What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တီရှပ်တစ်ထည် $1,750 ဘယ်လို ရောင်းသလဲ

(Unicode)Louis Vuitton / Supreme မှ ဘူးဖြင် ထည့်ရောင်းတဲ့ တီရှပ်ကို $1,750 နဲ့ ဈေးတည့်ပြီး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

အဲဒီ တီ-ရှပ်ကို Supreme ကို ရောင်းချခဲ့တဲ့ ဈေးနှုန်းက $485 ဖြစ်ပါတယ်။ ကျပ်ငွေနဲ့ဆိုရင် ခြောက်သိန်းကျော်ပါတယ်။

zawgyi version link



ဈေးတအားမြောက်တယ်လို့ ပြောရပါမယ်။ ဒါပေမဲ့ Louis Vuitton နဲ့ Supreme တို့ ပူးတွဲထုတ်လုပ်တဲ့ အသားထူ ချွေးစုပ်တီရှပ်တွေ ပြန်ရောင်းချတဲ့ဈေးက ပေါက်ဈေး $7,500 ရှိပါတယ်။ တခြား Supreme ရဲ့ အဝတ်အစားတွေဟာလည်း ရောင်းကုန်သွားပြီးတဲ့အခါ ဈေးတက်ပါတယ်။ လက်လီရောင်းဈေးထက် အဆ ၁ဝဝ အထိ ဈေးတင်ပြီး ရောင်းကြတယ်။ ဝယ်ကြတယ်။

ဘူးနဲ့ ထည့်ရောင်းတဲ့ Supreme လိုဂို ဖော်ပြထားတဲ့ တီရှပ်အသားထူတွေ ပြန်ရောင်းချတဲ့ ပေါက်ဈေးက $500 ကနေ $1,000 ဝန်းကျင်အထိ ရှိပါတယ်။
Supreme လိုဂိုရဲ့ အောက်ခံအကွက်ရဲ့ အရောင်က အနီရောင်ဖြစ်တာမို့ Supreme လိုဂိုစာတန်း ဖော်ပြထားတဲ့ အုတ်နီခဲကို တစ်လုံး $30 နဲ့ Supreme က ရောင်းချပါတယ်။

အဲဒီအုတ်နီခဲကို ပြန်ရောင်းချတာမှာ ယခုအခါ $100 ကနေ $999 အထိ ဈေးပေါက်ပါတယ်။
ဒီတော့ Supreme အဝတ်အစားနဲ့ အခြားထုတ်ကုန်တွေကို အမြတ်ရမယ့်

ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။
ဈေးကြီးပေးပြီး ဝယ်ယူဝတ်ဆင်ကြတာဟာ ဟိတ်ဟန်ထုတ်ချင်လို့၊ ချမ်းသာကြောင်း ပြသချင်လို့ ဝယ်ကြတဲ့ ဝယ်ယူသုံးစွဲမှု ဖြစ်ပါတယ်။

သိုးစတိန်း ဘီဘလံ Thorstein Veblen ဆိုသူက သိသာပေါ်လွင် ဝယ်သုံးခြင်း (conspicuous consumption) လို့ သုံးနှုန်းပြီး

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော် ၁၈၉၉ ခုနှစ်မှာ ရေးသားတင်ပြခဲ့ပါတယ်။ မိမိ ချမ်းသာတာကို လူအများ သိအောင် ပြသလိုတဲ့ ဆန္ဒ လူတွေမှာ ရှိနပြေီး

အဲဒီဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် အခုလို မတန်တဆ ဈေးဖြင့် ရောင်းချတဲ့ လူသုံးကုန်တွေကို ဝယ်ယူသုံးစွဲကြတယ်လို့ ရှင်းပြခဲ့ပါတယ်။

