What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Guide to produce fibre from plastic drinking bottle

ZAW+UNI

သုံးၿပီးသား ေရသန္႔ဘူးခြံေတြကုိ တစ္ဖန္ျပန္လည္ သုံးစြဲၾကတယ္။ ယခုအခါ အထည္ရက္လုပ္ဖုိ႔ ခ်ည္မွ်င္ေတြကုိ ေရသန္႔ဘူးကေန ထုတ္လုပ္ၾကတယ္။ အခုလို တစ္ဖန္ျပန္သုံးတဲ့နည္းလမ္းျဖင့္ ထုတ္လုပ္တဲ့ ခ်ည္မွ်င္ျဖင့္ ထုတ္လုပ္တဲ့ အထည္ေတြဟာ ပုံမွန္သာမန္နည္းလမ္းျဖင့္ ထုတ္လုပ္တဲ့အထည္ေတြနဲ႔ ဘာမွ မကြာျခားဘူး။ ထူးျခားတာက တစ္ဖန္ျပန္သုံးတဲ့နည္းလမ္းျဖင့္ ထုတ္လုပ္ထားတဲ့အတြက္ ပတ္၀န္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္မႈ ျပဳေပးထားတဲ့ ကုသုိလ္ကုိ ရရွိတာ ျဖစ္ပါတယ္။

သုံးၿပီးသား ေရသန္႔ဘူးခြံေတြကုိ တစ္ဖန္ျပန္လည္သုံးစြဲေပးတဲ့ ကုမၸဏီေတြ ရွိေနတာေၾကာင့္ အလုပ္အကုိင္ေတြ ရရွိၾကတာဟာလည္း ကုသုိလ္ထူးတစ္ခုပါပဲ။
ေရသန္႔ဘူးမွထုတ္လုပ္တဲ့ ခ်ည္မွ်င္ျဖင့္ ရက္လုပ္ထားတဲ့ အထည္ျဖင့္ ခ်ဳပ္ထားတဲ့ အ၀တ္အစားကုိ ဖက္ရွင္အဆန္းအျဖစ္ျဖင့္ ၀တ္ဆင္ၾကတာ ရွိသလုိ သာမန္အ၀တ္အစားအျဖစ္ ၀တ္ဆင္ၾကတာလည္း ရွိပါတယ္။ ကမ႓ာ့ေဘာပြဲမွာ ပါ၀င္ခဲ့တဲ့ အသင္းေတြမွာ အေမရိကန္ႏုိင္ငံအသင္းနဲ႔ ဘရာဇီးႏုိင္ငံအသင္းတုိ႔ အပါအ၀င္ အသင္း ကုိးသင္းဟာ ေရသန္႔ဘူးခြံကေန ထုတ္လုပ္တဲ့ခ်ည္ျဖင့္ ရက္လုပ္ထားတဲ့ အထည္ေတြကုိ ၀တ္ဆင္ခဲ့ၾကပါတယ္။ အထက္ေအာက္ ၀တ္စုံအကုန္လုံး ပလတ္စတစ္ ေရသန္႔ဘူးခြံမွ ထုတ္လုပ္တဲ့ ခ်ည္ျဖင့္ ရက္ထားတဲ့ အထည္ေတြ ျဖစ္ပါတယ္။

1280px Bales of PET bottles 3

ေရသန္႔ဘူးခြံကေန အထည္ျဖစ္ေအာင္ ဘယ္လုိလုပ္ၾကသလဲ။ အဆင့္ျမင့္နည္းပညာ သုံးစြဲထားတဲ့ ထုတ္လုပ္မႈ လုပ္ငန္းစဥ္ျဖင့္ လုပ္ကုိင္ပါတယ္။ အရင္ဆုံး ေရသန္႔ဘူးခြံေတြကုိ ေဆးေၾကာသန္႔စင္တယ္။ ၿပီးရင္ ဖိပစ္ၿပီး ေလးေထာင့္တုံးငယ္ေတြ ျဖစ္ေအာင္ လုပ္လုိက္တယ္။ ၿပီးတဲ့အခါ ခ်ည္ထုတ္မယ့္ဆီကုိ ကုန္ၾကမ္းအျဖစ္ ေပးပုိ႔ပါတယ္။
ဘူးခြံေလးေထာင့္တုံးကုိ အတုံးငယ္မ်ားျဖစ္ေအာင္ ျဖတ္ေတာက္တယ္။ အရည္ေပ်ာ္ေအာင္ လုပ္ၿပီး လုံး၀ုိင္းတဲ့ အလုံးမ်ား အျဖစ္သုိ႔ ေရာက္ေအာင္ လုပ္တယ္။ အဲဒီ အလုံးေလးေတြကုိ ႀကိတ္ေခ်ၿပီး ေနာ္ဇယ္နဲ႔ မႈတ္ထုတ္ေတာ့ အျပင္ကုိ အမွ်င္တန္းၿပီး ထြက္တယ္။ အဲဒီေသးမွ်င္တဲ့ အမွ်င္တန္းေတြကုိ ရယူစုစည္းတဲ့အခါ ေရယြန္ခ်ည္အျဖစ္ ရရွိပါတယ္။


