What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗိုင်းရပ်စ်ပိုး ကာကွယ်နိုင်သော သုံးထပ်အလွှာ Wise Protec Mask

မိမိကိုယ်ကို ပိုးကင်းစေနိုင်သော မျက်နှာဖုံးအသစ်တစ်ခု ဈေးကွက်သို့ ရောက်ရှိခဲ့ပါတယ်။ Wise Protec မျက်နှာဖုံးသည် မိနစ် ၃၀ အတွင်း ၉၉.၉ ရာခိုင်နှုန်း ဆက်သွယ်နိုင်ပြီး SARS-Cov-2 လှုပ်ရှားမှုအား သေစေနိုင်သည့် အထူးမျက်နှာပြင်ဖြင့် ဖုံးအုပ်ထားတယ်။ ၎င်းကို အခါ ၅၀ အထိ ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်ပါတယ်။

 

အသုံးပြုသူတွေအတွက် ၎င်းမျက်နှာဖုံးကို တစ်နှစ်ပတ်လုံးကြာရှည်ခံပြီး သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေမယ့် ထပ်မံကာကွယ်သောအလွှာဖြင့် ပြုလုပ်ထားတယ်လို့ ဆိုတယ်။

 

Harvard alumnus Jorge Machado နှင့် သူ၏သိပ္ပံပညာရှင်များအဖွဲ့မှ တီထွင်ထားသော သုံးထပ်အလွှာ Wise Protec သည် အနံ့နှင့် အစိုဓာတ်ထိန်းညှိပေးကာ နာရီပေါင်းများစွာ ပုံမှန် ဝတ်ဆင်နိုင်ပြီး ထုတ်လုပ်မှုမှန်သမျှကို ဖယ်ရှားပေးနိုင်ပါတယ်။

 

COVID-19 အတွက် တကယ့်ကာကွယ်ဆေးမထိုးမီ အချိန်ထိ မျက်နှာဖုံးသည် ကာကွယ်ဆေးအဖြစ် တည်ရှိနေပြီး Wise Protec မျက်နှာဖုံးတွင် အစိုဓာတ်နှင့်အပူချိန်ထိန်းချုပ်နိုင်ပြီး မြင့်မားသောစစ်ထုတ်ခြင်း စသည့်ဂုဏ်သတ္တိများ ပါရှိပါတယ်။

 

ဥရောပ၌ပြုလုပ်သော ထိုမျက်နှာဖုံးများမှာ အပြာရောင်၊ အစိမ်းရောင်၊ တောက်ပသောအဝါရောင်နှင့် သန္တာစသည့် အစိုင်အခဲအရောင်များရှိပြီး ကလေးများအတွက်လည်း ရရှိနိုင်ပါတယ်။

 

Wise Protec သည် F2FMART.com နှင့်လက်တွဲကာ အိန္ဒိယစားသုံးသူများအတွက် ဗိုင်းရပ်စ်ကာကွယ်သော မျက်နှာဖုံးများကို သီးသန့်စတင်ထုတ်လုပ်နေပြီး စတင်သည့် အချိန်မှစ၍ မျက်နှာဖုံးများသည် Amazon, Flipkart, Paytm နှင့် Snapdeal စသည့် ပလက်ဖောင်းအမျိုးမျိုးတွင် ဝယ်လိုအားမြင့်တက်ခဲ့ပါတယ်။

 

By THO (Myanmar Textile & Garment Guide)

Ref: fibre2fashion.com

Read 734 times
Rate this item
(0 votes)