အဲဒီပုဂိလ်ကို အစွဲပြုပြီး အဲဒီလို ကုန်စည်တွေကို ဘီဘလံ ကုန်ပစ္စည်း Veblen good လို့ ပြောဆိုသုံးနှုန်းကြပါတယ်။
ဖက်ရှင်လောကမှာ ထုတ်ကုန်ကို သာမန်နဲ့ ဘီဘလံ ဆိုပြီး နှစ်မျိုးခွဲခြား လုပ်ကိုင်ကြပါတယ်။ ဘီဘလံကုန်ပစ္စည်းတွေဟာ ဝယ်လိုအားနဲ့ ရောင်းဈေးနှုန်းတို့အတွက် သမားရိုးကျ ဥပဒေသကို လိုက်နာခြင်း မရှိပါဘူး။ ဆိုလိုတာက ဈေးနှုန်းမျဉ်းကြောင်း တစ်ခုရဲ့ အောက်ဖက်မှာ သာမန်ကုန်ပစ္စည်းတွေ ရှိကြတယ်။ အဲဒီ သာမန်ကုန်ပစ္စည်းတွေကို ဈေးတင်ပြီး ဈေးကြီးကြီးနဲ့ ရောင်းရင် ဝယ်လိုသူတွေ နည်းသွားတယ်။ အဲဒီဈေးနှုန်းမျဉ်းကြောင်းရဲ့ အထက်ဘက်မှာတော့ ဆက်နွှယ်ပုံက ပြောင်းပြန်ဖြစ်သွားတယ်။ ဈေးကြီးတာနဲ့အမျှ ဝယ်လိုသူတွေ ပိုရှိလာတယ်။
အမူအကျင့်ဆိုင်ရာ စိတ်ပညာရှင်တွေက ရှားပါးပြတ်လပ်မှုက လူရဲ့ အပြုအမူကို တွန်းအားပေးကြောင်း အကြိမ်ကြိမ် သက်သေထူပြခဲ့ကြပြီးပါပြီ။ မရလိုက်မှာစိုးလို့ ဆိုတဲ့ ပူပန်မှုဖြင့် လို၏မလို၏ ဆိုတာထက် ရတုန်းဝယ်ထားမှ၊ ကြုံကြိုက်တနု်း ဝယ်ထားမှ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလေ့ရှိတယ်။ အဲဒီ လူ့စိတ်ရဲ့ ပျော့ကွက်ကို နင်းဖို့အတွက် အထွတ်အထိပ်အထိ ရေပန်းစားစပြေီး အကန့်အသတ်ကို အတတ်နိုင်ဆုံး ပြုထားဆိုတဲ့ နည်းဗျူဟာကို ခင်းကျင်းကြတယ်။ အောင်မြင်ဖြစ်ထွန်းကြတာ ရှိသလို တိမ်မြှုပ်ပျောက်ကွယ်သွားတာတွေလည်း ဒုနဲ့ဒေးပါ။ အခုတင်ပြနေတဲ့ Supreme ဆိုတဲ့ brand ကတော့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။
Supreme brand ကို ၁၉၉၄ ခုနှစ်မှာ ဂျိန်း ဂျက်ဘိုင်ယာက စတင်ဖန်တီးခဲ့တယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်မှာ သူ့ရဲ့ ပထမဆုံး လက်လီအရောင်းဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်တယ်။ သူက ဖက်ရှင်ကုမ္ပဏီကြီးတွေရဲ့ လမ်းစဉ်ကို ဆန့်ကျင်တယ်။ ဖက်ရှင်ကုမ္ပဏီကြီးတွေ လုပ်နေကျက ဝယ်လိုသူတွေ များပြားလာရင် လိုသလောက် ရောင်းချပေးနိုင်ဖို့ ထုတ်လုပ်မှုကို အသည်းအသန် လုပ်ကြတယ်။ အမြန်အဆန် ထုတ်လုပ်ပြီး အရောင်းစင်တွေပေါ် အလျဉ်မီအောင် တင်ကြတယ်။ အဲဒီလို လုပ်တာမှာ လုပ်ငန်းပိုင်ငွေ အရင်းအနှီး မလုံလောက်ရင် ဘဏ်ချေးငွဖြေင့် လုပ်ကိုင်ကြတယ်။ ရောင်းအားကောင်းနေသရွေ့ အဆင်ပြေတယ်။ brand အကျဘက်ကို ရောက်ရင်တော့ ဝင်ငွေက မှန်းချက်နဲ့ မကိုက်လို့ ပြဿနာတက်တယ်။ လက်လီအရောင်းဆိုင်တွေက ရောင်းမရတဲ့ အဝတ်အစားတွေကို ပြန်ပို့တယ်။ အဲဒီအခါ ဖက်ရှင်လုပ်ငန်းဟာ ကြွေးမဆပ်နိုင်တော့တာမို့ ကြွေးနွံထဲ နစ်တော့တာပဲ။ ဒေဝါလီ ခံကြရတယ်။

