What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Dollar Industries Limited မှ ယခုနှစ်တွင် ၁၀-၁၅ % တိုးတက်မှုနှုန်းရရှိရန် မျှော်မှန်းထား

Dollar Industries Limited မှ ယခုနှစ်တွင် ၁၀-၁၅ % တိုးတက်မှုနှုန်းရရှိရန် မျှော်မှန်းထား fibre2fashion.com

Dollar Industries Limitedကုမ္ပဏီက ပွဲတော်ရာသီတွေ ဖြစ်ခဲ့တဲ့ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာ ပျမ်းမျှဝင်ငွေတိုးတက်လာပြီး ယခုနှစ်တွင်လည်း ၁၀ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ တိုးတက်မှုရှိရန် မျှော်မှန်းထားပါတယ်။

 

'Dollar Protect' အမျိုးအစားအနေဖြင့် တစ်ကိုယ်ရည်သုံးအကာအကွယ်ပစ္စည်းများ၊ အကာအကွယ် မျက်နှာဖုံးများလည်း စတင်ထုတ်လုပ်ခဲ့ပြီးဖြစ်တယ်လို့ ဒေါ်လာရဲ့ မန်နေဂျင်းဒါရိုက်တာ Vinod Kumar Gupta က ပြောခဲ့ပါတယ်။

 

ထို့အပြင် ၎င်းကနေ ဗိုင်းရပ်စ်နှိမ်နင်းနိုင်တဲ့ ထုတ်ကုန်ပစ္စည်းအမျိုးအစားများကိုလည်း ဆက်လက်ရှာဖွေလျက် ရှိပါတယ်။

 

သူတို့ထုတ်ကုန်ပစ္စည်းများရဲ့ ထက်ဝက်ခန့်မှာ အမျိုးသားအသုံးအဆောင် ပစ္စည်းများဖြစ်ပြီး နည်းပညာအသစ်နဲ့အမှတ်တံဆိပ်လက်ရာများကို အသုံးပြု၍ အမျိုးသမီးများနဲ့ ကလေးငယ်များအတွက်ပါ ထပ်မံ ထုတ်လုပ်ချဲ့ထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အိန္ဒိယနိုင်ငံ အမျိုးသမီးဝတ် ခြေအိတ်ရှည်ဈေးကွက်တွင်လည်း ဝေစု ၁၅ ရာခိုင်နှုန်း ရရှိထားတယ်လို့ ဆိုပါတယ်။

 

Ref: fibre2fashion.com

Read 650 times
Rate this item
(0 votes)