What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည္သား ရွာေဖြ၀ယ္ယူျခင္း Fabric development

zaw+uni 

အထည္သားကုိ ေယဘုယ်အားျဖင့္ ထုတ္လုပ္ပုံအရ သုံးမ်ဳိးခြဲျခားလုိ႔ ရပါတယ္။ ရက္ထည္ ၊ ဇာထုိးထည္ နဲ႔ ရက္လုပ္ျခင္း မျပဳထားတဲ့အထည္တုိ႔ ျဖစ္ပါတယ္။ ရက္ထည္ကေတာ့

ရက္ကန္းရက္ထားတာေတြ ျဖစ္ၿပီး ဇာထုိးထည္ကေတာ့ စြပ္က်ယ္သားလုိ ဟာမ်ဳိး ျဖစ္ပါတယ္။ ရက္လုပ္ျခင္း မျပဳထားတဲ့အထည္ကေတာ့ ခ်ည္အတုိအရွည္ မညီညာၾကတ့ဲ ခ်ည္မွ်င္ေတြကုိ ဓာတုနည္းလမ္း၊ စက္မႈနည္းလမ္း၊ အပူေပးၿပီးဖိကပ္တဲ့ နည္းလမ္း၊ ေကာ္ရည္စိမ္ၿပီး တြဲကပ္တဲ့နည္းလမ္း စတဲ့နည္းလမ္းမ်ားျဖင့္ အထည္သားအျဖစ္ ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ အခုအခါမွာ သဘာ၀မွ ရတဲ့ခ်ည္မွ်င္အတုိင္း မသန္႔စင္ဘဲ ထုတ္လုပ္ထားတဲ့ အထည္ေတြကုိ သုံးစြဲၿပီးေတာ့လည္း အ၀တ္ အစား ထုတ္ၾကပါတယ္။ အေရာင္ခၽြတ္တာ ေဆးဆုိးတာေတြ မလုပ္ထားဘူး။ ဂေရးရွ္အထည္ greige fabrics လုိ႔ ေခၚၾကပါတယ္။
ထုတ္လုပ္မႈအရ သုံးေလးမ်ဳိး ခြဲျခားေပမဲ့ ဒီဇုိင္းထည္ လုပ္တဲ့သူအဖုိ္႔ေတာ့ ေရြးခ်ယ္စရာ အထည္သားေတြက အမ်ားႀကီးမွ အမ်ားႀကီးပဲ။ အထည္ေတြမွာ အေရာင္ပါတယ္။ ဒီဇုိင္းပါတာလည္း ရွိတယ္။ အေရာင္အေသြးနဲ႔ ဒီဇုိင္းေတြ ေထာင္ခ်ီၿပီး ရွိေနတယ္။ အရည္အေသြးကလည္း အမ်ဳိးမ်ဳိးအစားစား ရွိတယ္။ ဒီေတာ့ အထည္ေပးသြင္းတဲ့သူဆီကုိ မွာၾကားရင္ အရည္အေသြး သတ္မွတ္ခ်က္ေတြ ေပးပုိ႔ၿပီး မွာေလ့ရွိပါတယ္။ အေရာင္အေသြး၊ အသားေခ်ာတာၾကမ္းတာ၊ အထည္သားကုိ ကုိင္ၾကည့္ရင္ ဘယ္လုိေနသလဲဆုိတဲ့ ခံစားမႈ၊ ႐ုပ္ပုိင္းဆုိင္ရာ ဂုဏ္သတိၱေတြ၊ ဓာတုပုိင္းဆုိင္ရာ ဂုဏ္သတိၱေတြ စတာေတြကုိ စဥ္းစားဆုံးျဖတ္ေပးရပါတယ္။
