What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂ်င္းထည္ျဖင့္ အသက္ဆက္ ဂျင်းထည်ဖြင့် အသက်ဆက်

(Zaw+Uni)Zara နဲ႔ Next Plc. တုိ႔လုိ အဝတ္အစား လက္လီလုပ္ငန္းႀကီးေတြကုိ ေပးသြင္းေနတဲ့လုပ္ငန္း ျဖစ္လာေအာင္

Artistic Denim Mills Ltd. ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ဖုိင္စယ္ အာမက္က ႀကိဳးပမ္းေဆာင္ရြက္ခဲ့တယ္။
ပါကစၥတန္ႏုိင္ငံရဲက အထည္အလိပ္ ထုတ္လုပ္မႈက႑မွာ ဆုတ္ကပ္ ဆုိက္ေနခ်ိန္မွာ သူ႔လုပ္ငန္းက ေအာင္ျမင္ေနတယ္။ အဝတ္အစား လက္လီလုပ္ငန္းႀကီးေတြက သူတုိ႔ရဲ႕ အဝတ္အစားေတြ ခ်ဳပ္ဖုိ႔ အထည္အလိပ္ေတြ မွာယူတာမွာ ပါကစၥတန္မွ မွာယူတာေတြကုိ ေဈးပုိသက္သာတဲ့အျပင္ အခ်ိန္ကုိက္ ေပးသြင္းႏုိင္တဲ့ ဘဂၤလားေဒ့ရွ္နဲ႔ ဗီယက္နမ္တုိ႔မွ အထည္အလိပ္စက္႐ုံေတြထံမွာ ေျပာင္းလဲ မွာယူၾကတယ္။ ပါကစၥတန္ႏုိင္ငံမွ အထည္အလိပ္ထုတ္လုပ္သူေတြဟာ လွ်ပ္စစ္မီး ျပတ္ေတာက္တာ၊ ေငြလဲႏႈန္း ျမင့္မားတာ၊ အစုိးရမွ အေရးတယူ မလုပ္တာတုိ႔ကုိ ႏွစ္ကာလရွည္ၾကာ ႀကံဳေတြ႕ေနခဲ့ၾကတယ္။ ရာခ်ီတဲ့ အထည္အလိပ္စက္႐ုံေတြ ပိတ္လုိက္ၾကရလုိ႔ အလုပ္ျပဳတ္သြားသူဦးေရ ငါးသိန္းေလာက္ ရွိတယ္။
အဲဒီလုိေတြ ျဖစ္ေနၾကခ်ိန္မွာ အထည္အလိပ္ လုပ္ငန္းတစ္ခု ျဖစ္ၿပီး
ဝါ မွ ဂ်င္းအဝတ္အစား ျဖစ္တဲ့အထိ အဆင့္ဆင့္ကုိ ထုတ္လုပ္ေပးတဲ့ Artistic Denim Mills Ltd. ကေတာ့ ထုတ္လုပ္မႈကုိ္ ႏွစ္ဆတုိးဖုိ႔ စက္႐ုံအသစ္တစ္ခုကုိ ကရာခ်ိၿမိဳ႕မွာ ေဆာက္တယ္။ စက္႐ုံအသစ္ ပုံမွန္လည္ပတ္ႏုိင္ၿပီဆုိရင္ တစ္ႏွစ္ကုိ ကန္ေဒၚလာ ၂၇ သန္း ဝင္ေငြရရွိ္မယ္လုိ႔ ေမွ်ာ္မွန္းထားတယ္။

