What's new

×

Warning

JUser: :_load: Unable to load user with ID: 845


QIZ ၾသဇာ၊ အီဂ်စ္ ခ်ဳပ္ထည္နဲ႔ အစၥေရး

Zaw+ uniအီဂ်စ္မွာ ထုတ္လုပ္တဲ့ ခ်ဳပ္ထည္ေတြဟာ အစၥေရးရဲ႕ ပစၥည္းေတြကုိ သုံးစြဲၿပီး ခ်ဳပ္ထည္ေတြ ထုတ္လုပ္ေနေသးသေရြ႕

အဲဒီခ်ဳပ္ထည္ေတြကုိ ထုတ္လုပ္တဲ့ အီဂ်စ္ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြကုိ အေမရိကန္က အခြန္ကင္းလြတ္ခြင့္ ေပးထားတဲ့ အထူးအစီအစဥ္ ရွိတယ္။
အဲဒီအစီအစဥ္ရဲ႕ မူလအစဟာ ၁၉၉၆ ခုႏွစ္မွာ အေမရိကန္ ကြန္ဂရက္က Qualifying Industrial Zones (QIZ) ဆုိတဲ့ အစီအစဥ္ကုိ စတင္ခဲ့တယ္။ စီးပြားေရးပူးေပါင္း ေဆာင္ရြက္ၾကျခင္းျဖင့္ အီဂ်စ္၊ အစၥေရးနဲ႔ ေဂ်ာ္ဒန္ သုံးႏုိင္ငံအၾကား ပုံမွန္ဆက္ဆံေရး ရွိေနေစဖုိ႔ ရည္ရြယ္ထားတယ္။
QIZ ကုိ အသုံးခ်ဖုိ႔အတြက္ ခ်ဳပ္ထည္ရဲ႕ ၁၅% စာ ထုတ္ကုန္ေတြကုိ အစၥေရးထံမွ ရယူသုံးစြဲရပါတယ္။ အီဂ်စ္ႏုိင္ငံမွာ Qualifying Industrial Zones (QIZ) ၇၀၅ ခုရွိၿပီး အဲဒီဇုန္ေတြမွ ထုတ္လုပ္တဲ့ ထုတ္ကုန္ေတြကုိ အေမရိကသုိ႔ ေပးပုိ႔ပါတယ္။ အေမရိက ေဈးကြက္ထဲမွာ အခြန္သက္သာကင္းလြတ္ခြင့္ေတြ ေပးတာမွာ ပစၥည္းအေပၚမူတည္ၿပီး ၄ မွ ၄၀ % အထိ ရရွိပါတယ္။ မ်ားေသာအားျဖင့္ ၁၅% ၀န္းက်င္မွာ ရရွိပါတယ္။
အီဂ်စ္မွာ ခ်ဳပ္တဲ့ Gap, Levi’s နဲ႔ Ralph Lauren အ၀တ္အစားေတြမွာ အစၥေရးရဲ႕ ပစၥည္းပါ၀င္ေၾကာင္း ေဖာ္ျပထားတာ မေတြ႕ႏုိင္ဘူး။ ဘယ္ႏုိင္ငံမွာ အၿပီးသတ္ ခ်ဳပ္လုပ္တယ္ဆုိတာကုိ ေဖာ္ျပၾကတဲ့ Made in Egypt လုိ႔ပဲ ေတြ႕မွာ ျဖစ္ပါတယ္။
QIZ အစီအစဥ္ေၾကာင့္ အခြန္သက္သာလုိ႔ အီဂ်စ္မွာ ခ်ဳပ္ထည္ေတြ အပ္ႏွံမႈ ပုိမ်ားေစခဲ့တာ အမွန္ပါပဲ။ အေမရိကကုိ တင္ပုိ႔တာ ကန္ေဒၚလာ ၈.၆ ဘီလ်ံဖုိး ရွိတဲ့အထိ ျမင့္တက္သြားခဲ့တယ္။

