What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Diamond Class - Embroidery Service

Diamond Class ကွန်ပျူတာပန်းထိုးခြင်းလုပ်ငန်းသည် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊

စက်မှုဇုန်တွင် တည်ရှိပါတယ်။

Diamond Class တွင် ပိတ်စအမျိုးမျိုး၊ စပို့ရှပ်အမျိုးမျိုးလည်း ရနိုင်ပါတယ်။ ယူနီဖောင်းအမျိုးမျိုး၊ ရှပ်အကျ၊ ဘောင်းဘီ၊ အိတ်၊ ဦးထုပ်၊ သဘက်နှင့် အခြားသော ပိတ်စများပေါ်တွင် ဆန်းသစ်သော ဒီဇိုင်းများဖြင့် စိတ်တိုင်းကျ ပန်းထိုးပေးပါတယ်။

Logo, Badge များကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ဒီဇိုင်းဆွဲပေးခြင်း၊ Export Order အမျိုးမျိုးကို အချိန်နှင့် တပြေးညီ လက်ခံဆောင်ရွက်ပေးကြောင်းလည်း သိရပါတယ်။

Fashionable Traditional လုံချည်၊ ပုဆိုးများပေါ်တွင် ကွန်ပျူတာ စီးကွင့်နှင့် သေသပ်လှပသော ဒီဇိုင်းများကို ပန်းထိုး အလှဆင်ပေးကြောင်းလည်း သိရပါတယ်။

Wedding အတွက် သတို့သား၊ သတို့သမီး နှစ်ဖက်မိဘများနှင့် အခြွေအရံများအတွက် ဆန်းသစ်လှပသော ချိတ်ပန်းဒီဇိုင်းများကိုလည်း စိတ်တိုင်းကျ တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရပါတယ်။

စပို့ရှပ်ယူနီဖောင်းနှင့် လိုဂိုအတွက် ပန်းထိုးခဆိုလျှင် အနည်းဆုံးဈေး ကျပ် ၅ ထောင်မှ ကျပ် ၈ ထောင်အထိ ရှိကြောင်း သိရပါတယ်။

ထမီပေါ်တွင် ချိတ်ပန်းဒီဇိုင်းထိုးလျှင် ကျပ် ၃ သောင်းမှ ၉ သောင်းအထိရှိပြီး ပိတ်စနှင့် ပန်းဒီဇိုင်းအပြီးအစီးကိုလည်း ကျပ် ၃ သောင်းမှ စ၍ ရနိုင်ပါတယ်။

အပ်ထည်များအတွက် ၁ ပတ်ကြာမြင့်မည်ဖြစ်ပြီး အော်ဒါများနေလျှင် ၁ လခန့် ကြာမြင့်တတ်ပါတယ်။

အမှတ် ၁၀၀/၁၀၁၊ စက်မှုဇုံ ၃ လမ်း၊ ၈ ရပ်ကွက်၊ တောင်ဥက္ကလာစက်မှုဇုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၇၀၈၀၀၊ ၀၁-၅၆၅၀၂၉

Read 1713 times
Rate this item
(1 Vote)