What's new

×

Warning

JUser: :_load: Unable to load user with ID: 845


TAF မှ Radianza အမှတ်တံဆိပ်ရဲ့ ဝက်ဘ်ဆိုက်အသစ်ကို စတင်ခဲ့

ထိုင်းနိုင်ငံရှိ Aditya Birla အုပ်စု၏ယူနစ်တစ်ခုဖြစ်သော Thai Acrylic Fiber Co. , Ltd (TAF) သည် fiber ကို gel-ဆိုးဆေးများပြုလုပ်တဲ့ နည်းပညာ Radianza အတွက် ဝက်ဘ်ဆိုက်သစ်တစ်ခုကို ကြေညာခဲ့ပါတယ်။

ကုမ္ပဏီ၏အဆိုအရ ယခုဝက်ဘ်ဆိုက်အသစ်သည် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဆက်လက်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး လုပ်ငန်းတိုးတက်ကြီးထွားဖို့ကို အထောက်အကူပြုရန် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

မတ်လမှာ ကမ္ဘာတဝှမ်း ပျံ့နှံ့လာတဲ့ Covid-19 ကစပြီးစီးပွားရေးလုပ်ငန်းတော်တော်များများရုန်းကန်နေကြရတယ်။ အထည်အလိပ်နှင့်ဖက်ရှင်တို့ဟာ အကြီးအကျယ် ထိခိုက်တဲ့အထဲမှာ ပါဝင်ပါတယ်။

 

သို့သော် စားသုံးသူများက သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲတဲ့လမ်းကြောင်းကို ပို၍ အာရုံစိုက်လာတယ်။ "Radianza ကို ချည်ငင်စက်ရုံတွေ အထည်စက်ရုံတွေအကြား လက်ခံသုံးစွဲကြတာ အတော်များပါတယ်။ 'ဒါပေမဲ့ Radianza ကို စတင်ခဲ့ပြီးချိန် ဇူလိုင်လဆန်းမှာ သဘာဝပတ်ဝန်းကျင် တည်တံ့စေတဲ့ ဖက်ရှင်အကြောင်း မှတ်တမ်းဗီဒီယိုကို ထုတ်လွှင့်ပြီးတဲ့နောက်မှာ အမှတ်တံဆိပ်တွေနဲ့ လက်လီအရောင်းလုပ်ငန်းတွေထံမှ မေးမြန်းစုံစမ်းတာတွေ ရရှိခဲ့ပါတယ်။ ဒီတော့ Radianza အတွက် ရည်ရွယ်ထားတဲ့ ဝဘ်ဆိုက်အသစ်တစ်ခုကို ဖန်တီးလိုက်ရတာ ဖြစ်ပါတယ်၊ ဖောက်သည်တွေနဲ့ စားသုံးသူတွေကို သတင်းအချက်အလက်တွေ ရှာဖွေတဲ့အခါ လွယ်ကူစေဖို့ ဖြစ်ပါတယ်" လို့ TAF ရဲ့ chief marketing officer ဖြစ်သူ Ashwini Chotani က ပြောပါတယ်။

 

Radianza ၏ ဝက်ဘ်ဆိုက်အသစ်မှာ radianza.world ဖြစ်ပြီး ဖိုင်ဘာနှင့်သက်ဆိုင်သောသတင်းအချက်အလက်အားလုံး၊ ဥပမာအားဖြင့် - ဂျယ်လ်ဆေးဆိုးခြင်းနည်းပညာ၊ ဖိုင်ဘာသတ်မှတ်ချက်များ၊ နောက်ဆုံးပေါ် အပလီကေးရှင်းများ၊ သတင်းများနှင့်အဖြစ်အပျက်များစသည်တို့ကို သိရှိနိုင်ပါတယ်။ နောက်ပြီး Radianza နှင့်သက်ဆိုင်သောအရာအားလုံးအတွက် တစ်နေရာတည်းမှာ ရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။

 

By THO (Myanmar Textile & Garment Guide)

Ref: fibre2fashion.com

Read 971 times
Rate this item
(0 votes)