What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးထိနန်းတော်ပိုးထည်တိုက်

မိုးထိနန်းတော် ပိုးထည်တိုက်ကို ရန်ကုန်မြို့၊ သုဝဏ္ဏတွင် ဆိုင်ခွဲ

ဖွင့်လှစ်ထားပြီး၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ပင်ရင်းဆိုင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ရန်ကုန်မြို့တွင် ဆိုင်ခွဲဖွင့်လှစ်ထား သည်မှာ ၄ လခန့်သာရှိသေးကြောင်း သိရပါတယ်။

တစ်သက်မှာ တစ်ခါပဲ ကြုံရမဲ့ မင်္ဂလာပွဲမှာပဲဖြစ်ဖြစ်၊ ဘဝရဲ့ ပထမပိုင်း ပညာသင်ကာလ ပြီးဆုံးခြင်း အမှတ်တရ ဘွဲ့နှင်းသဘင်ပွဲမှာပဲ ဖြစ်ဖြစ်၊ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြမဲ့ အလှူပွဲတွေမှာပဲ ဖြစ်ဖြစ် မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ အလှဆုံး ဖြစ်စေဖို့အတွက် မိုးထိနန်းတော်မှ နောက်ဆုံးပေါ်ပိုးထည်များကို လက်လီလက်ကား ရောင်းချပေးနေကြောင်း သိရပါတယ်။

ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်လိုပွဲမျိုးမဆို၊ ဘယ်သူပဲဝတ်ဝတ် ဘယ်တော့မှ ရိုးသွားတယ်မရှိတဲ့ မြန်မာ့ လက်မှုအနုပညာ စစ်စစ် ပိုးစစ်လွန်းရာကျော် ချိတ်မျိုးစုံကိုလည်း ၀ယ်ယူနိုင်ပါတယ်။

ပိုးစစ်ချိတ်လေးတွေထဲမှာမှ လူငယ်ဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးဝတ်ချင်တယ်ဆိုရင်လည်း ဆိုင်တွင် ရရှိနိုင်ပါတယ်။ အရပ်ပုသူများအတွက် ဒေါင်လိုက်စင်းလေးတွေပါတဲ့ ချိတ်ကို ဝတ်ဆင်ထားမယ်ဆိုရင် အရပ်ပိုရှည်သည်ဟု ခံစားရမှာဖြစ်ပါတယ်။

ဆိုင်တွင် ထိုင်းပိုး၊ ဂျပန်ပိုးတို့နှင့် ပိုးစစ်လွန်ရာကျော်ချိတ်နှင့် တွဲဖက်၍ဝတ်ဆင်ကြသော အမျိုးသမီးတိုင်း အစဉ်ထာဝရ လှပတင့်တယ်စေမှာ အမှန်ဖြစ်ပါတယ်။

ဈေးနှုန်းများမှာ ထသွားထလာသမားများအတွက် ကျပ် တစ်သောင်းအောက်နှင့် ပွဲတက်အတွက် အနည်းဆုံး ကျပ် သုံးသောင်းနှစ်ထောင်ကျပ်မှ အများဆုံး ကျပ် ၈ သိန်းအထိရှိကြောင်း သိရပါတယ်။

အမရပူရ

အမှတ် ၇၊ မောင်းတန်းလမ်း၊ စစ်ကိုင်းစုရပ်၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။

၀၉-၉၇၁၆၆၆၉၉၄၊ ၀၉-၇၉၂၆၆၆၉၉၄

ရန်ကုန်

တိုက် ၂၊ အခန်း ၂၊ သံသုမာလမ်း၊ ၂၃ ရပ်ကွက်၊ စုပေါင်းမှတ်တိုင်နှင့် ရေစက်မှတ်တိုင်ကြား၊ သုဝဏ္ဏ၊ ရန်ကုန်မြို့။

၀၉၇၈၉၂၂၂၀၄၅၊ ၀၉-၇၇၃၈၅၅၅၇၈၊ ၀၉-၇၇၃၈၅၅၅၇၉

Read 2223 times
Rate this item
(0 votes)