What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မုဒုံရက်ကန်းစောင်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျိုက်ရွဲကျေးရွာထွက် မုဒုံရက်ကန်းစောင်များကို လူကြိုက်များခြင်း၊

ဝယ်ယူခြင်းများရှိသော်လည်း ရက်ကန်းလုပ်သူရှားပါးလာပါတယ်။

ရက်ကန်းလုပ်ငန်းများ မတိမ်ကော စေရန်နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများကို ၂၀၁၇ ခုနှစ်မှစတင်၍ ရက်ကန်းရက်လုပ်နည်း များ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မုဒုံစောင်လုပ်ငန်းလုပ်ကိုင်သူထံမှ သိရပါတယ်။

ဒေသခံပြည်သူများမှာ ပြည်ပတွင် အလုပ်သွားလုပ်တဲ့သူတွေများလာသည့်အတွက် မုဒုံစောင်ရက်တဲ့ ရက်ကန်းလုပ်ငန်းတွေ ပပျောက်သလောက်ဖြစ်နေပါတယ်။

ယခုလို မတိမ်ကောရအောင် မုဒုံစောင် ရက်လုပ်တာကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ရက်ကန်းပညာ အခမဲ့ သင်ကြားပေးဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ယခုလက်ရှိတွင် မုဒုံစောင်များကို ဈေးကွက်အတွင်း ရောင်းချရလျက်ရှိသော်လည်း ရက်လုပ်သူ နည်းပါးခြင်းကြောင့် ၀ယ်ယူလိုသူများအတွက် အခက်အခဲများရှိနေပါတယ်။ ယခင်က ကျေးရွာတွင် ရက်ကန်းစင်ပေါင်း ၂၀ ကျော်ရှိခဲ့သော်လည်း ယခုတွင်မူ ရက်ကန်းစင် ၃ စင်သာ ရှိပါတော့တယ်။

မုဒုံစောင် ရက်ကန်းလုပ်ငန်းများ ပြန်လည်တိုးပွားလာစေရေးအတွက် ရက်ကန်းသမားများ မပျောက်ပျက်စေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စောင်များဈေးကွက်အတွင်းသို့ ဖြန့်ဖြူးနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Source: Myawaddy

Read 2062 times
Rate this item
(2 votes)