What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Cutting Room: End Bits and End Loss

zaw+uni

အ၀တ္အစား ထုတ္လုပ္တာမွာ အထည္သားဟာ အဓိက အစိတ္အပုိင္းျဖစ္ၿပီး အ၀တ္အစားတစ္ထည္ကုန္က်စရိတ္ရဲ႕ ၆၀% ေက်ာ္ကုိ အထည္သားအတြက္ သုံးစြဲၾကရတယ္။

ဒီေတာ့ တကယ္လုိ႔ အထည္သား သုံးစြဲတာမွာ အေလအလြင့္ နည္းပါးေအာင္ ႀကံေဆာင္လုပ္ကုိင္ၾကတယ္။ တကယ္လုိ႔ ၁% ေလာက္အေလအလြင့္ သက္သာတယ္ဆုိရင္ပဲ တစ္ႏွစ္တာမွာ သက္သာသြားတဲ့ ေငြပမာဏက မနည္းဘူး။
အထည္သားကုိ ေခၽြတာသုံးစြဲတယ္ဆုိတာ ဘာကို ဆုိလုိတာလဲ။ လက္ရွိသုံးစြဲေနတဲ့ အထည္သား ကုန္က်မႈပမာဏထက္ ေလ်ာ့ေအာင္ လုပ္လုိက္တာကုိ ေခၽြတာတယ္လုိ႔ ေျပာၾကတာ ျဖစ္ပါတယ္။ ကုန္သင့္တာကုိ မသုံးစြဲဘဲ ေခၽြတာတာေတာ့ မဟုတ္ဘူး။ ေလလြင့္တဲ့ေနရာေတြကုိ ေလွ်ာ့ခ်ၿပီး ေခၽြတာလုိက္တာ ျဖစ္ပါတယ္။ အဲဒီအတြက္ အထည္သားကုိ ျဖတ္ေတာက္တဲ့ေနရာမွာ အထူးဂ႐ုတစုိက္ျဖင့္ လုပ္ကုိင္ၾကတယ္။
ဒီေတာ့ အထည္သားကို အျပည့္သုံးႏုိင္ဖုိ႔ ႀကံစည္လုပ္ေဆာင္ၾကတယ္။ ရာႏႈန္းျပည့္ သုံးႏုိင္တယ္ဆုိရင္ အထည္သား ျဖတ္တဲ့ေနရာမွာ ေလလြင့္တဲ့ ျဖတ္စ မရွိေတာ့ဘူး။ ဒီေတာ့ ေလလြင့္တာ သုည ျဖစ္သြားတယ္။ ေခၽြတာလုိက္တာ အျမင့္မားဆုံးကုိ ေရာက္ရွိသြားမယ္။
၁၀၀% အျပည့္သုံးစြဲဖုိ႔ဆုိတာ လက္ေတြ႕မွာေတာ့ မျဖစ္ႏုိင္ပါဘူး။ အထည္သား အျပည့္သုံးတဲ့ ရာခုိင္ႏႈန္းကုိ ေလ်ာ့က်ေစတဲ့ အေၾကာင္းတရားေတြ ရွိေနတယ္။ အဲဒီ အေၾကာင္းတရားေတြကုိ သိနားလည္ထားမွ ေခၽြတာေရးကုိ ထိထိမိမိေဆာင္ရြက္ႏုိင္မွာ ျဖစ္ပါတယ္။