တျခားအထည္အလိပ္လုပ္ငန္းရွင္ေတြနဲ႔ ကြာျခားေနတာက တျခားသူေတြက အထည္အလိပ္ကုိပဲ ေဇာက္ခ်ၿပီး လုပ္ကုိင္ၾကတယ္။
ဖုိင္စယ္အာမက္ရဲ႕ အခရာက်တဲ့ ဆုံးျဖတ္ခ်က္တစ္ခုက တျခား အထည္အလိပ္လုပ္ငန္းရွင္ေတြနဲ႔ မတူတာက ခ်ည္ကေန အထည္အလိပ္ ထုတ္လုပ္တဲ့အဆင့္အထိသာ လုပ္ကုိင္ျခင္း မဟုတ္ဘဲ သူ႔ကုမၸဏီမွာ အထည္ခ်ဳပ္လုပ္ငန္းကုိပါ ထည့္သြင္းထူေထာင္ထားျခင္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၅ ႏွစ္ကတည္းက အထည္ခ်ဳပ္လုပ္ငန္းကုိ သူ စလုပ္ခဲ့တယ္။ ‘‘အခုဆုိရင္ အရင္တုန္းက တူရကီမွာ သြားခ်ဳပ္တဲ့ အဝတ္အစား ေအာ္ဒါအမ်ားအျပားကုိ ကၽြန္ေတာ္တုိ႔ ရယူလုိ႔ ရေနၿပီ’’ လုိ႔ သူက ေျပာျပတယ္။
Artistic Denim ဟာ ေနာက္ဆုံးေပၚ နည္းပညာေတြနဲ႔ ကုန္ထုတ္လုပ္နည္းေတြကုိလည္း အမီလုိက္တယ္။ အခုဆုိရင္ စြန္႔ပစ္ထားတဲ့ PET bottle ေရသန္႔ဘူးခြံကေန ခ်ည္မွ်င္ ထုတ္ယူၿပီး ဂ်င္းအထည္သားေတြ ရက္လုပ္တဲ့ အပုိင္းက႑ Artistic Denim မွာ ရွိေနတယ္။

ခ်ည္မွ်င္နဲ႔ အထည္အလိပ္ ကုန္ထုတ္က႑ဟာ ပါကစၥတန္ႏုိင္ငံ စီးပြားေရးရဲ႕ ေက်ာ႐ုိးအျဖစ္ တည္ရွိခဲ့တာ ဆယ္စုႏွစ္ေတြ အေတာ္ၾကာခဲ့ပါၿပီ။ ဝါစုိက္ပ်ဳိးထုတ္လုပ္မႈမွာလည္း ပါကစၥတန္ဟာ ကမၻာ့ထိပ္တန္း ၅ ႏုိင္ငံမွာ ပါဝင္တယ္။ ရလာတဲ့ ဝါေတြကုိ ခ်ည္ငင္တယ္။ အထည္ရက္တယ္။ ၿပီးရင္ အထည္အလိပ္ေတြကုိ တျခားအာရွႏုိင္ငံေတြထံ တင္ပုိ႔တယ္။ အဲဒီႏုိင္ငံေတြမွာ အဝတ္အစားေတြကုိ အထည္ခ်ဳပ္လုပ္ငန္းေတြက ခ်ဳပ္ၾကတယ္။
ကမၻာဘဏ္ရဲ႕ အဆုိအရ ပါကစၥတန္ႏုိင္ငံဟာ ႏုိင္ငံတကာေဈးကြက္မွာ ၂ဝဝ၅ မွ ၂ဝ၁၆ ခုႏွစ္အတြင္း ေဝစု ဆုံး႐ႈံးခဲ့ၿပီး အဲဒီကာလအတြင္းမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ ဗီယက္နမ္တုိ႔က ေဝစုေတြ ၃ ဆနီးပါး နဲ႔ ၂ ဆနီးပါး တက္သြားတယ္။

ပါကစၥတန္အစုိးရက ျပည္ပပုိ႔ကုန္လုပ္ငန္းေတြကုိ အခြန္သက္ညႇာခြင့္ ျပ႒ာန္းေပးၿပီး ၃ ႏွစ္တုိင္တုိက္ က်ဆင္းေနတဲ့ ျပည္ပတင္ပုိ႔မႈကုိ ျမႇင့္တင္ေပးလုိက္လုိ႔ ယခုႏွစ္မွာ ပုိ႔ကုန္ပမာစ ျပန္ခုန္တက္သြားတယ္။ အခုလုိ အခြန္သက္ညႇာေပးတာဟာ တန္ဖုိး ထပ္ျဖည့္ထည့္ေပးတဲ့ ဂ်င္းထည္ ခ်ဳပ္လုပ္သူ Artistic Denim အတြက္ေတာ့ ႀကီးမားတဲ့ မက္လုံး ျဖစ္ေနပါတယ္။
ဘဂၤလားေဒ့ရွ္နဲ႔ ဗီယက္နမ္ အစုိးရတုိ႔က အထည္အလိပ္နဲ႔ အထည္ခ်ဳပ္လုပ္ငန္းေတြကုိ ႀကီးမားတဲ့ ေထာက္ကူမႈေတြေပးၿပီး ျမႇင့္တင္တယ္။ ပါကစၥတန္မွာေတာ့ အခြန္သက္သာခြင့္ စေပးတာပဲ ရွိေသးတယ္။ လွ်ပ္စစ္မီတာခ ေလွ်ာ့ေပးတာ လုပ္ေပဖုိ႔ လုိေနေသးတယ္။ အျခားတစ္ဖက္မွာေတာ့ လုပ္ငန္းရွင္ေတြက ျပည္ပထြက္ၿပီး လုိက္ရွာတာကုိ မလုပ္ၾကဘဲ ဝယ္လက္ကုိ ထုိင္ေစာင့္ၾကတယ္။ ‘‘ ကမၻာ့ေဈးကြက္မွာ
ျပည္တြင္းနဲ႔ျပည္ပ လုပ္ငန္းေတြ ေပါင္းစည္းၿပီး လုပ္ဖုိ႔ လုိတယ္။ စီးပြားေရးလုပ္ငန္းရဲ႕ အရြယ္အစားႀကီးမားဖုိ႔ လုိတယ္။ အဲဒါေတြ လုပ္ႏုိင္မွ ေငြရွာလုိ႔ ရႏုိင္မယ္’’ လုိ႔ သူက သုံးသပ္ျပပါတယ္။

Artistic Denim က အေမရိကန္ႏုိင္ငံ ေလာ့စ္အိန္ဂ်ယ္လိစ္မွာ ပရီယီယံ brand ေတြကုိ ခ်ဥ္းကပ္တယ္။ သူ႔စက္႐ုံနဲ႔ ကုိက္မယ့္ ေအာ္ဒါေတြ ရွာတယ္။ အေျမာက္အျမား တစ္ႀကိမ္မွာၿပီးရင္ အဲဒါေတြ ေရာင္းကုန္ခါနီးမွ ေနာက္တစ္ႀကိမ္ ေအာ္ဒါေပးမယ့္လုပ္ငန္းမ်ဳိးကုိ ေရွာင္တယ္။ အေရအတြက္ကုိ နည္းနည္းပဲထုတ္ၿပီး ဒီဇုိင္းကုိ အၿမဲေျပာင္းေပးေနတဲ့ လုပ္ငန္းေတြထံမွ ေအာ္ဒါေတြ ရယူတယ္။
ဖုိင္စယ္ အာမက္က ‘‘ပါကစၥတန္မွာ ပုိႀကီးမားတဲ့ အထည္အလိပ္က႑က ျပႆနာတက္ေနေပမဲ့ ဂ်င္းထည္ေတြ ပုိမုိတင္ပုိ႔ခြင့္ ရမယ့္အလားအလာေတြ ရွိေနတယ္။ အဲဒါဟာ ပါကစၥတန္အတြက္ ႀကီးမားတဲ့ အခြင့္အလမ္းပဲ’’ လုိ႔ သုံးသပ္ပါတယ္။