လုိခ်င္တဲ့ အထည္သားက ေဈးကြက္ထဲမွာ ေရာင္းခ်ေနတယ္ဆုိရင္ မွာယူလုိက္႐ုံပါပဲ။ လုိခ်င္တာကုိ ေဈးကြက္ထဲမွာ ရွာလုိ႔မရရင္ေတာ့ အထည္သား ေပးသြင္းတဲ့သူက ေနရာအႏွံ႔ သူသိသမွ် အဆက္အသြယ္ေတြကေနတစ္ဆင့္ ရွာေဖြရတယ္။ ေနာက္ဆုံး ဘယ္မွာမွ မရရင္ လုိခ်င္တဲ့ အရည္အေသြးမ်ဳိးနဲ႔ အထည္သား ထုတ္ေပးဖုိ႔ အထည္အလိပ္စက္႐ုံနဲ႔ ခ်ိတ္ဆက္ ေဆာင္ရြက္တာအထိ လုပ္ၾကတာမ်ဳိးေတြ ရွိတယ္။ အဲဒီလုိ စက္႐ုံနဲ႔ ခ်ိတ္ဆက္ လုပ္ကုိင္တဲ့အခါ ေဈးပါ တစ္ခါတည္း ညိႇၾကရတယ္။ ေရာင္းသူ၀ယ္သူ အသံတူမွ အေရာင္းအ၀ယ္ ျဖစ္ၾကမယ္။ စက္႐ုံဘက္မွာျဖစ္ျဖစ္၊ ၀ယ္ယူသူဘက္မွာျဖစ္ျဖစ္ စီးပြားေရးအရ (ေငြ၊ အခ်ိန္) တြက္သားမကုိက္ဘူး ဆုိရင္ အနီးစပ္ဆုံး အရည္အေသြးရွိတဲ့ အထည္သားကုိ အစားထုိး သုံးစြဲၾကတယ္။
အထည္အလိပ္ စက္႐ုံေတြမွာ ယခုလုိ အမွာစာအရ ထုတ္လုပ္ေပးတဲ့ စက္႐ုံေတြ ရွိတယ္။ ေဈးတည့္လုိ႔ ထုတ္လုပ္မယ္ဆုိရင္ အထည္သား အရည္္အေသြး သတ္မွတ္ခ်က္နဲ႔ အညီ ထုတ္လုပ္ေပးမွာျဖစ္ၿပီး အဲဒီအတြက္ အထည္သား နမူနာ ရက္လုပ္မယ္။ အေရာင္ကုိလည္း စမ္းတယ္။ နမူနာ ရက္လုပ္ဖုိ႔ နမူနာ ရက္ထည္ထုတ္စက္ Sampling Machines ေတြကုိ သုံးၾကတယ္။ ရက္လုပ္ပုံ အမ်ဳိးမ်ဳိးကုိ အဲဒီနမူနာထုတ္စက္က ရက္လုပ္ေပးႏုိင္တယ္။ ရလာတဲ့ နမူနာ အထည္သားကုိ ေဆးဆုိးၾကည့္တယ္။ Lap Dip လုပ္တယ္လုိ႔ သုံးႏႈန္းတယ္။ ဓာတ္ခြဲခန္းထဲမွာ အေရာင္ဆုိးၾကည့္တာ ျဖစ္ပါတယ္။