အီဂ်စ္က စီးပြားေရး က်ေနတာ ခုနစ္ႏွစ္နီးပါး ရွိၿပီ။ စီးပြားေရး ျပန္ေထာင္လာဖုိ႔ လုပ္တာမွာ အထည္အလိပ္နဲ႔ အထည္ခ်ဳပ္က႑ကုိ ျမႇင့္တင္ေပးေနတယ္။ အာရွမွာ လူေနမႈစရိတ္ ျမင့္တက္တာေၾကာင့္ ခ်ဳပ္ခေတြ ျမင့္တက္လာေနတာဟာ အီဂ်စ္အတြက္ အခြင့္ေကာင္း ျဖစ္လာေနပါတယ္။ ကမၻာေပၚမွာ အ၀တ္အစား တင္သြင္းမႈ အမ်ားဆုံး ျဖစ္တဲ့ အေမရိကကုိ အီဂ်စ္မွ အေကာက္ခြန္ကင္းလြတ္ခြင့္ျဖင့္ တင္သြင္းရတဲ့အျပင္ အခြန္သက္သာမႈေတြလည္း ထပ္ရဦးမယ္။ အီဂ်စ္မွာ လုပ္ခေတြက မျမင့္မားဘူး။ ဒီေတာ့ အီဂ်စ္မွာ အထည္ခ်ဳပ္ဖုိ႔ အပ္ႏွံသူေတြ မ်ားလာတယ္။ အခုဆုိရင္ အထည္အလိပ္နဲ႔ အထည္ခ်ဳပ္ိက႑ဟာ ႏွစ္စဥ္ ျပည္ပသုိ႔ ကန္ေဒၚလာ ၂.၅ ဘီလ်ံဖုိး တင္ပုိ႔ေနတယ္။ အစုိးရက ယခုႏွစ္မွာ ကန္ေဒၚလာ ၄ ဘီလ်ံအထိ တင္ပုိ႔ႏုိင္ေအာင္ ႀကိဳးပမ္းအားထုတ္သြားမယ္လုိ႔ ကတိေပးထားတယ္။ ကမၻာ့အမ်ားဆုံး အထည္ခ်ဳပ္ တင္ပုိ႔ႏုိင္ငံ သုံးႏုိင္ငံျဖစ္တဲ့ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္နဲ႔ တူရကီတုိ႔ကုိ အီဂ်စ္က အစားထုိးေနရာယူဖုိ႔ လုပ္ေဆာင္ေနတယ္။ အဲဒီအတြက္ QIZ ကုိ အသုံးခ်ၿပီး လုပ္ကိုင္လ်က္ ရွိပါတယ္။

ေဒသတြင္း ၿငိမ္းခ်မ္းေရးအတြက္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈမ်ားမွတစ္ဆင့္ ေဖာ္ေဆာင္တာမွာ အီဂ်စ္ အထည္ခ်ဳပ္က႑ အက်ဳိးခံစားရတယ္။ အစၥေရးလည္း အက်ဳိးခံစားရတယ္။ အီဂ်စ္အထည္ခ်ဳပ္က႑ထဲကုိ အစၥေရးမွ ထုတ္ကုန္ေတြ အနည္းအက်ဥ္းေလာက္ပဲ စီး၀င္တယ္။ အစၥေရးက ကုန္ေရာင္း စာရြက္စာတမ္းေတြကိုသာ အေထာက္အထားျပဖုိ႔ ထုတ္ေပးတယ္။ အီဂ်စ္ဘက္ အဲဒီ စာရြက္စာတမ္းေတြအတြက္ ေငြေပးေခ်ရတယ္။ အေမရိကသု႔ိ ပုိ႔ကုန္တန္ဖုိးရဲ႕ ၁၀ ရာခုိင္ႏႈန္း ၀န္းက်င္အထိကုိ ဘာထုတ္ကုန္မွ အစၥေရးထံမွ မရဘဲ စာရြက္စာတမ္း အေထာက္အထားရဖုိ႔သက္သက္အတြက္ ေပးေခ်ရတယ္။ တစ္နည္းေျပာရရင္ ေကာ္မရွင္ေၾကး ေပးရတာနဲ႔ အတူတူပဲ။ ခ်ဳပ္ထည္ေတြကုိ အီဂ်စ္မွ အေမရိကသုိ႔ တင္ပုိ႔မႈ ျမင့္မားေလ အစၥေရးက ေကာ္မရွင္ခ ပုိရေလ ျဖစ္ပါတယ္။

 

Uni

အီဂျစ်မှာ ထုတ်လုပ်တဲ့ ချုပ်ထည်တွေဟာ အစ္စရေးရဲ့ ပစ္စည်းတွေကို သုံးစွဲပြီး ချုပ်ထည်တွေ ထုတ်လုပ်နေသေးသရွေ့