၂၁၀၃ ခုႏွစ္မွာ က်င္းပတဲ့ New York fashion Week မွာ လမ္းေဘးေဈးေရာင္းစက္ျဖင့္ တီရွပ္ေတြ ေရာင္းခ်ေပူတယ္။ တစ္ဖန္ျပန္သုံး ပလတ္စတစ္ဖုိင္ဘာနဲ႔ ရက္လုပ္တဲ့ အထည္သားျဖင့္ ခ်ဳပ္လုပ္ထားတဲ့ တီရွပ္ေတြ ျဖစ္ပါတယ္။ အဲဒီတီရွပ္ေတြကုိ ေရာင္းခ်တာမွာ ပုိက္ဆံျဖင့္ မေရာင္းပါဘူး။ ေရသန္႔ဘူးခြံေတြကုိ ေဈးေရာင္းစက္ထဲ ထည့္ေပးမွ ေဈးေရာင္းစက္က တီရွပ္ကုိ ထုတ္ေပးပါတယ္။
တစ္ဖန္ျပန္သုံးခ်ည္ထည္ေတြနဲ႔ တီရွပ္၊ ဂ်က္ကက္၊ ရွပ္ အစရွိတဲ့ ပုိလီစတာထည္ေတြအျဖစ္ ထုတ္လုပ္ၾကပါတယ္။ ဦးထုပ္၊ ေစာင္၊ ဂ်က္ကက္လုိင္နင္တုိ႔ကုိလည္း ထုတ္လုပ္ၾကပါတယ္။
ပုိလီစတာကုိ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕တုိ႔မွ ထုတ္လုပ္ရတာျဖစ္လုိ႔ ျပည္ပမွ တင္သြင္းၾကရတဲ့ ႏုိင္ငံေတြမွာ ယခုလုိ တစ္ဖန္ျပန္လည္သုံးစြဲၿပီး ထုတ္လုပ္တာ ျပည္တြင္း သဘာ၀ပတ္၀န္းက်င္ကုိ ထိန္းသိမ္းေပးရာ ေရာက္တဲ့အျပင္ အမႈိက္ထဲက ေရႊ ျဖစ္တာမုိ႔ တြက္သားကုိက္ပါတယ္။

References:
1. Thehindu.com
2. Gbb.org
3. Beforeitsnews.com
4. Ggoclothing.com
5. Plasticstoday.com
6. Americanchemistry.com
7. Plasticsmakeitpossible.com

 

pol 3

 

Guide to produce fibre from plastic drinking bottle
===============================
သုံးပြီးသား ရေသန့်ဘူးခွံတွေကို တစ်ဖန်ပြန်လည် သုံးစွဲကြတယ်။ ယခုအခါ အထည်ရက်လုပ်ဖို့ ချည်မျှင်တွေကို ရေသန့်ဘူးကနေ ထုတ်လုပ်ကြတယ်။ အခုလို တစ်ဖန်ပြန်သုံးတဲ့နည်းလမ်းဖြင့် ထုတ်လုပ်တဲ့ ချည်မျှင်ဖြင့် ထုတ်လုပ်တဲ့ အထည်တွေဟာ ပုံမှန်သာမန်နည်းလမ်းဖြင့် ထုတ်လုပ်တဲ့အထည်တွေနဲ့ ဘာမှ မကွာခြားဘူး။ ထူးခြားတာက တစ်ဖန်ပြန်သုံးတဲ့နည်းလမ်းဖြင့် ထုတ်လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ပြုပေးထားတဲ့ ကုသိုလ်ကို ရရှိတာ ဖြစ်ပါတယ်။