ဘယ္အေရာင္သုံးမလဲဆုိတာကုိ မွာယူသူဘက္က သတ္မွတ္ခ်က္ ေပးတယ္။ နမူနာအေရာင္ကုိ ေပးတာမ်ဳိးလည္း ရွိ္တယ္။ Pantone Color Swatch မွ ကုတ္ေတြကုိ သုံးတာမ်ဳိ္းလည္း ရွိတယ္။ တစ္ခု သိထားသင့္တာက Pantone Color Swatch မွာ အေရာင္ေတြကုိ စကၠဴသားေပၚမွာ ပုံႏွိပ္ၿပီး ေဖာ္ျပေပးထားတာ ျဖစ္ေနတယ္။ တကယ္သုံးမွာက အထည္သား ျဖစ္ေနေတာ့ အေရာင္ေသြလြဲတာ ရွိစၿမဲ ျဖစ္ပါတယ္။
အခုလုိ အေရာင္နမူနာ သတ္မွတ္ခ်က္ ေပးတဲ့အခါ စံအျဖစ္ထားတဲ့အေရာင္ျဖစ္ၿပီး တကယ့္လက္ေတြ႕မွာ ေသြလြဲတာ ရွိစၿမဲျဖစ္ၿပီး ၀ယ္သူဘက္မွ နားလည္ေပးရပါတယ္။ ထုတ္လုပ္သူဘက္ကလည္း အတတ္ႏုိင္ဆုံး အတူဆုံးျဖစ္ေအာင္ လုပ္ကုိင္ေပးရပါတယ္။ ေသြလြဲေနတာကုိ အတုိ္င္းအတာတစ္ခုအတြင္းမွာ သေဘာတူေပးၾကပါတယ္။
ေနာက္ထပ္ ေသြလြဲပုံတစ္မ်ဳိးက အခုလုိ နမူနာ ထုတ္ေပးတဲ့ အထည္အပုိင္းအစမွာ ရတဲ့အေရာင္နဲ႔ အထည္အလိပ္ အေျမာက္အျမား တကယ္ထုတ္လုပ္တဲ့အခါ ရတဲ့အေရာင္ ေသြလြဲေလ့ ရွိပါတယ္။ အဲဒါကုိလည္း ၀ယ္ယူသူဘက္က နားလည္ေပးပါတယ္။ အထည္လိပ္ တစ္လိပ္နဲ႔တစ္လိပ္ ေသြလြဲေနတာမ်ဳိးလည္း ရွိပါတယ္။ ေဆးဆုိးတဲ့အခါ ရွိေနတဲ့ ေလထုရဲ႕ စုိထုိင္းဆက တစ္ရက္နဲ႔တစ္ရက္ မတူရင္ ရလာတဲ့အေရာင္ နည္းနည္းေသြလြဲပါတယ္။ အထည္သားက ဆုိးေဆးကုိ စုပ္ယူတာမွာ လည္း ေသြလြဲပါတယ္။
ဒီေတာ့ အေရာင္သတ္မွတ္ခ်က္ေပးတာနဲ႔ တစ္ေထရာတည္း တူတာ ရခ်င္ရမယ္။ အနီးစပ္ဆုံးျဖစ္ေနတာကုိ ရခ်င္ရမယ္။ ၀ယ္ယူသူဘက္က နားလည္ေပးပါတယ္။
အထည္သားနဲ႔ အေရာင္ကိစၥ သေဘာတူ ၿပီးျပတ္ၿပီးတဲ့အခါက်မွ အမွာစာအတုိင္း အထည္အလိပ္ကုိ အေျမာက္အျမား ထုတ္လုပ္ပါတယ္။ ၿပီးရင္ မွာယူတဲ့ အထည္ခ်ဳပ္စက္႐ုံကုိ ေပးပုိ႔ပါတယ္။