အထည္သား အလိပ္ကုိ ျဖတ္မယ့္စားပြဲေပၚမွာ အထပ္ထပ္အလႊာလႊာထပ္ၿပီး ျဖန္႔ခင္းထားၿပီး အထပ္လုိက္ ျဖတ္စက္နဲ႔ ျဖတ္ၾကရတယ္။ အဲဒီလုိခင္းတဲ့အခါ သတ္မွတ္ထားတဲ့ အလ်ားအတုိင္း အတိအက် ျဖန္႔ခင္းရတယ္။ အဲဒီအလ်ားက ျဖတ္မယ့္ အပုိင္းေတြကုိ ကပ္လ်က္ေနရာခ်ထားတဲ့အေပၚမွာ မူတည္တယ္။ ျဖတ္ရာ အမွတ္အသား markers ေတြ အကုန္လုံး ၿခံဳငုံမိတဲ့ အနည္းဆုံးအလ်ားျဖစ္တာကုိ အေၾကာင္းျပဳၿပီး marker length လုိိ႔ ေခၚၾကတယ္။ အလိပ္ကုိ ေျဖၿပီး အဲဒီ marker length အရ အထပ္ထပ္ေခါက္ထပ္ ျဖန္႔ခင္းတဲ့အခါ ေနာက္ဆုံးေနရာမွာ marker length ထက္ နည္းေနတဲ့ အသားပုိေလး ရွိေနတယ္။ အဲဒါကုိ End Bit အဆုံးသတ္မွာ ရွိေနတဲ့အပုိင္းအစ လုိ႔ ေခၚၾကတယ္။
ဥပမာအားျဖင့္ အလ်ား ၆၁ မီတာ ရွိတဲ အထည္လိပ္ကုိ marker length ၅ မီတာျဖင့္ အထပ္ထပ္ ေခါက္ထပ္ျဖန္႔ခင္းရင္ ၁၂လႊာ ထပ္ၿပီးခ်ိန္မွာ တစ္လႊာကုိ ၅ မီတာ၊ ၁၂လႊာ အတြက္ ၆၀ မီတာ ကုန္သြားၿပီ။ ဒီေတာ့ အစြန္းထြက္ ၁ မီတာ က်န္ေနမယ္။ အဲဒီ ၁ မီတာ အပုိင္းဟာ End Bit ျဖစ္ပါတယ္။ အဲဒါ ေလလြင့္တဲ့အပုိင္း ျဖစ္ပါတယ္။
End Bit နဲ႔ အေခၚအေ၀ၚ ဆင္တူၿပီး ေလလြင့္တဲ့အပုိင္းတစ္မ်ဳိးကေတာ့ End loss ျဖစ္ပါတယ္။ ျဖတ္မယ့္စားပြဲေပၚအထည္သားကုိ အထပ္ထပ္ ခင္းထားတဲ့အခါ ေဘးစြန္းနားေတြမွာ အသားနည္းနည္း ခ်န္ေပးထားမွ စက္က ျဖတ္ေပးဖုိ႔ အဆင္ေျပတယ္။ အဲဒီ ျဖတ္စကုိ အနာခံရတယ္။ ဆုံး႐ႈံးတယ္။ အဲဒီျဖတ္စကုိ End loss လုိ႔ ေခၚၾကတယ္။ End loss ျဖစ္ေပၚေစတဲ့ ေနာက္ထပ္အေၾကာင္းတရားတစ္ခုက markers ျဖတ္ရာပုံေတြ ကုိ ခင္းက်င္းေနရာခ်တာမွာ ေဘးအစြန္ေတြအထိ မေရာက္ဘဲ ေနရာပုိေနတာေၾကာင့္ ျဖစ္ပါတယ္။ အဲဒီ End loss ရဲ႕ ေလလြင့္မႈကုိလည္း ဂ႐ုစုိက္ၾကရတယ္။
စက္နဲ႔ ျဖတ္တာမွာ အဆင္ေျပေစဖုိ႔ တစ္လႊာမွာ အစြန္းတစ္ဖက္ကုိ ၂ စင္တီမီတာစီ ခ်န္ေပးထားရတယ္ဆုိရင္ အစြန္းႏွစ္ဖက္အတြက္ ၄ စင္တီမီတာ ပုပ္တယ္။ အလႊာ ၁၀၀ ထပ္ထားတယ္ဆုိရင္ ၄၀၀ စင္တီမီတာ ပုပ္တယ္။ ဒီေတာ့ ၄ မီတာ ပုပ္သြားတာ ျဖစ္ပါတယ္။

