What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Marker Making Methods

Zaw+Uni အထည္သားအလိပ္ကုိ ေျဖခ်ၿပီး ခ်ဳပ္ထည္ခ်ဳပ္ဖုိ႔ ခ်ဳပ္ေပးရမယ့္ အပုိင္းေတြက ျဖတ္ေတာက္တဲ့အခါ ျဖတ္စက္ရဲ႕ စားပြဲေပၚမွာ

အလိပ္ကုိ အထပ္ထပ္အလႊာလႊာ ထပ္ၿပီး ျဖန္႔ခင္းပါတယ္။ လူေတြက လက္နဲ႔ ကုိင္တြယ္ၿပီး လုပ္ကုိင္ၾကတာ ရွိသလုိ စက္ကုိ ခင္းခုိင္းတာလည္း ရွိပါတယ္။ လူေနရာကုိ စက္ေတြ အစားထုိး ၀င္လာေနတဲ့ေခတ္မွာ ေနာင္တစ္ခ်ိန္က် စက္ေတြကုိပဲ ခုိင္းၾကပါလိမ့္မယ္။ အထည္ခ်ဳပ္ဖုိ႔ အပ္ႏွံ႔သူေတြကလည္း စက္နဲ႔ ခင္းတဲ့ အထည္ခ်ဳပ္စက္႐ုံကုိ ဦးစားေပး ေရြးခ်ယ္ၾကပါလိမ့္မယ္။ 

အဲဒီလုိ ျဖန္႔ခင္းတဲ့အခ စားပြဲရဲ႕ ဧရိယာအတြင္းမွာပဲ ျဖန္႔ခင္းရမွာျဖစ္လုိ႔ အဲဒီဧရိယာ အတြင္းမွာ ျဖတ္မယ့္အပုိင္းေတြကုိ ေနရာခ်ေပးရပါတယ္။ ထိေရာက္မႈရွိေအာင္၊ ျဖတ္စ အေလအလြင့္နည္းေအာင္ ျဖတ္မယ့္အပုိင္းပုံေတြကုိ ပညာသားပါပါျဖင့္ ေနရာခ်ေပးရပါတယ္။ ျဖတ္မယ့္အပုိင္းပုံ အမွတ္အသားေတြရဲ႕ အရြယ္အစားနဲ႔ အလ်ား marker size နဲ႔ marker length တုိ႔အရ အဆင္ေျပေအာင္ အပုိင္းပုံေတြကုိ ေနရာခ်ၾကတယ္။ အထည္သားရဲ႕ အထူအပါးအေပၚမူတည္ၿပီး ဘယ္ႏွလႊာ ထပ္မွာလဲ ဆုိတာကုိ ခ်င့္ခ်ိန္ဆုံးျဖတ္ၾကတယ္။ ျဖတ္စက္ရဲ႕ ဓားသြားမွ ခြင့္ျပဳထားတဲ့ အထူထက္ေတာ့ ပုိလုိ႔ မရဘူးဆုိတာ ေျပာျပဖုိ႔ လုိမယ္ မထင္ပါဘူး။
အဲဒီအဆင့္အတြက္ အဓိက အဆုံးအျဖတ္ေပးတဲ့ ပုံအမွတ္အသား Marker ကုိ လက္ျဖင့္ ေရးဆြဲ၊ လက္ျဖင့္ ေနရာခ်တာမ်ဳိး ရွိပါတယ္။ ပုံပန္းသဏၭာန္ေတြရဲ႕ ေကာက္ေၾကာင္းကုိ အမွတ္အသား ျပဳေပးတယ္။ စကၠဴနဲ႔ ထုတ္ထားတဲ့ ပက္တန္ေတြကုိ ေနရာခ်ၿပီး ပက္တန္ရဲ႕ ေဘးပတ္ပတ္လည္ကုိ အမွတ္အသား ဆြဲေပးၿပီး ေကာက္ေၾကာင္းကုိ အရာထင္ေစတာ ျဖစ္ပါတယ္။ အဲဒီ အရာအတုိင္း ျဖတ္စက္နဲ႔ လုိက္ျဖတ္ေပးရမွာ ျဖစ္ပါတယ္။ ျဖတ္မယ့္ အထည္သားေပၚမွာ တုိ္က္႐ုိက္ေရးဆြဲရင္ အဲဒီအထည္သား ညစ္ပတ္သြားၿပီး ပယ္ရလိမ့္မယ္။ အထည္သား ေလလြင့္တယ္။ ဒီေတာ့ စကၠဴျဖဴပါးပါးေပၚမွာ ပုံေတြကုိ လုိက္ဆြဲေပးၿပီး အဲဒီပုံေတြ အရာထင္ေနတဲ့အတုိင္ ျဖတ္စက္နဲ႔ လုိက္ျဖတ္ေပးၾကပါတယ္။ ပက္္တန္ေတြကုိေတာ့ ကတ္ထူအပါး ျဖစ္ျဖစ္၊ ေကာ္ျပားအမာအၾကည္ျဖစ္ျဖစ္ သုံးစြဲတယ္။
အခုလုိနည္းလမ္းကုိ သုံးစြဲၾကတဲ့ ရည္ရြယ္ခ်က္ေတြက အထည္သားကုိ အထပ္လုိက္ျဖတ္တဲ့အတြက္ အရြယ္အစားနဲ႔ စတုိင္လ္ ဆင္တူတဲ့ ခ်ဳပ္ထည္ေတြကုိ တစ္ေျပးညီ ရရွိေစတယ္။
ခ်ဳပ္ထည္ေတြ အမ်ားအျပား ခ်ဳပ္မယ္ဆုိရင္ အခုလုိ မတ္ကာ marker နည္းလမ္းကုိ မသုံးမျဖစ္ သုံးၾကတယ္။ မတ္ကာက ျဖတ္တဲ့အခါ ဘယ္လုိျဖတ္ရမယ္ဆုိတာကုိ အတိအက် ၫႊန္ျပေပးေနတယ္။ ျဖတ္စ ေလလြင့္တာ အနည္းဆုံးျဖစ္ေအာင္ လုပ္လုိ႔ ရေစတယ္။ ထုတ္လုပ္တဲ့ အခ်ိန္နဲ႔ ကုန္က်စရိတ္တုိ႔ သက္သာေစတယ္။
အဲဒီရည္ရြယ္ခ်က္ေတြ အထေျမာက္ဖုိ႔ ပက္တန္ေတြကုိ အထည္သားေပၚ ေနရာခ်တဲ့အခါ ေနရာလြတ္ နည္းႏုိင္သမွ် နည္းေအာင္ ေနရာခ်ေပးၾကတယ္။ လူနဲ႔ လုပ္ရင္ အခ်ိန္ပုိကုန္တယ္။ ဒါေၾကာင့္ ေနရာခ်တာကုိ အခုအခါ ကြန္ပ်ဴတာေဆာ့ဖ္၀ဲကုိ အသုံးမ်ားၾကတယ္။ Computer Aided Design (CAD) system သုံးစြဲၿပီး လုပ္ကုိင္ၾကတာ မ်ားပါတယ္။ အထည္သားေပၚခင္းမယ့္ စကၠဴျဖဴကုိ ပရင့္တာနဲ႔ ပုံႏွိပ္ထုတ္ယူၿပီး သုံးစြဲၾကတယ္။ အရြယ္အစားႀကီးမားတဲ့ စကၠဴအရြယ္အစားကုိ ပုံႏွိပ္ေပးႏုိင္တဲ့ ပရင့္တာကုိ သုံးရတာမုိ႔ ရင္းႏီွးရတဲ့ စရိတ္စကကုိ ထည့္စဥ္းစားဖုိ႔ လုိပါတယ္။

ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး



Pattern making ပက္တန္ျပဳလုပ္ျခင္း

Uni

Marker Making Methods

အထည်သားအလိပ်ကို ဖြေချပြီး ချုပ်ထည်ချုပ်ဖို့ ချုပ်ပေးရမယ့် အပိုင်းတွေက ဖြတ်တောက်တဲ့အခါ ဖြတ်စက်ရဲ့ စားပွဲပေါ်မှာ အလိပ်ကို အထပ်ထပ်အလွှာလွှာ ထပ်ပြီး ဖြန့်ခင်းပါတယ်။ လူတွေက လက်နဲ့ ကိုင်တွယ်ပြီး လုပ်ကိုင်ကြတာ ရှိသလို စက်ကို ခင်းခိုင်းတာလည်း ရှိပါတယ်။ လူနေရာကို စက်တွေ အစားထိုး ဝင်လာနေတဲ့ခေတ်မှာ နောင်တစ်ချိန်ကျ စက်တွေကိုပဲ ခိုင်းကြပါလိမ့်မယ်။ အထည်ချုပ်ဖို့ အပ်နှံ့သူတွေကလည်း စက်နဲ့ ခင်းတဲ့ အထည်ချုပ်စက်ရုံကို ဦးစားပေး ရွေးချယ်ကြပါလိမ့်မယ်။
အဲဒီလို ဖြန့်ခင်းတဲ့အခ စားပွဲရဲ့ ဧရိယာအတွင်းမှာပဲ ဖြန့်ခင်းရမှာဖြစ်လို့ အဲဒီဧရိယာ အတွင်းမှာ ဖြတ်မယ့်အပိုင်းတွေကို နေရာချပေးရပါတယ်။ ထိရောက်မှုရှိအောင်၊ ဖြတ်စ အလေအလွင့်နည်းအောင် ဖြတ်မယ့်အပိုင်းပုံတွေကို ပညာသားပါပါဖြင့် နေရာချပေးရပါတယ်။ ဖြတ်မယ့်အပိုင်းပုံ အမှတ်အသားတွေရဲ့ အရွယ်အစားနဲ့ အလျား marker size နဲ့ marker length တို့အရ အဆင်ပြေအောင် အပိုင်းပုံတွေကို နေရာချကြတယ်။ အထည်သားရဲ့ အထူအပါးအပေါ်မူတည်ပြီး ဘယ်နှလွှာ ထပ်မှာလဲ ဆိုတာကို ချင့်ချိန်ဆုံးဖြတ်ကြတယ်။ ဖြတ်စက်ရဲ့ ဓားသွားမှ ခွင့်ပြုထားတဲ့ အထူထက်တော့ ပိုလို့ မရဘူးဆိုတာ ပြောပြဖို့ လိုမယ် မထင်ပါဘူး။
အဲဒီအဆင့်အတွက် အဓိက အဆုံးအဖြတ်ပေးတဲ့ ပုံအမှတ်အသား Marker ကို လက်ဖြင့် ရေးဆွဲ၊ လက်ဖြင့် နေရာချတာမျိုး ရှိပါတယ်။ ပုံပန်းသဏ္ဌာန်တွေရဲ့ ကောက်ကြောင်းကို အမှတ်အသား ပြုပေးတယ်။ စက္ကူနဲ့ ထုတ်ထားတဲ့ ပက်တန်တွေကို နေရာချပြီး ပက်တန်ရဲ့ ဘေးပတ်ပတ်လည်ကို အမှတ်အသား ဆွဲပေးပြီး ကောက်ကြောင်းကို အရာထင်စေတာ ဖြစ်ပါတယ်။ အဲဒီ အရာအတိုင်း ဖြတ်စက်နဲ့ လိုက်ဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဖြတ်မယ့် အထည်သားပေါ်မှာ တို်က်ရိုက်ရေးဆွဲရင် အဲဒီအထည်သား ညစ်ပတ်သွားပြီး ပယ်ရလိမ့်မယ်။ အထည်သား လေလွင့်တယ်။ ဒီတော့ စက္ကူဖြူပါးပါးပေါ်မှာ ပုံတွေကို လိုက်ဆွဲပေးပြီး အဲဒီပုံတွေ အရာထင်နေတဲ့အတိုင် ဖြတ်စက်နဲ့ လိုက်ဖြတ်ပေးကြပါတယ်။ ပက်တန်တွေကိုတော့ ကတ်ထူအပါး ဖြစ်ဖြစ်၊ ကော်ပြားအမာအကြည်ဖြစ်ဖြစ် သုံးစွဲတယ်။
အခုလိုနည်းလမ်းကို သုံးစွဲကြတဲ့ ရည်ရွယ်ချက်တွေက အထည်သားကို အထပ်လိုက်ဖြတ်တဲ့အတွက် အရွယ်အစားနဲ့ စတိုင်လ် ဆင်တူတဲ့ ချုပ်ထည်တွေကို တစ်ပြေးညီ ရရှိစေတယ်။
ချုပ်ထည်တွေ အများအပြား ချုပ်မယ်ဆိုရင် အခုလို မတ်ကာ marker နည်းလမ်းကို မသုံးမဖြစ် သုံးကြတယ်။ မတ်ကာက ဖြတ်တဲ့အခါ ဘယ်လိုဖြတ်ရမယ်ဆိုတာကို အတိအကျ ညွှန်ပြပေးနေတယ်။ ဖြတ်စ လေလွင့်တာ အနည်းဆုံးဖြစ်အောင် လုပ်လို့ ရစေတယ်။ ထုတ်လုပ်တဲ့ အချိန်နဲ့ ကုန်ကျစရိတ်တို့ သက်သာစေတယ်။
အဲဒီရည်ရွယ်ချက်တွေ အထမြောက်ဖို့ ပက်တန်တွေကို အထည်သားပေါ် နေရာချတဲ့အခါ နေရာလွတ် နည်းနိုင်သမျှ နည်းအောင် နေရာချပေးကြတယ်။ လူနဲ့ လုပ်ရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် နေရာချတာကို အခုအခါ ကွန်ပျူတာဆော့ဖ်ဝဲကို အသုံးများကြတယ်။ Computer Aided Design (CAD) system သုံးစွဲပြီး လုပ်ကိုင်ကြတာ များပါတယ်။ အထည်သားပေါ်ခင်းမယ့် စက္ကူဖြူကို ပရင့်တာနဲ့ ပုံနှိပ်ထုတ်ယူပြီး သုံးစွဲကြတယ်။ အရွယ်အစားကြီးမားတဲ့ စက္ကူအရွယ်အစားကို ပုံနှိပ်ပေးနိုင်တဲ့ ပရင့်တာကို သုံးရတာမို့ ရင်းနှီးရတဲ့ စရိတ်စကကို ထည့်စဉ်းစားဖို့ လိုပါတယ်။

ချုပ်ထည်တွေ ထုတ်လုပ်တဲ့ စနစ်အမျိုးမျိုး
ခြုပျထညျတှေ ထုတျလုပျတဲ့ စနဈအမြိုးမြိုး


Pattern making ပက်တန်ပြုလုပ်ခြင်း
Pattern making ပကျတနျပွုလုပျခွငျး

Read 1233 times
Rate this item
(0 votes)