Unicode

Zara နဲ့ Next Plc. တို့လို အဝတ်အစား လက်လီလုပ်ငန်းကြီးတွေကို ပေးသွင်းနေတဲ့လုပ်ငန်း ဖြစ်လာအောင် Artistic Denim Mills Ltd. ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဖိုင်စယ် အာမက်က ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။
ပါကစ္စတန်နိုင်ငံရဲက အထည်အလိပ် ထုတ်လုပ်မှုကဏ္ဍမှာ ဆုတ်ကပ် ဆိုက်နေချိန်မှာ သူ့လုပ်ငန်းက အောင်မြင်နေတယ်။ အဝတ်အစား လက်လီလုပ်ငန်းကြီးတွေက သူတို့ရဲ့ အဝတ်အစားတွေ ချုပ်ဖို့ အထည်အလိပ်တွေ မှာယူတာမှာ ပါကစ္စတန်မှ မှာယူတာတွေကို ဈေးပိုသက်သာတဲ့အပြင် အချိန်ကိုက် ပေးသွင်းနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်တို့မှ အထည်အလိပ်စက်ရုံတွေထံမှာ ပြောင်းလဲ မှာယူကြတယ်။ ပါကစ္စတန်နိုင်ငံမှ အထည်အလိပ်ထုတ်လုပ်သူတွေဟာ လျှပ်စစ်မီး ပြတ်တောက်တာ၊ ငွေလဲနှုန်း မြင့်မားတာ၊ အစိုးရမှ အရေးတယူ မလုပ်တာတို့ကို နှစ်ကာလရှည်ကြာ ကြုံတွေ့နေခဲ့ကြတယ်။ ရာချီတဲ့ အထည်အလိပ်စက်ရုံတွေ ပိတ်လိုက်ကြရလို့ အလုပ်ပြုတ်သွားသူဦးရေ ငါးသိန်းလောက် ရှိတယ်။
အဲဒီလိုတွေ ဖြစ်နကြေချိန်မှာ အထည်အလိပ် လုပ်ငန်းတစ်ခု ဖြစ်ပြီး
ဝါ မှ ဂျင်းအဝတ်အစား ဖြစ်တဲ့အထိ အဆင့်ဆင့်ကို ထုတ်လုပ်ပေးတဲ့ Artistic Denim Mills Ltd. ကတော့ ထုတ်လုပ်မှုကို် နှစ်ဆတိုးဖို့ စက်ရုံအသစ်တစ်ခုကို ကရာချိမြို့မှာ ဆောက်တယ်။ စက်ရုံအသစ် ပုံမှန်လည်ပတ်နိုင်ပြီဆိုရင် တစ်နှစ်ကို ကန်ဒေါ်လာ ၂၇ သန်း ဝင်ငွေရရှိ်မယ်လို့ မျှော်မှန်းထားတယ်။

တခြားအထည်အလိပ်လုပ်ငန်းရှင်တွေနဲ့ ကွာခြားနေတာက တခြားသူတွေက အထည်အလိပ်ကိုပဲ ဇောက်ချပြီး လုပ်ကိုင်ကြတယ်။
ဖိုင်စယ်အာမက်ရဲ့ အခရာကျတဲ့ ဆုံးဖြတ်ချက်တစ်ခုက တခြား အထည်အလိပ်လုပ်ငန်းရှင်တွေနဲ့ မတူတာက ချည်ကနေ အထည်အလိပ် ထုတ်လုပ်တဲ့အဆင့်အထိသာ လုပ်ကိုင်ခြင်း မဟုတ်ဘဲ သူ့ကုမ္ပဏီမှာ အထည်ချုပ်လုပ်ငန်းကိုပါ ထည့်သွင်းထူထောင်ထားခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက အထည်ချုပ်လုပ်ငန်းကို သူ စလုပ်ခဲ့တယ်။ ‘‘အခုဆိုရင် အရင်တုန်းက တူရကီမှာ သွားချုပ်တဲ့ အဝတ်အစား အော်ဒါအများအပြားကို ကျွန်တော်တို့ ရယူလို့ ရနပြေီ’’ လို့ သူက ပြောပြတယ်။
Artistic Denim ဟာ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ကုန်ထုတ်လုပ်နည်းတွေကိုလည်း အမီလိုက်တယ်။ အခုဆိုရင် စွန့်ပစ်ထားတဲ့ PET bottle ရေသန့်ဘူးခွံကနေ ချည်မျှင် ထုတ်ယူပြီး ဂျင်းအထည်သားတွေ ရက်လုပ်တဲ့ အပိုင်းကဏ္ဍ Artistic Denim မှာ ရှိနေတယ်။

ချည်မျှင်နဲ့ အထည်အလိပ် ကုန်ထုတ်ကဏ္ဍဟာ ပါကစ္စတန်နိုင်ငံ စီးပွားရေးရဲ့ ကျောရိုးအဖြစ် တည်ရှိခဲ့တာ ဆယ်စုနှစ်တွေ အတော်ကြာခဲ့ပါပြီ။ ဝါစိုက်ပျိုးထုတ်လုပ်မှုမှာလည်း ပါကစ္စတန်ဟာ ကမ္ဘာ့ထိပ်တန်း ၅ နိုင်ငံမှာ ပါဝင်တယ်။ ရလာတဲ့ ဝါတွေကို ချည်ငင်တယ်။ အထည်ရက်တယ်။ ပြီးရင် အထည်အလိပ်တွေကို တခြားအာရှနိုင်ငံတွေထံ တင်ပို့တယ်။ အဲဒီနိုင်ငံတွေမှာ အဝတ်အစားတွေကို အထည်ချုပ်လုပ်ငန်းတွေက ချုပ်ကြတယ်။
ကမ္ဘာဘဏ်ရဲ့ အဆိုအရ ပါကစ္စတန်နိုင်ငံဟာ နိုင်ငံတကာဈေးကွက်မှာ ၂ဝဝ၅ မှ ၂ဝ၁၆ ခုနှစ်အတွင်း ဝေစု ဆုံးရှုံးခဲ့ပြီး အဲဒီကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဗီယက်နမ်တို့က ဝေစုတွေ ၃ ဆနီးပါး နဲ့ ၂ ဆနီးပါး တက်သွားတယ်။

