What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိုင်ဝမ်ကုမ္ပဏီမှ ကမ္ဘာကျော်ပန်းချီကားများဖြင့် အလှဆင်ထားသော surgical masks များ စတင်ထုတ်လုပ်

ထိုင်ဝမ်ကုမ္ပဏီ Wawa Culture & Creative Company မှ ကမ္ဘာကျော်ပန်းချီကားများ ပါဝင်သည့် “ True Colours” အမည်ရှိ မျက်နှာဖုံးစွပ်များကို ထုတ်လုပ်ခဲ့တယ်။

 

သင်ရဲ့ နေ့စဉ်ဝတ်စုံနှင့်လိုက်ဖက်ပြီး စတိုင်ကျသော မျက်နှာဖုံးကို ရှာဖွေရန် အခက်အခဲရှိပါက "True Colours" မျက်နှာဖုံးများသည် သင်၏ပြဿနာအတွက် အဖြေ ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ၎င်းမျက်နှာဖုံးများကို Taiwan Comfort Champ နှင့် ပူးပေါင်း၍ နောက်ဆုံးပေါ် ဒီဂျစ်တယ်ပုံနှိပ်ခြင်းနည်းပညာကို အသုံးပြုပြီး နိုင်ငံတကာမှကျော်ကြားသော အနုပညာရှင် (၆)ဦး၏ ပန်းချီကား ၂၈ ခုမှ နာမည်ကြီးအနုပညာလက်ရာများဖြင့် အလှဆင်ထားတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့တယ်။

Taiwan company launches surgical masks featuring world-famous paintings

Munch ၏ "The Scream" ပါ ၀ င်သည့် True Colours mask

 

ပါဝင်သော အနုပညာရှင် ၆ ယောက်မှာ Vincent Van Gogh၊ Claude Monet၊ Paul Gauguin၊ Georges-Pierre Seurat၊ Edvard Munch နှင့် Henri Rousseau တို့ပဲ ဖြစ်ပါတယ်။ အနုပညာမှတစ်ဆင့် Coronavirus ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း လူများကို ကုသရန် ရည်ရွယ်တယ်လို့ ထပ်မံပြောကြားခဲ့တယ်။

Taiwan company launches surgical masks featuring world-famous paintings

True Colours မျက်နှာဖုံးများကို ဝတ်ဆင်ထားသော မော်ဒယ်များ

 

လက်မှတ်ရေးထိုးခဲ့သည့် လက်ရာအချို့တွင် Monet ၏ "Impression, Sunrise"၊ Munch ၏ "The Scream" နှင့် Van Gogh ၏ "Starry Night" တို့ပါဝင်တယ်။ Pack တစ်ခုစီတွင် အနုပညာရှင်တစ်ဦးချင်းစီရဲ့ ပန်းချီလက်ရာ ပါဝင်သော မျက်နှာဖုံး ၃၀ ခု ပါရှိပြီး သူ့ရဲ့တန်ဖိုးကတော့ NT $ 799 (အမေရိကန်ဒေါ်လာ ၂၆) ဖြစ်တယ်။

 

အဆိုပါ မျက်နှာဖုံးများကို အွန်လိုင်းတွင် ကြိုတင်မှာယူနိုင်ပါတယ်။ ပထမဆုံးဖြန့်ချိမှုမှာ Van Gogh mask စုဆောင်းမှုဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် Munch ၏မျက်နှာဖုံးများပါ မှာယူနိုင်မယ်လို့ ဆိုတယ်။

 

By htikehtike ( Myanmar Textile & Garment Guide )

Ref: taiwannews.com.tw

Read 959 times
Rate this item
(0 votes)