What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာအနှံ့ရှိ သွင်းကုန်လုပ်ငန်းရှင်များအတွက် One–stop Destination ပေးမည့် ချည်မျှင်နှင့်အဝတ်အထည် ပြပွဲ

ကမ္ဘာအနှံ့ရှိ သွင်းကုန်လုပ်ငန်းရှင်များအတွက် One–stop Destination ပေးမည့် ချည်မျှင်နှင့်အဝတ်အထည် ပြပွဲ Google

          “ Reverse Buyer Seller Meet (RBSM), Ind–Texpo 2019 ” ပြပွဲကို ၂၇-၁-၂၀၁၉ ရက်နေ့ကနေ ၂၉-၁-၂၀၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ Tamil Nadu မြို့မှာ ၃ ရက်ကြာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

          အဆိုပါပြပွဲဟာ အိန္ဒိယအထည်အလိပ်ကဏ္ဍမှ ကမ္ဘာအနှံ့ရှိ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် fibre မှ fashion အထိ one–stop destination ပေးမယ့် B2B ပြပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံက ချည်မျှင်နဲ့ အထည်အလိပ် လုပ်ငန်းရှင်တွေလည်း ပါဝင်တက်ရောက် ပြသနိုင်ပါတယ်။

          ပြပွဲကို ( ၅၀၀၀ ) စတုရန်းမီတာ အကျယ်အဝန်းမှာ ခင်းကျင်းပြသသွားမှာ ဖြစ်ပြီး အိန္ဒိယမှချည်မျှင်နှင့်အဝတ်အထည် supplier (၄၀၀) ခန့် ပါဝင် ပြသမှာ ဖြစ်ပါတယ်။

          ဝယ်ယူသူများအနေဖြင့် တက်ရောက်မည်ဆိုပါက Directors / Senior Executive / Sourcing Agent အဆင့်ဖြစ်ဖို့ လိုအပ်ပြီး ကုမ္ပဏီတစ်ခုလျှင် လူ (၂)ဦး တက်ရောက်နိုင်ပါတယ်၊ Texprocil အဖွဲ့မှ ဝယ်ယူသူများကို လေယာဉ်ခနှင့် (၃) ညတာ တည်းခိုခွင့်ကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

          ဒီပြပွဲမှာ ပါဝင်ပြသလိုတဲ့ ကုန်သည်စက်မှုအသင်းချုပ်က အသင်းသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေဖြင့် ဝယ်ယူသူများအဖြစ် တက်ရောက်လိုပါက https://texprocil.org/ind-texpo.php မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

          အသေးစိတ်အချက်အလက်တွေကို ထပ်မံ သိရှိလိုပါက အသင်းသားရေးရာဌာန/ပြပွဲဌာနစိတ် ဖုန်း ၀၁ - ၂၃၁၄၃၄၄ (Ext - ၃၀၁) သို့မဟုတ် အီးမေးလ် itpc. This email address is being protected from spambots. You need JavaScript enabled to view it. ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source: UMFCCI

Read 1222 times
Rate this item
(0 votes)
Tagged under