ပါကစ္စတန်အစိုးရက ပြည်ပပို့ကုန်လုပ်ငန်းတွေကို အခွန်သက်ညှာခွင့် ပြဋ္ဌာန်းပေးပြီး ၃ နှစ်တိုင်တိုက် ကျဆင်းနေတဲ့ ပြည်ပတင်ပို့မှုကို မြှင့်တင်ပေးလိုက်လို့ ယခုနှစ်မှာ ပို့ကုန်ပမာစ ပြန်ခုန်တက်သွားတယ်။ အခုလို အခွန်သက်ညှာပေးတာဟာ တန်ဖိုး ထပ်ဖြည့်ထည့်ပေးတဲ့ ဂျင်းထည် ချုပ်လုပ်သူ Artistic Denim အတွက်တော့ ကြီးမားတဲ့ မက်လုံး ဖြစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ် အစိုးရတို့က အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေကို ကြီးမားတဲ့ ထောက်ကူမှုတွေပေးပြီး မြှင့်တင်တယ်။ ပါကစ္စတန်မှာတော့ အခွန်သက်သာခွင့် စပေးတာပဲ ရှိသေးတယ်။ လျှပ်စစ်မီတာခ လျှော့ပေးတာ လုပ်ပေဖို့ လိုနေသေးတယ်။ အခြားတစ်ဖက်မှာတော့ လုပ်ငန်းရှင်တွေက ပြည်ပထွက်ပြီး လိုက်ရှာတာကို မလုပ်ကြဘဲ ဝယ်လက်ကို ထိုင်စောင့်ကြတယ်။ ‘‘ ကမ္ဘာ့ဈေးကွက်မှာ
ပြည်တွင်းနဲ့ပြည်ပ လုပ်ငန်းတွေ ပေါင်းစည်းပြီး လုပ်ဖို့ လိုတယ်။ စီးပွားရေးလုပ်ငန်းရဲ့ အရွယ်အစားကြီးမားဖို့ လိုတယ်။ အဲဒါတွေ လုပ်နိုင်မှ ငွေရှာလို့ ရနိုင်မယ်’’ လို့ သူက သုံးသပ်ပြပါတယ်။

Artistic Denim က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မှာ ပရီယီယံ brand တွေကို ချဉ်းကပ်တယ်။ သူ့စက်ရုံနဲ့ ကိုက်မယ့် အော်ဒါတွေ ရှာတယ်။ အမြောက်အမြား တစ်ကြိမ်မှာပြီးရင် အဲဒါတွေ ရောင်းကုန်ခါနီးမှ နောက်တစ်ကြိမ် အော်ဒါပေးမယ့်လုပ်ငန်းမျိုးကို ရှောင်တယ်။ အရေအတွက်ကို နည်းနည်းပဲထုတ်ပြီး ဒီဇိုင်းကို အမြဲပြောင်းပေးနေတဲ့ လုပ်ငန်းတွေထံမှ အော်ဒါတွေ ရယူတယ်။
ဖိုင်စယ် အာမက်က ‘‘ပါကစ္စတန်မှာ ပိုကြီးမားတဲ့ အထည်အလိပ်ကဏ္ဍက ပြဿနာတက်နေပေမဲ့ ဂျင်းထည်တွေ ပိုမိုတင်ပို့ခွင့် ရမယ့်အလားအလာတွေ ရှိနေတယ်။ အဲဒါဟာ ပါကစ္စတန်အတွက် ကြီးမားတဲ့ အခွင့်အလမ်းပဲ’’ လို့ သုံးသပ်ပါတယ်။

Read 1945 times
Rate this item
(0 votes)