သုံးပြီးသား ရေသန့်ဘူးခွံတွေကို တစ်ဖန်ပြန်လည်သုံးစွဲပေးတဲ့ ကုမ္ပဏီတွေ ရှိနေတာကြောင့် အလုပ်အကိုင်တွေ ရရှိကြတာဟာလည်း ကုသိုလ်ထူးတစ်ခုပါပဲ။
ရေသန့်ဘူးမှထုတ်လုပ်တဲ့ ချည်မျှင်ဖြင့် ရက်လုပ်ထားတဲ့ အထည်ဖြင့် ချုပ်ထားတဲ့ အဝတ်အစားကို ဖက်ရှင်အဆန်းအဖြစ်ဖြင့် ဝတ်ဆင်ကြတာ ရှိသလို သာမန်အဝတ်အစားအဖြစ် ဝတ်ဆင်ကြတာလည်း ရှိပါတယ်။ ကမ္ဘာ့ဘောပွဲမှာ ပါဝင်ခဲ့တဲ့ အသင်းတွေမှာ အမေရိကန်နိုင်ငံအသင်းနဲ့ ဘရာဇီးနိုင်ငံအသင်းတို့ အပါအဝင် အသင်း ကိုးသင်းဟာ ရေသန့်ဘူးခွံကနေ ထုတ်လုပ်တဲ့ချည်ဖြင့် ရက်လုပ်ထားတဲ့ အထည်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ အထက်အောက် ဝတ်စုံအကုန်လုံး ပလတ်စတစ် ရေသန့်ဘူးခွံမှ ထုတ်လုပ်တဲ့ ချည်ဖြင့် ရက်ထားတဲ့ အထည်တွေ ဖြစ်ပါတယ်။

ရေသန့်ဘူးခွံကနေ အထည်ဖြစ်အောင် ဘယ်လိုလုပ်ကြသလဲ။ အဆင့်မြင့်နည်းပညာ သုံးစွဲထားတဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ဖြင့် လုပ်ကိုင်ပါတယ်။ အရင်ဆုံး ရေသန့်ဘူးခွံတွေကို ဆေးကြောသန့်စင်တယ်။ ပြီးရင် ဖိပစ်ပြီး လေးထောင့်တုံးငယ်တွေ ဖြစ်အောင် လုပ်လိုက်တယ်။ ပြီးတဲ့အခါ ချည်ထုတ်မယ့်ဆီကို ကုန်ကြမ်းအဖြစ် ပေးပို့ပါတယ်။
ဘူးခွံလေးထောင့်တုံးကို အတုံးငယ်များဖြစ်အောင် ဖြတ်တောက်တယ်။ အရည်ပျော်အောင် လုပ်ပြီး လုံးဝိုင်းတဲ့ အလုံးများ အဖြစ်သို့ ရောက်အောင် လုပ်တယ်။ အဲဒီ အလုံးလေးတွေကို ကြိတ်ချပြေီး နော်ဇယ်နဲ့ မှုတ်ထုတ်တော့ အပြင်ကို အမျှင်တန်းပြီး ထွက်တယ်။ အဲဒီသေးမျှင်တဲ့ အမျှင်တန်းတွေကို ရယူစုစည်းတဲ့အခါ ရေယွန်ချည်အဖြစ် ရရှိပါတယ်။


၂၁၀၃ ခုနှစ်မှာ ကျင်းပတဲ့ New York fashion Week မှာ လမ်းဘေးဈေးရောင်းစက်ဖြင့် တီရှပ်တွေ ရောင်းချပေူတယ်။ တစ်ဖန်ပြန်သုံး ပလတ်စတစ်ဖိုင်ဘာနဲ့ ရက်လုပ်တဲ့ အထည်သားဖြင့် ချုပ်လုပ်ထားတဲ့ တီရှပ်တွေ ဖြစ်ပါတယ်။ အဲဒီတီရှပ်တွေကို ရောင်းချတာမှာ ပိုက်ဆံဖြင့် မရောင်းပါဘူး။ ရေသန့်ဘူးခွံတွေကို ဈေးရောင်းစက်ထဲ ထည့်ပေးမှ ဈေးရောင်းစက်က တီရှပ်ကို ထုတ်ပေးပါတယ်။
တစ်ဖန်ပြန်သုံးချည်ထည်တွေနဲ့ တီရှပ်၊ ဂျက်ကက်၊ ရှပ် အစရှိတဲ့ ပိုလီစတာထည်တွေအဖြစ် ထုတ်လုပ်ကြပါတယ်။ ဦးထုပ်၊ စောင်၊ ဂျက်ကက်လိုင်နင်တို့ကိုလည်း ထုတ်လုပ်ကြပါတယ်။
ပိုလီစတာကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့မှ ထုတ်လုပ်ရတာဖြစ်လို့ ပြည်ပမှ တင်သွင်းကြရတဲ့ နိုင်ငံတွေမှာ ယခုလို တစ်ဖန်ပြန်လည်သုံးစွဲပြီး ထုတ်လုပ်တာ ပြည်တွင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာ ရောက်တဲ့အပြင် အမှိုက်ထဲက ရွှေ ဖြစ်တာမို့ တွက်သားကိုက်ပါတယ်။

References:
1. Thehindu.com
2. Gbb.org
3. Beforeitsnews.com
4. Ggoclothing.com
5. Plasticstoday.com
6. Americanchemistry.com
7. Plasticsmakeitpossible.com

Read 1100 times
Rate this item
(0 votes)