Zaw+Uni ကုန္ထုတ္လုပ္မႈက႑သမုိင္းေၾကာင္းမွာ ႀကီးမားတဲ့အေျပာင္းအလဲေတြ ျဖစ္ခဲ့တာ သုံးႀကိမ္ရွိခဲ့ၿပီးၿပီ ျဖစ္ၿပီး
ယခုအခါ စတုတၳအႀကိမ္ကုိ စတင္ျဖတ္သန္းေနပါတယ္။ အခုတစ္ႀကိမ္ အေျပာင္းအလဲကုိ INDUSTRY 4.0 လုိ႔ ေခၚေ၀ၚသုံးႏႈန္းၾကတယ္။
● ပထမအႀကိမ္။ စက္မ်ား စတင္သုံးစြဲ။ ပထမဆုံး ရက္ကန္းစက္ကုိ ၁၇၈၄ ခုႏွစ္မွာ တီထြင္ခဲ့။ ေရအားႏွင့္ ေရေႏြးေငြ႕အားတုိ႔ကုိ ေမာင္းႏွင္အားအျဖစ္ သုံးစြဲ။
● ဒုတိယအႀကိမ္။ အေျမာက္အျမား ထုတ္လုပ္သည့္စနစ္ သုံးစြဲ။ စီတန္းၿပီး အဆင့္ဆင့္တပ္ဆင္ေပးသည့္လုိင္းကုိ ၁၈၇၀ ခုႏွစ္တြင္ တီထြင္ခဲ့။ လွ်ပ္စစ္အားကုိ ေမာင္းႏွင္အားအျဖစ္ သုံးစြဲ။
● တတိယအႀကိမ္။ ကြန္ပ်ဴတာ၊ ပ႐ုိဂရမ္တုိ႔ကုိ သုံးစြဲ။ အီလက္ထရြန္နစ္ႏွင့္ အုိင္တီတုိ႔ကုိ အသုံးခ်။ အလုိအေလ်ာက္ လုပ္ကုိင္ထုတ္လုပ္မႈမ်ား ပုိမုိသုံးစြဲ။
● စတုတၳအႀကိမ္။ ဆုိင္ဘာ(ကြန္ပ်ဴတာမ်ားႏွင့္ ၎ကြန္ပ်ဴတာမ်ား၏ ကြန္ရက္မ်ား)ႏွင့္ ႐ုပ္ကုိယ္ထည္ရွိသည့္ စက္မ်ား တြဲစပ္လုပ္ကုိင္ကာ ကုန္ထုတ္လုပ္သည့္ Cyber-Physical System သုံးစြဲ။
သတင္းႏွင့္ ဆက္သြယ္ေရးနည္းပညာမ်ား လ်င္ျမန္စြာ တုိးတက္ေျပာင္းလဲျခင္းေၾကာင့္ ကုန္ထုတ္လုပ္မႈက႑မွာ ယခုလုိ ႀကီးမားေသာအေျပာင္းအလဲမ်ား စတင္ျဖစ္ေပၚတယ္။ အဓိကက်သည့္အရာမွာ လူမႈကြန္ရက္ ျဖစ္ၿပီး ၎ကြန္ရက္မွာ စက္မ်ားအခ်င္းခ်င္း ဆက္သြယ္ႏုိင္မယ္။ ထုိသုိ႔ ဆက္သြယ္ထားေသာ အရာမ်ားကုိ အင္တာနက္မွတစ္ဆင့္ ဆက္သြယ္ထားသျဖင့္ Internet of Things (IoT) ဟု ေခၚေ၀ၚၾကပါတယ္။ စက္ေတြနဲ႔ လူေတြအၾကားမွာလည္း အင္တာနက္မွတစ္ဆင့္ ဆက္သြယ္ထားတာမုိ႔ အဲဒီလူေတြကုိ Internet of People (IoP) လုိ႔ ေခၚေ၀ၚၾကပါတယ္။
INDUSTRY 4.0 ကမၻာမွာ အ၀တ္အစား ၀ယ္ယူသူတစ္ဦး ဘယ္လုိေတြ ၀ယ္ယူႏုိင္မလဲ။ အခုအခါမွာ မ်ားေသာအားျဖင့္ အ၀တ္အစားထုတ္လုပ္တဲ့ ကုမၸဏီေတြက အသင့္ခ်ဳပ္ၿပီး ဆုိင္တင္ေရာင္းခ်တာေတြကုိ ၀ယ္၀တ္ၾကတယ္။ အဲဒီအခါ စံအရြယ္အစားေတြအရ ခ်ဳပ္ထားတာကုိ ၀ယ္၀တ္ၾကတယ္။ S, M, X နဲ႔ XL အရြယ္အစား သတ္မွတ္ခ်က္ေတြအရ ခ်ဳပ္ထားတာေတြ ျဖစ္ပါတယ္။ အေျမာက္အျမား ထုတ္လုပ္တဲ့စနစ္နဲ႔ ခ်ဳပ္လုပ္ၿပီး ထုတ္လုပ္ထားတာမုိ႔ တစ္ထည္ခ်င္းအတြက္ ထုတ္လုပ္မႈကုန္က်စရိတ္ သက္သာတယ္။