UNI

Cutting Room: End Bits and End Loss
အဝတ်အစား ထုတ်လုပ်တာမှာ အထည်သားဟာ အဓိက အစိတ်အပိုင်းဖြစ်ပြီး အဝတ်အစားတစ်ထည်ကုန်ကျစရိတ်ရဲ့ ၆၀% ကျော်ကို အထည်သားအတွက် သုံးစွဲကြရတယ်။ ဒီတော့ တကယ်လို့ အထည်သား သုံးစွဲတာမှာ အလေအလွင့် နည်းပါးအောင် ကြံဆောင်လုပ်ကိုင်ကြတယ်။ တကယ်လို့ ၁% လောက်အလေအလွင့် သက်သာတယ်ဆိုရင်ပဲ တစ်နှစ်တာမှာ သက်သာသွားတဲ့ ငွေပမာဏက မနည်းဘူး။
အထည်သားကို ချွေတာသုံးစွဲတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ လက်ရှိသုံးစွဲနေတဲ့ အထည်သား ကုန်ကျမှုပမာဏထက် လျော့အောင် လုပ်လိုက်တာကို ချွေတာတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ကုန်သင့်တာကို မသုံးစွဲဘဲ ချွေတာတာတော့ မဟုတ်ဘူး။ လေလွင့်တဲ့နေရာတွေကို လျှော့ချပြီး ချွေတာလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် အထည်သားကို ဖြတ်တောက်တဲ့နေရာမှာ အထူးဂရုတစိုက်ဖြင့် လုပ်ကိုင်ကြတယ်။
ဒီတော့ အထည်သားကို အပြည့်သုံးနိုင်ဖို့ ကြံစည်လုပ်ဆောင်ကြတယ်။ ရာနှုန်းပြည့် သုံးနိုင်တယ်ဆိုရင် အထည်သား ဖြတ်တဲ့နေရာမှာ လေလွင့်တဲ့ ဖြတ်စ မရှိတော့ဘူး။ ဒီတော့ လေလွင့်တာ သုည ဖြစ်သွားတယ်။ ချွေတာလိုက်တာ အမြင့်မားဆုံးကို ရောက်ရှိသွားမယ်။
၁၀၀% အပြည့်သုံးစွဲဖို့ဆိုတာ လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။ အထည်သား အပြည့်သုံးတဲ့ ရာခိုင်နှုန်းကို လျော့ကျစေတဲ့ အကြောင်းတရားတွေ ရှိနေတယ်။ အဲဒီ အကြောင်းတရားတွေကို သိနားလည်ထားမှ ချွေတာရေးကို ထိထိမိမိဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
အထည်သား အလိပ်ကို ဖြတ်မယ့်စားပွဲပေါ်မှာ အထပ်ထပ်အလွှာလွှာထပ်ပြီး ဖြန့်ခင်းထားပြီး အထပ်လိုက် ဖြတ်စက်နဲ့ ဖြတ်ကြရတယ်။ အဲဒီလိုခင်းတဲ့အခါ သတ်မှတ်ထားတဲ့ အလျားအတိုင်း အတိအကျ ဖြန့်ခင်းရတယ်။ အဲဒီအလျားက ဖြတ်မယ့် အပိုင်းတွေကို ကပ်လျက်နေရာချထားတဲ့အပေါ်မှာ မူတည်တယ်။ ဖြတ်ရာ အမှတ်အသား markers တွေ အကုန်လုံး ခြုံငုံမိတဲ့ အနည်းဆုံးအလျားဖြစ်တာကို အကြောင်းပြုပြီး marker length လို့ ခေါ်ကြတယ်။ အလိပ်ကို ဖြပြေီး အဲဒီ marker length အရ အထပ်ထပ်ခေါက်ထပ် ဖြန့်ခင်းတဲ့အခါ နောက်ဆုံးနေရာမှာ marker length ထက် နည်းနေတဲ့ အသားပိုလေး ရှိနေတယ်။ အဲဒါကို End Bit အဆုံးသတ်မှာ ရှိနေတဲ့အပိုင်းအစ လို့ ခေါ်ကြတယ်။
ဥပမာအားဖြင့် အလျား ၆၁ မီတာ ရှိတဲ အထည်လိပ်ကို marker length ၅ မီတာဖြင့် အထပ်ထပ် ခေါက်ထပ်ဖြန့်ခင်းရင် ၁၂လွှာ ထပ်ပြီးချိန်မှာ တစ်လွှာကို ၅ မီတာ၊ ၁၂လွှာ အတွက် ၆၀ မီတာ ကုန်သွားပြီ။ ဒီတော့ အစွန်းထွက် ၁ မီတာ ကျန်နေမယ်။ အဲဒီ ၁ မီတာ အပိုင်းဟာ End Bit ဖြစ်ပါတယ်။ အဲဒါ လေလွင့်တဲ့အပိုင်း ဖြစ်ပါတယ်။
End Bit နဲ့ အခေါ်အေဝါ် ဆင်တူပြီး လေလွင့်တဲ့အပိုင်းတစ်မျိုးကတော့ End loss ဖြစ်ပါတယ်။ ဖြတ်မယ့်စားပွဲပေါ်အထည်သားကို အထပ်ထပ် ခင်းထားတဲ့အခါ ဘေးစွန်းနားတွေမှာ အသားနည်းနည်း ချန်ပေးထားမှ စက်က ဖြတ်ပေးဖို့ အဆင်ပြေတယ်။ အဲဒီ ဖြတ်စကို အနာခံရတယ်။ ဆုံးရှုံးတယ်။ အဲဒီဖြတ်စကို End loss လို့ ခေါ်ကြတယ်။ End loss ဖြစ်ပေါ်စေတဲ့ နောက်ထပ်အကြောင်းတရားတစ်ခုက markers ဖြတ်ရာပုံတွေ ကို ခင်းကျင်းနေရာချတာမှာ ဘေးအစွန်တွေအထိ မရောက်ဘဲ နေရာပိုနေတာကြောင့် ဖြစ်ပါတယ်။ အဲဒီ End loss ရဲ့ လေလွင့်မှုကိုလည်း ဂရုစိုက်ကြရတယ်။
စက်နဲ့ ဖြတ်တာမှာ အဆင်ပြေစေဖို့ တစ်လွှာမှာ အစွန်းတစ်ဖက်ကို ၂ စင်တီမီတာစီ ချန်ပေးထားရတယ်ဆိုရင် အစွန်းနှစ်ဖက်အတွက် ၄ စင်တီမီတာ ပုပ်တယ်။ အလွှာ ၁၀၀ ထပ်ထားတယ်ဆိုရင် ၄၀၀ စင်တီမီတာ ပုပ်တယ်။ ဒီတော့ ၄ မီတာ ပုပ်သွားတာ ဖြစ်ပါတယ်။

 

Read 1044 times
Rate this item
(0 votes)