What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အပ်ချုပ်စက် ၆ လုံး၊ စင်ကာပူဒေါ်လာ ၃,၀၀၀ ဖြင့် စတင်ခဲ့သူ

ဟောဒီကြီးမားတဲ့မိသားစုကြီးထဲမှာ ကျွန်မနဲ့အတူ လုပ်ကိုင်နေသူတွေ၊ လုပ်ကိုင်ခဲ့သူတွေ ဖြစ်တဲ့ ၀န်ထမ်းတစ်ဦးချင်းတိုင်းကို ကျွန်မ တန်ဖိုးထားပါတယ်

- Estina Ang (Founder, Chairman and CEO of Ghim Li Group)


Forbes မှ Asia Emergent Women 25 List ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် စင်ကာပူမှ အထည်ချုပ်လုပ်ငန်းရှင် Estina Ang Suan Hong ပါဝင်သည်။
သူမကို အက်စ်တီနာဟု နာမည်အဖျားဆွတ်ပြီး ခေါ်ဝေါ်ကြသည်။
အထည်ချုပ်လုပ်ငန်းကို လက်ခွဲကန်ထရိုက်တာအဖြစ် ၁၉၇၅ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။
အပ်ချုပ်စက် ၆ လုံး၊ စင်ကာပူဒေါ်လာ ၃,၀၀၀ ဖြင့် စတင်ခဲ့သည်။
ယခုအခါ ကမ္ဘာဈေးကွက်များသို့ အထည်အလိပ်နှင့် အ၀တ်အစားများ တင်ပို့လျက်ရှိသည့် လုပ်ငန်းကြီးတစ်ခု အဖြစ်သို့ ရောက်ရှိနေပြီး အာရှ၏ အကြီးမားဆုံး လုပ်ငန်းကြီးများတွင် တစ်ခု အပါအ၀င်ဖြစ်သည်။
အက်စ်တီနာသည် ယခုအခါ အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။ သူမ ထူထောင်ခဲ့သည့် Ghim Li Group ဖြင့် ဖွဲ့စည်းထားသည့် GLG Corp Ltd ၏ Executive Chairman နှင့် CEO
အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

အက်စ်တာ၏ အမွေကို ဆက်ခံမည့်သူမှာသမီးဖြစ်သူ Felicia Pei Ling Gan ဟု ခန့်မှန်းထားကြသည်။ ယခုအခါ Ghim Li Group တွင် Director အဖြစ် ၂၀၁၃ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့သည်။

ယခင်က Ghim Li Group တွင် Legal Officer အဖြစ် ၂၀၀၆ ခုနှစ်တွင် လုပ်ကိုင်ခဲ့ပြီး Chief Administrative Officer အဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်ခဲ့သည်မှာ ၂၀၀၈ မှ ၂၀၁၁ ခုနှစ်အထိ ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် Chief Marketing Officer အဖြစ် တာဝန်ယူခဲ့ပြီး နောက်တစ်နှစ်တွင် Director အဖြစ် စတင်ထမ်းဆောင်ခဲ့သည်။

esta ang

GLG Ghim Li Group ၏ ထုတ်ကုန်သစ်ဖြစ်သည့် အ၀တ်အစားအသစ် ထုတ်လုပ်သည့်အခါ ကျင့်သုံးသည့်အချက်များမှာ
●တင်ပို့ရောင်းချမည့် နိုင်ငံရှိ ဈေးကွက်ကို အသေးစိတ် သုတေသနပြုခြင်း
●ပေါ်ထွက်လာနေသည့် ဈေးကွက်များ အလားအလာ၊ တစ်ကမ္ဘာလုံး၏ ဖက်ရှင် အလားအလာများ၊ သုံးစွဲသည့်ပစ္စည်းများ၏ အလားအလာများကို ဆန်းစစ်ခြင်း
● အလုပ်အပ်နှံသူ စိတ်တိုင်းကျဖြစ်စေရန် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ခြင်း
● နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေးချက်များ တောင်းခံရယူခြင်း
တို့ ဖြစ်သည်။

ကုမ္ပဏီတွင် ဖက်ရှင်ဒီဇိုင်နာများ ထားရှိပြီး လုပ်ကိုင်ရာ၌
● ၀န်ဆောင်မှုကောင်းကောင်းကို ပေးခြင်း
● နိုင်ငံတကာအဆင့်အတန်း ရှိခြင်း
● ကမ္ဘာဈေးကွက်အမြင် ရှိခြင်း
● ကုမ္ပဏီအတွက် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် အ၀တ်အစားများ ဖန်တီးခြင်း
တို့ ပါဝင်သည်။

 

ယခင်က အထည်ချုပ်စက်ရုံတွင် အလုပ်သမ တဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး

ကိုယ်ပိုင်အထည်ချုပ် စက်ရုံလုပ်ငန်းကို ဦးဆောင် တည်ထောင်နိုင်ခဲ့သော

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအကြောင်း

 

အထည်ချုပ် အလုပ်သမမှ အထည်ချုပ်စက်ရုံပိုင်ရှင်ဖြစ်လာသူ

http://www.textiledirectory.com.mm/articles/item/416-textile.html

 

Read 8875 times
Rate this item
(1 Vote)