What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင် CCI မှ GHCL အထည်အလိပ်လုပ်ငန်းကို သဘောတူခွင့်ပြုပေးခဲ့

အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင် CCI မှ GHCL အထည်အလိပ်လုပ်ငန်းကို သဘောတူခွင့်ပြုပေးခဲ့ fibre2fashion

အိန္ဒိယယှဉ်ပြိုင်မှုကော်မရှင် (CCI)သည် ၂၀၀၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာပြိုင်ဆိုင်မှုအက်ဥပဒေပုဒ်မ ၃၁ (၁) အရ GHCL Ltd ၏အထည်အလိပ်လုပ်ငန်းကို ၎င်း၏လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် GHCL Textiles Limited သို့ ခွင့်ပြုပေးခဲ့ပါတယ်။

 

စားသုံးသူထုတ်ကုန်ပစ္စည်းများနှင့် GHCL အထည်အလိပ်လုပ်ငန်းမှာ ကြီးမားသော အထည်အလိပ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

 

GHCL မှာ အိန္ဒိယနိုင်ငံတွင် အများနှင့်ဆိုင်သော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး (၁) ဆိုဒါပြားများ (သိပ်သည်းသည့်အဆင့်နှင့်ပေါ့ပါးသောအဆင့်များ)အော်ဂဲနစ်ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်း၊ ဆိုဒီယမ်ဘိုင်ကာဗွန်၊ စားသုံးသူထုတ်ကုန်များ (ဓာတုဗေဒလုပ်ငန်း) နှင့် (၂) အထည်အလိပ်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း အပါအဝင် အိမ်တွင်းအထည်အလိပ်ပစ္စည်းများ (အထည်အလိပ်လုပ်ငန်း) ရက်လုပ်ခြင်း လုပ်ငန်းများ ပါဝင်ပါတယ်။

 

GHCL အထည်အလိပ်ကို အိန္ဒိယနိုင်ငံတွင် အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်ခဲ့တယ်။ လက်ရှိတွင် GHCL Textiles Ltd က GHCL ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုလည်း ဖြစ်တယ်။ ၎င်းကုမ္ပဏီမှာ အသစ်ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး မည်သည့်စီးပွားရေးလုပ်ငန်းကိုမှ အစပြုလုပ်ဆောင်ခြင်း မရှိသေးပါ။

 

GHCL သည် Vapi တွင် အဆင့်မြင့်အိမ်ရာ၊ အထည်အလိပ်စက်ရုံများရှိပြီး ရက်လုပ်ခြင်းနဲ့ ထုတ်လုပ်နိုင်တဲ့ပမာဏမှာ မီတာ ၄၅ မီလီယံ အထည်များအထိထုတ်လုပ်နိုင်ပါတယ်။ ထိုစက်ရုံတွင် ဂျာမနီနှင့် ဂျပန်နိုင်ငံတို့မှ ရရှိသော အကောင်းဆုံးစက်ကိရိယာများဖြစ်သော Benninger, Kuster နဲ့ Monforts တို့ ရှိပြီး ၎င်းတို့မှာ ချည်နဲ့ ရောနှောထားသောအထည်များကိုပါထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

 

မကြာသေးခင်က အသစ်တီထွင်ထုတ်လုပ်ထားတဲ့ အိပ်ရာခင်းအမျိုးအစားတွင် Perfect Fit, Easysheet, MicroTwill, EXL Wrinkle Free Sheets, Versatile Reversible Sheets, Soft Wash Percale နှင့် ရေရှည်ခံတဲ့ ချည်မျှင်နဲ့ပြုလုပ်ထားတဲ့ Sustainable Fibre dyed sheets တို့ ပါဝင်ပါတယ်။

 

GHCL ကနေ Rekoop အမှတ်တံဆိပ်ဖြစ်တဲ့ အိပ်ယာခင်းကို ပြန်လည်အသုံးပြုနိုင်တဲ့ PET fiber ဖြင့် ပြုလုပ်ထားပြီး ပြီးပြည့်စုံတဲ့ ခံစားမှုကို ရရှိနိုင်ပါတယ်။

 

GHCL ရဲ့ အိမ်တွင်းအထည်အလိပ် ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းရှိ အဓိကအားဖြင့် United Kingdom၊ အမေရိက၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီနှင့်အခြားဥရောပနိုင်ငံများသို့လည်း တင်ပို့ခဲ့ပါတယ်။

 

By htikehtike
Ref: fibre2fashion.com

Read 618 times
Rate this item
(0 votes)