 

Guide to produce fibre from plastic drinking bottle

 

Garment sample ခ်ဳပ္ထည္ နမူနာ

 

Pattern making ပက္တန္ျပဳလုပ္ျခင္း

uni

အထည်သား ရှာဖွေဝယ်ယူခြင်း Fabric development
အထည်သားကို ယေဘုယျအားဖြင့် ထုတ်လုပ်ပုံအရ သုံးမျိုးခွဲခြားလို့ ရပါတယ်။ ရက်ထည်၊ ဇာထိုးထည် နဲ့ ရက်လုပ်ခြင်း မပြုထားတဲ့အထည်တို့ ဖြစ်ပါတယ်။ ရက်ထည်ကတော့ ရက်ကန်းရက်ထားတာတွေ ဖြစ်ပြီး ဇာထိုးထည်ကတော့ စွပ်ကျယ်သားလို ဟာမျိုး ဖြစ်ပါတယ်။ ရက်လုပ်ခြင်း မပြုထားတဲ့အထည်ကတော့ ချည်အတိုအရှည် မညီညာကြတဲ့ ချည်မျှင်တွေကို ဓာတုနည်းလမ်း၊ စက်မှုနည်းလမ်း၊ အပူပေးပြီးဖိကပ်တဲ့ နည်းလမ်း၊ ကော်ရည်စိမ်ပြီး တွဲကပ်တဲ့နည်းလမ်း စတဲ့နည်းလမ်းများဖြင့် အထည်သားအဖြစ် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အခုအခါမှာ သဘာဝမှ ရတဲ့ချည်မျှင်အတိုင်း မသန့်စင်ဘဲ ထုတ်လုပ်ထားတဲ့ အထည်တွေကို သုံးစွဲပြီးတော့လည်း အဝတ် အစား ထုတ်ကြပါတယ်။ အရောင်ချွတ်တာ ဆေးဆိုးတာတွေ မလုပ်ထားဘူး။ ဂရေးရှ်အထည် greige fabrics လို့ ခေါ်ကြပါတယ်။
ထုတ်လုပ်မှုအရ သုံးလေးမျိုး ခွဲခြားပေမဲ့ ဒီဇိုင်းထည် လုပ်တဲ့သူအဖို့်တော့ ရွေးချယ်စရာ အထည်သားတွေက အများကြီးမှ အများကြီးပဲ။ အထည်တွေမှာ အရောင်ပါတယ်။ ဒီဇိုင်းပါတာလည်း ရှိတယ်။ အရောင်အသွေးနဲ့ ဒီဇိုင်းတွေ ထောင်ချီပြီး ရှိနေတယ်။ အရည်အသွေးကလည်း အမျိုးမျိုးအစားစား ရှိတယ်။ ဒီတော့ အထည်ပေးသွင်းတဲ့သူဆီကို မှာကြားရင် အရည်အသွေး သတ်မှတ်ချက်တွေ ပေးပို့ပြီး မှာလေ့ရှိပါတယ်။ အရောင်အသွေး၊ အသားချောတာကြမ်းတာ၊ အထည်သားကို ကိုင်ကြည့်ရင် ဘယ်လိုနေသလဲဆိုတဲ့ ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတိ္တတွေ၊ ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတိ္တတွေ စတာတွေကို စဉ်းစားဆုံးဖြတ်ပေးရပါတယ်။
လိုချင်တဲ့ အထည်သားက ဈေးကွက်ထဲမှာ ရောင်းချနေတယ်ဆိုရင် မှာယူလိုက်ရုံပါပဲ။ လိုချင်တာကို ဈေးကွက်ထဲမှာ ရှာလို့မရရင်တော့ အထည်သား ပေးသွင်းတဲ့သူက နေရာအနှံ့ သူသိသမျှ အဆက်အသွယ်တွေကနေတစ်ဆင့် ရှာဖွေရတယ်။ နောက်ဆုံး ဘယ်မှာမှ မရရင် လိုချင်တဲ့ အရည်အသွေးမျိုးနဲ့ အထည်သား ထုတ်ပေးဖို့ အထည်အလိပ်စက်ရုံနဲ့ ချိတ်ဆက် ဆောင်ရွက်တာအထိ လုပ်ကြတာမျိုးတွေ ရှိတယ်။ အဲဒီလို စက်ရုံနဲ့ ချိတ်ဆက် လုပ်ကိုင်တဲ့အခါ ဈေးပါ တစ်ခါတည်း ညှိကြရတယ်။ ရောင်းသူဝယ်သူ အသံတူမှ အရောင်းအဝယ် ဖြစ်ကြမယ်။ စက်ရုံဘက်မှာဖြစ်ဖြစ်၊ ဝယ်ယူသူဘက်မှာဖြစ်ဖြစ် စီးပွားရေးအရ (ငွေ၊ အချိန်) တွက်သားမကိုက်ဘူး ဆိုရင် အနီးစပ်ဆုံး အရည်အသွေးရှိတဲ့ အထည်သားကို အစားထိုး သုံးစွဲကြတယ်။
