What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကလေးအဝတ်အထည်အမှတ်တံဆိပ် Hopscotch မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅ သန်းထိ ရရှိ

ကလေးအဝတ်အထည်အမှတ်တံဆိပ် Hopscotch မှ  ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅ သန်းထိ ရရှိ fibre2fashion

မွန်ဘိုင်းအခြေစိုက် ကလေးအဝတ်အထည်အမှတ်တံဆိပ် Hopscotch က မကြာသေးမီက Facebook ပူးတွဲတည်ထောင်သူ Eduardo Saverin ရဲ့ EE Capital၊ Lionrock Capital, Rise Capital, RPG Ventures နဲ့ IIFL Seed Ventures Fund တို့မှ ဒေါ်လာ ၂၅ သန်း ရရှိခဲ့တယ်။

 

Diapers.com ကို ပူးတွဲတည်ထောင်သူ Wei Yan နှင့် Aptech တည်ထောင်သူ Atul Nishar ပိုင်ဆိုင်သော Techpro Ventures တို့ကဲ့သို့ အိန်ဂျယ်ရင်းနှီးမြှုပ်နှံသူများ(တက်သစ်စလုပ်ငန်းများတွင် အရဲစွန့် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများ)ကလည်း ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

 

Hopscotch က ကလေးအဝတ်အထည်တွေအပြင် အခြားလုပ်ငန်းများမှ အစားအစာနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည် းဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် ရောင်းချပါတယ်။ Hopscotch က သူ့ရဲ့ကုန်အမှတ်တံဆိပ်ကို သူ့ပလက်ဖောင်းထက် ကျော်လွန်၍ အခြားဈေးကွက်များသို့ ရွှေ့ပြောင်းရန် စီစဉ်ထားပြီး အခြားလုပ်ငန်းများကလည်း အတူတွဲလုပ်ကြဖို့ ချဉ်းကပ်ခဲ့ကြတယ်လို့ ထိပ်တန်းအိန္ဒိယစီးပွားရေးနေ့စဉ်သတင်းစာတစ်ခုတွင် ဖော်ပြထားပါတယ်။

 

Ref: fibre2fashion.com

Read 632 times
Rate this item
(0 votes)