အဲဒီချုပ်ထည်တွေကို ထုတ်လုပ်တဲ့ အီဂျစ် အထည်ချုပ်လုပ်ငန်းရှင်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ အထူးအစီအစဉ် ရှိတယ်။
အဲဒီအစီအစဉ်ရဲ့ မူလအစဟာ ၁၉၉၆ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်က Qualifying Industrial Zones (QIZ) ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့တယ်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် အီဂျစ်၊ အစ္စရေးနဲ့ ဂျော်ဒန် သုံးနိုင်ငံအကြား ပုံမှန်ဆက်ဆံရေး ရှိနေစေဖို့ ရည်ရွယ်ထားတယ်။
QIZ ကို အသုံးချဖို့အတွက် ချုပ်ထည်ရဲ့ ၁၅% စာ ထုတ်ကုန်တွေကို အစ္စရေးထံမှ ရယူသုံးစွဲရပါတယ်။ အီဂျစ်နိုင်ငံမှာ Qualifying Industrial Zones (QIZ) ၇၀၅ ခုရှိပြီး အဲဒီဇုန်တွေမှ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို အမေရိကသို့ ပေးပို့ပါတယ်။ အမေရိက ဈေးကွက်ထဲမှာ အခွန်သက်သာကင်းလွတ်ခွင့်တွေ ပေးတာမှာ ပစ္စည်းအပေါ်မူတည်ပြီး ၄ မှ ၄၀ % အထိ ရရှိပါတယ်။ များသောအားဖြင့် ၁၅% ဝန်းကျင်မှာ ရရှိပါတယ်။
အီဂျစ်မှာ ချုပ်တဲ့ Gap, Levi’s နဲ့ Ralph Lauren အဝတ်အစားတွေမှာ အစ္စရေးရဲ့ ပစ္စည်းပါဝင်ကြောင်း ဖော်ပြထားတာ မတွေ့နိုင်ဘူး။ ဘယ်နိုင်ငံမှာ အပြီးသတ် ချုပ်လုပ်တယ်ဆိုတာကို ဖော်ပြကြတဲ့ Made in Egypt လို့ပဲ တွေ့မှာ ဖြစ်ပါတယ်။
QIZ အစီအစဉ်ကြောင့် အခွန်သက်သာလို့ အီဂျစ်မှာ ချုပ်ထည်တွေ အပ်နှံမှု ပိုများစေခဲ့တာ အမှန်ပါပဲ။ အမေရိကကို တင်ပို့တာ ကန်ဒေါ်လာ ၈.၆ ဘီလျံဖိုး ရှိတဲ့အထိ မြင့်တက်သွားခဲ့တယ်။

အီဂျစ်က စီးပွားရေး ကျနေတာ ခုနစ်နှစ်နီးပါး ရှိပြီ။ စီးပွားရေး ပြန်ထောင်လာဖို့ လုပ်တာမှာ အထည်အလိပ်နဲ့ အထည်ချုပ်ကဏ္ဍကို မြှင့်တင်ပေးနေတယ်။ အာရှမှာ လူနေမှုစရိတ် မြင့်တက်တာကြောင့် ချုပ်ခတွေ မြင့်တက်လာနေတာဟာ အီဂျစ်အတွက် အခွင့်ကောင်း ဖြစ်လာနေပါတယ်။ ကမ္ဘာပေါ်မှာ အဝတ်အစား တင်သွင်းမှု အများဆုံး ဖြစ်တဲ့ အမေရိကကို အီဂျစ်မှ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရတဲ့အပြင် အခွန်သက်သာမှုတွေလည်း ထပ်ရဦးမယ်။ အီဂျစ်မှာ လုပ်ခတွေက မမြင့်မားဘူး။ ဒီတော့ အီဂျစ်မှာ အထည်ချုပ်ဖို့ အပ်နှံသူတွေ များလာတယ်။ အခုဆိုရင် အထည်အလိပ်နဲ့ အထည်ချုပိ်ကဏ္ဍဟာ နှစ်စဉ် ပြည်ပသို့ ကန်ဒေါ်လာ ၂.၅ ဘီလျံဖိုး တင်ပို့နေတယ်။ အစိုးရက ယခုနှစ်မှာ ကန်ဒေါ်လာ ၄ ဘီလျံအထိ တင်ပို့နိုင်အောင် ကြိုးပမ်းအားထုတ်သွားမယ်လို့ ကတိပေးထားတယ်။ ကမ္ဘာ့အများဆုံး အထည်ချုပ် တင်ပို့နိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တူရကီတို့ကို အီဂျစ်က အစားထိုးနေရာယူဖို့ လုပ်ဆောင်နေတယ်။ အဲဒီအတွက် QIZ ကို အသုံးချပြီး လုပ်ကိုင်လျက် ရှိပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးအတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဖော်ဆောင်တာမှာ အီဂျစ် အထည်ချုပ်ကဏ္ဍ အကျိုးခံစားရတယ်။ အစ္စရေးလည်း အကျိုးခံစားရတယ်။ အီဂျစ်အထည်ချုပ်ကဏ္ဍထဲကို အစ္စရေးမှ ထုတ်ကုန်တွေ အနည်းအကျဉ်းလောက်ပဲ စီးဝင်တယ်။ အစ္စရေးက ကုန်ရောင်း စာရွက်စာတမ်းတွေကိုသာ အထောက်အထားပြဖို့ ထုတ်ပေးတယ်။ အီဂျစ်ဘက် အဲဒီ စာရွက်စာတမ်းတွေအတွက် ငွေပေးချေရတယ်။ အမေရိကသို့ ပို့ကုန်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်အထိကို ဘာထုတ်ကုန်မှ အစ္စရေးထံမှ မရဘဲ စာရွက်စာတမ်း အထောက်အထားရဖို့သက်သက်အတွက် ပေးချေရတယ်။ တစ်နည်းပြောရရင် ကော်မရှင်ကြေး ပေးရတာနဲ့ အတူတူပဲ။ ချုပ်ထည်တွေကို အီဂျစ်မှ အမေရိကသို့ တင်ပို့မှု မြင့်မားလေ အစ္စရေးက ကော်မရှင်ခ ပိုရလေ ဖြစ်ပါတယ်။

Read 857 times
Rate this item
(0 votes)