What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်ထည် ၀တ်ဆင်ရခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေ

ချည်ထည် ၀တ်ဆင်ရခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေ google

ချည်ထည် ၀တ်ဆင်ရခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေကိုပြောပြချင်ပါတယ်။

ကျုံ့ ခြင်း - Cotton အကျီဝယ်တဲ့အခါ ကိုယ့်ကိုယ်တိုင်းနဲ့ ကွက်တိမဟုတ်ဘဲ နည်းနည်းလေးပွတာကိုရွေးဝယ်ပေးပါ။

ဒါမှချည်ထည်ရဲ့အနှစ်သာရဖြစ်တဲ့ သက်တောင့်သက်သာမှုပေးပြီး လျှော်ပြီးတဲ့အခါမှာလည်းအနေတော်လေးပြန်ဖြစ်သွားပါတယ်။
.
ကြေတွန့်ခြင်း - မီးပူတိုက်တာတော့ cotton မှမဟုတ်ဘူး။ ဘာဝတ်ဝတ်တိုက်ပြီးမှ ဝတ်ဖို့ပဲအားပေးပါတယ်ရှင်... ဘာဝတ်ဝတ်စမတ်ကျဖို့တော့လိုပါတယ်။

အဲ... မီးမလာတော့လည်း မတတ်နိုင်ဘူးပဲပေါ့နော်...အရေးတကြီးသွားလာစရာရှိရင်တော့ မကြေတဲ့အဝတ်သာရွေးဖို့ အကောင်းဆုံး။ 
.
ဆွေးမြေ့ခြင်း - Cotton စစ်စစ်တွေဟာ သဘာဝအပင်ကရတဲ့ natural fiber တွေဟာ plastic sythetic fiberတွေထက်ပိုအားနည်းလို့ မြန်မြန်ဟောင်းလွယ်ဆွေးလွယ်တယ်။

Cotton ဟာ shortened fiber ဖြစ်လို့ ဖုထစ်ပြတ်ရာလေးတွေလည်းဖြစ်တတ်ပါသေးတယ်။ 
.
လျှော်ဖွတ်ခြင်း - ဒီမှာတော့ လျှော်လိုက်ရင် ပုံပျက်တတ်တယ်လို့ပြောကြတယ်။

 ဒါပေမယ့် နည်းစနစ်လေးမှန်မှန် လျှော်ရင်တော့ မြန်မြန်ကြီးဟောင်းသွားတာထက်စာရင် ပိုကြာရှည်ခံမှာပါ။

အဝတ်လျှော်စက်ထဲ သတ်မှတ်ထားတဲ့အပူချိန်နဲ့မဟုတ်ဘဲ အကြမ်းပတမ်းလျှော်ရင်တော့ ချည်ထည်မှမဟုတ် တခြားအကျီတွေလည်းပိုပြီးဟောင်းလွယ်စုတ်လွယ်တတ်ပါတယ်။ 

အဓိကကတော့ အလွန်ကျွံအကြမ်းမလျှော်မိဖို့ပါပဲ။

အရောင်လွင့်ခြင်း - များများလျှော်ဖွတ်လေလေ အရောင်ကျလေလေဖြစ်ပါတယ်။

ဟောင်းလွယ်ပြီး အဲလိုပုံပေါက်နေတာကိုက သူ့သဘာဝအတိုင်းဖြစ်နေတာ.. cotton ထက်စာရင် Bamboo, Silk တို့က ပြောင်ပြောင်လေးနဲ့ Luxury ရုပ်ပိုထွက်ပါတယ်။

ဒါပေမယ့် ပိုအေးတာကတော့ cotton ပါ။

သတိထားရမှာကတော့ နေပူထဲတိုက်ရိုက်နေရောင်ထဲ မထားဖို့ပါပဲ။

ကြာကြာနေလှန်းလေ အရောင်ပိုလွင့်လေဖြစ်ပါတယ်။
.
ဒီဇိုင်းဂွမ်းတယ် - အကျီမှာ Design ease နဲ့ Wearing ease ၂မျိုးရှိပါတယ်။

ချည်ထည်ဆိုတာ ဆွဲသားမဟုတ်တော့ သိပ်fitဖြစ်တာတွေ design အများကြီးအသားပေးလို့မရပါဘူး

ချည်ကို comfortအတွက် အဓိကဝတ်တာဆိုတော့ အကြပ်ကြီးတွေအသားပေးဝတ်တာမျိုးရှောင်ပါတယ်။

ဒါပေမယ့် ပွပွလေးနဲ့ဒီဇိုင်းလှလှလေးလည်းဖြစ်အောင် စဉ်းစားဖန်တီးကြည့်ရမှာပဲလေ...

source amara khit


Read 1427 times
Rate this item
(0 votes)