အထည်အလိပ် စက်ရုံတွေမှာ ယခုလို အမှာစာအရ ထုတ်လုပ်ပေးတဲ့ စက်ရုံတွေ ရှိတယ်။ ဈေးတည့်လို့ ထုတ်လုပ်မယ်ဆိုရင် အထည်သား အရည်အသွေး သတ်မှတ်ချက်နဲ့ အညီ ထုတ်လုပ်ပေးမှာဖြစ်ပြီး အဲဒီအတွက် အထည်သား နမူနာ ရက်လုပ်မယ်။ အရောင်ကိုလည်း စမ်းတယ်။ နမူနာ ရက်လုပ်ဖို့ နမူနာ ရက်ထည်ထုတ်စက် Sampling Machines တွေကို သုံးကြတယ်။ ရက်လုပ်ပုံ အမျိုးမျိုးကို အဲဒီနမူနာထုတ်စက်က ရက်လုပ်ပေးနိုင်တယ်။ ရလာတဲ့ နမူနာ အထည်သားကို ဆေးဆိုးကြည့်တယ်။ Lap Dip လုပ်တယ်လို့ သုံးနှုန်းတယ်။ ဓာတ်ခွဲခန်းထဲမှာ အရောင်ဆိုးကြည့်တာ ဖြစ်ပါတယ်။
ဘယ်အရောင်သုံးမလဲဆိုတာကို မှာယူသူဘက်က သတ်မှတ်ချက် ပေးတယ်။ နမူနာအရောင်ကို ပေးတာမျိုးလည်း ရှိ်တယ်။ Pantone Color Swatch မှ ကုတ်တွေကို သုံးတာမျို်းလည်း ရှိတယ်။ တစ်ခု သိထားသင့်တာက Pantone Color Swatch မှာ အရောင်တွေကို စက္ကူသားပေါ်မှာ ပုံနှိပ်ပြီး ဖော်ပြပေးထားတာ ဖြစ်နေတယ်။ တကယ်သုံးမှာက အထည်သား ဖြစ်နေတော့ အရောင်သွေလွဲတာ ရှိစမြဲ ဖြစ်ပါတယ်။
အခုလို အရောင်နမူနာ သတ်မှတ်ချက် ပေးတဲ့အခါ စံအဖြစ်ထားတဲ့အရောင်ဖြစ်ပြီး တကယ့်လက်တွေ့မှာ သွေလွဲတာ ရှိစမြဲဖြစ်ပြီး ဝယ်သူဘက်မှ နားလည်ပေးရပါတယ်။ ထုတ်လုပ်သူဘက်ကလည်း အတတ်နိုင်ဆုံး အတူဆုံးဖြစ်အောင် လုပ်ကိုင်ပေးရပါတယ်။ သွေလွဲနေတာကို အတို်င်းအတာတစ်ခုအတွင်းမှာ သဘောတူပေးကြပါတယ်။
နောက်ထပ် သွေလွဲပုံတစ်မျိုးက အခုလို နမူနာ ထုတ်ပေးတဲ့ အထည်အပိုင်းအစမှာ ရတဲ့အရောင်နဲ့ အထည်အလိပ် အမြောက်အမြား တကယ်ထုတ်လုပ်တဲ့အခါ ရတဲ့အရောင် သွေလွဲလေ့ ရှိပါတယ်။ အဲဒါကိုလည်း ဝယ်ယူသူဘက်က နားလည်ပေးပါတယ်။ အထည်လိပ် တစ်လိပ်နဲ့တစ်လိပ် သွေလွဲနေတာမျိုးလည်း ရှိပါတယ်။ ဆေးဆိုးတဲ့အခါ ရှိနေတဲ့ လေထုရဲ့ စိုထိုင်းဆက တစ်ရက်နဲ့တစ်ရက် မတူရင် ရလာတဲ့အရောင် နည်းနည်းသွေလွဲပါတယ်။ အထည်သားက ဆိုးဆေးကို စုပ်ယူတာမှာ လည်း သွေလွဲပါတယ်။
ဒီတော့ အရောင်သတ်မှတ်ချက်ပေးတာနဲ့ တစ်ထေရာတည်း တူတာ ရချင်ရမယ်။ အနီးစပ်ဆုံးဖြစ်နေတာကို ရချင်ရမယ်။ ဝယ်ယူသူဘက်က နားလည်ပေးပါတယ်။
အထည်သားနဲ့ အရောင်ကိစ္စ သဘောတူ ပြီးပြတ်ပြီးတဲ့အခါကျမှ အမှာစာအတိုင်း အထည်အလိပ်ကို အမြောက်အမြား ထုတ်လုပ်ပါတယ်။ ပြီးရင် မှာယူတဲ့ အထည်ချုပ်စက်ရုံကို ပေးပို့ပါတယ်။

 

Garment sample ခ်ဳပ္ထည္ နမူနာ
Garment sample ချုပ်ထည် နမူနာ
http://www.textiledirectory.com.mm/articles/item/497-garment-sampling.html

ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး
ချုပ်ထည်တွေ ထုတ်လုပ်တဲ့ စနစ်အမျိုးမျိုး
http://www.textiledirectory.com.mm/articles/item/493-sewing-system.html


Pattern making ပက္တန္ျပဳလုပ္ျခင္း
Pattern making ပက်တန်ပြုလုပ်ခြင်း
http://www.textiledirectory.com.mm/articles/item/496-pattern-making-guide-for-pre-production-processes.html

 

Read 1419 times
Rate this item
(0 votes)