What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်ရှိအထည်အလိပ်လုပ်ငန်းများတွင် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံမှုများ

ဗီယက်နမ်ရှိအထည်အလိပ်လုပ်ငန်းများတွင် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံမှုများ fibre2fashion

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများသည် ပြီးခဲ့သည့်နှစ်များအတွင်း လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) မှ ရရှိသော အခွင့်အလမ်းများကို ရယူနိုင်ရန် ဗီယက်နမ်အထည်အလိပ်လုပ်ငန်းနဲ့ ဖိနပ်လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

 

ပုံမှန်အားဖြင့် ၎င်းတို့က ဈေးကွက်နဲ့ဆိုင်တဲ့ အားသာချက်များနှင့်စက်မှုလုပ်ငန်းများကို ပံ့ပိုးပေးခဲ့တဲ့အတွက် Ho Chi Minh မြို့တော်ရှိ Binh Duong နှင့် Dong Nai ပြည်နယ်များပါဝင်သော တောင်ပိုင်းစီးပွားရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်တရုတ်အမျိုးသားစက်မှုလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဝမ်ဝမ်ယွမ်က ဗီယက်နမ်သည် ၎င်း၏ဖွံ့ဖြိုးရေးမဟာဗျူဟာတွင် အထည်အလိပ်၊ ဖိနပ်နဲ့ အထောက်အကူပြုစက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသည်မှာ ထိုင်ဝမ်ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

ဗီယက်နမ်နိုင်ငံသည် ၂၀၀၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ဒေါ်လာ ၁.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် Hung Nghiep Formosa Dong Nai Textile ကုမ္ပဏီကို လက်ခံရရှိကြောင်း ဗီယက်နမ်မီဒီယာအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

Polytex Far Eastern Viet Nam ရဲ့ စက်ရုံခွဲဖြစ်တဲ့ Binh Duong ၏ Bau Bang စက်မှုဇုန်တွင်း ချည်နှင့် polyester ချည်များကဲ့သို့ ကုန်ကြမ်းများထုတ်လုပ်ရန် စက်ရုံတစ်ရုံလည်း ရှိပါတယ်။ ဒေါ်လာ ၂၇၄ သန်းကျော်ကိုပထမဆုံးအဆင့်တွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး မှတ်ပုံတင်ထားသည့်စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၇၆၀ သန်းဖြစ်တယ်လို့ သိရပါတယ်။

 

အခြားထိုင်ဝမ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tainan Spinning Company Ltd. မှာ Dong Nai ရှိ Long Khanh စက်မှုဇုန်ရဲ့ Long Thai Tu Spinning စက်ရုံတွင် ရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း ၁၀၀ အထိ တိုးမြှင့်ခဲ့ပါသေးတယ်။

 

By Myanmar Textile & Garment Guide

Ref:fibre2fashion.com

Read 730 times
Rate this item
(0 votes)