What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ITMF စစ်တမ်းအရ အထည်အလိပ်ကုမ္ပဏီများရဲ့ငွေကြေးလည်ပတ်နှုန်း ၁၆ ရာခိုင်နှုန်းသာ လျော့ကျသွား

ITMF စစ်တမ်းအရ အထည်အလိပ်ကုမ္ပဏီများရဲ့ငွေကြေးလည်ပတ်နှုန်း ၁၆ ရာခိုင်နှုန်းသာ လျော့ကျသွား fibre2fashion

အထည်အလိပ်ကုမ္ပဏီများ၏လည်ပတ်နှုန်းမှာ ၂၀၂၀ စက်တင်ဘာလ လယ်တွင် ၁၆ ရာခိုင်နှုန်းသာ လျော့ကျမယ်လို့ မျှော်လင့်ရကြောင်း အပြည်ပြည်ဆိုင်ရာအထည်အလိပ်ထုတ်လုပ်သူများအဖွဲ့ချုပ် Corona-Survey က ထုတ်ပြန်ခဲ့ပါတယ်။

 

COVID-19 ၏ ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ် တန်ဖိုးများအပေါ် သက်ရောက်မှုနှင့် ပတ်သက်၍ စစ်တမ်းကို ITMF အဖွဲ့ဝင်များ၊ ဆက်စပ်ကုမ္ပဏီများနဲ့ အသင်းအဖွဲ့များမှ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်တမ်းတွင် ကမ္ဘာတဝှမ်းရှိ ကုမ္ပဏီ စုစုပေါင်း ၂၁၆ ခုတို့က ပါဝင်ခဲ့ကြပါတယ်။ Corona-pandemic စတင်ချိန်မှ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၀ ခုနှစ်တွင် မျှော်မှန်းသည့် ငွေကြေးလည်ပတ်နှုန်းနဲ့ ပတ်သက်၍ မေးမြန်းတဲ့အခါ စတုတ္ထမြောက်စစ်တမ်းမှ စတင်ပြီး ကုမ္ပဏီများ၏ မျှော်လင့်ချက်များမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဇွန်လအစောပိုင်းတွင် ကုမ္ပဏီများအနေဖြင့် ဝင်ငွေ ၃၂ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ မျှော်လင့်နေခဲ့သော် လည်း စက်တင်ဘာလလယ်မှာ မျှော်မှန်းထားတဲ့ လျော့ကျမှုနှုန်းက ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ITMF အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

 

၅ ကြိမ်မြောက် ITMF Corona-Survey တွင် ITMF သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ အထိ ကာလအတွက် ငွေကြေးလည်ပတ်မှုနှုန်း မျှော်မှန်းထားသည်နှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် မေးမြန်းခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ပျမ်းမျှအားဖြင့် မျှော်လင့်ထားသည်မှာ ၂၀၂၀ တွင် ငွေကြေးလည်ပတ်နှုန်းက ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ မျှော်မှန်းထားပါတယ်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အထည်အလိပ်လုပ်ငန်းမှာ (၁ ရာခိုင်နှုန်း) ရပ်တန့်နိုင်ပါတယ်။

 

လာမယ့်နောက်နှစ်များတွင် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကုမ္ပဏီများရဲ့ ငွေကြေးလည်ပတ်နှုန်းများ ပိုမိုမြင့်မားလာမယ်လို့ မျှော်လင့်နေကြပါတယ်။ ၎င်းတို့က ၂၀၂၂ ခုနှစ်မှာ ငွေကြေးလည်ပတ်နှုန်း ပမာဏ +9 ရာခိုင်နှုန်း၊ ၂၀၂၃ မှာ +14 ရာခိုင်နှုန်းနဲ့ ၂၀၂၄ မှာ +18 ရာခိုင်နှုန်းအနေနဲ့ နှိုင်းယှဉ်ထားပါတယ်။ တစ်နည်းပြောရလျှင် ၂၀၂၀ ခုနှစ်တွင် ဆုံးရှုံးခဲ့သော ဆုံးရှုံးမှုများကို အပြည့်အဝပြန်လည်ရယူနိုင်ရန် ပျမ်းမျှအားဖြင့် ၂၀၂၄ ခုနှစ်အထိ ကြာမယ်လို့ မျှော်လင့်ရပါတယ်။

 

By htikehtike
Ref: fibre2fashion.com

Read 750 times
Rate this item
(0 votes)