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ်တွင် ဖော်ပြထားသည့်အတိုင်း အထည်အလိပ်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် စီးပွားရေးသည် ပို့ကုန်မောင်းနှင်မှုနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်မှုကို အာရုံစိုက်ရန် စီးပွားရေးကို အထောက်အကူပြုလိမ့်မယ်လို့ EIPA ရဲ့အမှုဆောင်မန်နေဂျာ Khanyisile Dlamini ပြောကြားခဲ့ပါတယ်။

 

Far East Textiles ၏မန်နေးဂျင်းဒါရိုက်တာ Tokky Hou ကလည်း ထုတ်လုပ်သူများအနေဖြင့် ဈေးကွက်ဝယ်လိုအားနှင့်အညီ အမှာစာများပေးပို့ခြင်းကို ကျေနပ်မှုမရှိသောကြောင့် ဖြတ်တောက်ခြင်း (CMT) အမှာစာများ ပိုမိုများပြားလာသည်ဟု ထပ်မံ ပြောကြားခဲ့ပါတယ်။

 

By THO (Myanmar Textile & Garment Guide)

Ref: fibre2fashion.com

Read 880 times
Rate this item
(0 votes)