အ၀တ္အစား ၀ယ္ယူမယ့္သူက သူလုိခ်င္တဲ့ ဖက္ရွင္ဒီဇုိင္းနဲ႔ စတုိင္လ္ကုိ ေရြးခ်ယ္မယ္။ ၿပီးရင္ သူ႔ကုိယ္ခႏၶာ အတုိင္းအတာ ယူေပးမယ့္ ေနရာမွာ မတ္တတ္ရပ္ေပးမယ္။ sensors ေတြက တုိင္းတာေပးမယ္။ ၿပီးရင္ သူ႔ကုိယ္ခႏၶာ အတုိင္းအတာေတြကုိ ေဆာ့ဖ္၀ဲလ္ေတြက လုိအပ္သလုိ ေဆာင္ရြက္ေပးမယ္။ ခ်ဳပ္ထည္ ထုတ္လုပ္တဲ့ဆီကုိ အခ်က္အလက္ေတြ ေပးပုိ႔မယ္။ အဲဒီအခ်က္အလက္ေတြအရ အ၀တ္အစားကုိ ထုတ္လုပ္မယ္။ ၿပီးရင္ ၀ယ္ယူသူထံ ပုိ႔ေပးမယ္။
အ၀တ္အစားကုိ ၀ယ္ယူတဲ့အခါ လက္ညိႇဳးနဲ႔ လက္မၾကားမွာ ပြတ္ၾကည့္ၿပီး အသားအထူအပါး၊ ထိေတြ႕မႈ အရသာတုိ႔ကုိ ျမည္းစမ္းၾကတယ္။ အ၀တ္အစားကုိ ျဖန္႔ၾကည့္မယ္။ ကိုယ္ေပၚမွာကပ္ၾကည့္မယ္။ အဲဒါေတြ လုပ္ကုိင္ဖုိ႔အတြက္ ဖက္ရွင္ဆုိင္ေတြမွာ ဖက္ရွင္ထည္ေတြကုိ နမူနာ ျပသဖုိ႔အတြက္သာ ထားရွိဖုိ႔ လုိအပ္မယ္။ ဖက္ရွည္ထည္တစ္မ်ဳိးစီကုိ အပုံလုိက္ ပုံထားဖုိ႔ မလုိအပ္ေတာ့ဘူး။
Uni
ကုန်ထုတ်လုပ်မှုကဏ္ဍသမိုင်းကြောင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်ခဲ့တာ သုံးကြိမ်ရှိခဲ့ပြီးပြီ ဖြစ်ပြီး ယခုအခါ စတုတ္ထအကြိမ်ကို စတင်ဖြတ်သန်းနေပါတယ်။ အခုတစ်ကြိမ် အပြောင်းအလဲကို INDUSTRY 4.0 လို့ ခေါ်ဝေါ်သုံးနှုန်းကြတယ်။
● ပထမအကြိမ်။ စက်များ စတင်သုံးစွဲ။ ပထမဆုံး ရက်ကန်းစက်ကို ၁၇၈၄ ခုနှစ်မှာ တီထွင်ခဲ့။ ရေအားနှင့် ရေနွေးငွေ့အားတို့ကို မောင်းနှင်အားအဖြစ် သုံးစွဲ။
● ဒုတိယအကြိမ်။ အမြောက်အမြား ထုတ်လုပ်သည့်စနစ် သုံးစွဲ။ စီတန်းပြီး အဆင့်ဆင့်တပ်ဆင်ပေးသည့်လိုင်းကို ၁၈၇ဝ ခုနှစ်တွင် တီထွင်ခဲ့။ လျှပ်စစ်အားကို မောင်းနှင်အားအဖြစ် သုံးစွဲ။
● တတိယအကြိမ်။ ကွန်ပျူတာ၊ ပရိုဂရမ်တို့ကို သုံးစွဲ။ အီလက်ထရွန်နစ်နှင့် အိုင်တီတို့ကို အသုံးချ။ အလိုအလျောက် လုပ်ကိုင်ထုတ်လုပ်မှုများ ပိုမိုသုံးစွဲ။
● စတုတ္ထအကြိမ်။ ဆိုင်ဘာ(ကွန်ပျူတာများနှင့်၎င်းကွန်ပျူတာများ၏ ကွန်ရက်များ)နှင့် ရုပ်ကိုယ်ထည်ရှိသည့် စက်များ တွဲစပ်လုပ်ကိုင်ကာ ကုန်ထုတ်လုပ်သည့် Cyber-Physical System သုံးစွဲ။
သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာ တိုးတက်ပြောင်းလဲခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ယခုလို ကြီးမားသောအပြောင်းအလဲများ စတင်ဖြစ်ပေါ်တယ်။ အဓိကကျသည့်အရာမှာ လူမှုကွန်ရက် ဖြစ်ပြီး၎င်းကွန်ရက်မှာ စက်များအချင်းချင်း ဆက်သွယ်နိုင်မယ်။ ထိုသို့ ဆက်သွယ်ထားသော အရာများကို အင်တာနက်မှတစ်ဆင့် ဆက်သွယ်ထားသဖြင့် Internet of Things (IoT) ဟု ခေါ်ဝေါ်ကြပါတယ်။ စက်တွေနဲ့ လူတွေအကြားမှာလည်း အင်တာနက်မှတစ်ဆင့် ဆက်သွယ်ထားတာမို့ အဲဒီလူတွေကို Internet of People (IoP) လို့ ခေါ်ဝေါ်ကြပါတယ်။
INDUSTRY 4.0 ကမ္ဘာမှာ အဝတ်အစား ဝယ်ယူသူတစ်ဦး ဘယ်လိုတွေ ဝယ်ယူနိုင်မလဲ။ အခုအခါမှာ များသောအားဖြင့် အဝတ်အစားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အသင့်ချုပ်ပြီး ဆိုင်တင်ရောင်းချတာတွေကို ဝယ်ဝတ်ကြတယ်။ အဲဒီအခါ စံအရွယ်အစားတွေအရ ချုပ်ထားတာကို ဝယ်ဝတ်ကြတယ်။ S, M, X နဲ့ XL အရွယ်အစား သတ်မှတ်ချက်တွေအရ ချုပ်ထားတာတွေ ဖြစ်ပါတယ်။ အမြောက်အမြား ထုတ်လုပ်တဲ့စနစ်နဲ့ ချုပ်လုပ်ပြီး ထုတ်လုပ်ထားတာမို့ တစ်ထည်ချင်းအတွက် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာတယ်။
အဝတ်အစား ဝယ်ယူမယ့်သူက သူလိုချင်တဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ စတိုင်လ်ကို ရွေးချယ်မယ်။ ပြီးရင် သူ့ကိုယ်ခန္ဓာ အတိုင်းအတာ ယူပေးမယ့် နေရာမှာ မတ်တတ်ရပ်ပေးမယ်။ sensors တွေက တိုင်းတာပေးမယ်။ ပြီးရင် သူ့ကိုယ်ခန္ဓာ အတိုင်းအတာတွေကို ဆော့ဖ်ဝဲလ်တွေက လိုအပ်သလို ဆောင်ရွက်ပေးမယ်။ ချုပ်ထည် ထုတ်လုပ်တဲ့ဆီကို အချက်အလက်တွေ ပေးပို့မယ်။ အဲဒီအချက်အလက်တွေအရ အဝတ်အစားကို ထုတ်လုပ်မယ်။ ပြီးရင် ဝယ်ယူသူထံ ပို့ပေးမယ်။
အဝတ်အစားကို ဝယ်ယူတဲ့အခါ လက်ညှိုးနဲ့ လက်မကြားမှာ ပွတ်ကြည့်ပြီး အသားအထူအပါး၊ ထိတွေ့မှု အရသာတို့ကို မြည်းစမ်းကြတယ်။ အဝတ်အစားကို ဖြန့်ကြည့်မယ်။ ကိုယ်ပေါ်မှာကပ်ကြည့်မယ်။ အဲဒါတွေ လုပ်ကိုင်ဖို့အတွက် ဖက်ရှင်ဆိုင်တွေမှာ ဖက်ရှင်ထည်တွေကို နမူနာ ပြသဖို့အတွက်သာ ထားရှိဖို့ လိုအပ်မယ်။ ဖက်ရှည်ထည်တစ်မျိုးစီကို အပုံလိုက် ပုံထားဖို့ မလိုအပ်တော့ဘူး။