Supreme ကတော့ လက်လီဆိုင် ၁၁ ဆိုင်ပဲ ဖွင့်ထားတယ်။ ထုတ်လုပ်တဲ့ အဝတ်အစားတွေကိုလည်း အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်တယ်။ အွန်လိုင်းမှာ စတင်ရောင်းချပြီး မိနစ်ပိုင်းအတွင်း အကုန်ရောင်းပြီးသား ဖြစ်အောင် ချိန်ဆပြီး အရေအတွက်ကို သတ်မှတ်ကာ ထုတ်လုပ်တယ်။ များသောအားဖြင့် အွန်လိုင်းမှာ အရောင်းစဖွင့်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ရောင်းလို့ ကုန်သွားတယ်။
ပြီးတော့ Supreme က လက်လီဆိုင်ရော ဝက်ဘ်ဆိုင်မှ အရောင်းဆိုင်ရော နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ပိတ်ထားတဲ့ ရက်တွေ ရှိတယ်။ သီတင်းပတ် အတန်ကြာအောင် ပိတ်ထားတယ်။ လာမယ့် ဖက်ရှင်ရာသီအတွက် အသစ်ထပ်ထုတ်နိုင်ဖို့အတွက် ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ကာ အခုလို ဆိုင်တွေ အကုန်လုံးကို ပိတ်တာ ဖြစ်ပါတယ်။
တခြား ဖက်ရှင်ထည်လုပ်ငန်းတွေကတော့ ဖက်ရှင်ရာသီတစ်ခု ကုန်ခါနီးရင် ဆိုင်မှာ ကျန်နေတာတွေကို ရှင်းထုတ်ပစ်ဖို့အတွက် လျှော့ဈေးဖြင့် ဈေးချပြီး ရောင်းကြတယ်။ နောက်ရာသီမှာ အဝတ်အစားအသစ်တွေ ရောက်လာရင် ဆိုင်မှာ ထားဖို့ နေရာရှိဖို့ရယ်၊ ထုတ်လုပ်ပြီးသားဖြစ်နပြေီမို့ ရသလောက် ငွေရှာတာ ဖြစ်တယ်။

Supreme လက်လီဆိုင်တွေ ပြန်ဖွင့်မယ့်ရက်ဆိုရင် ဆိုင်မှာ ဝယ်ဖို့ ဆိုင်မဖွင့်ခင်ကတည်းက တန်းစီနကြေတာ တန်းက အတော်ရှည်တယ်။ တစ်ခါမှာတော့ ပြဿနာတက်တယ်။ ၂ဝ၁၇ နွေရာသီမှာ လော့အိန်ဂျယ်လိစ်မြို့မှ Supreme လက်လီဆိုင်ကို မနက်ဖြန် မနက်ကျ ပြန်ဖွင့်မယ်ဆိုပြီး ကောလာဟလ မမှန်သတင်း ထွက်ပေါ်တယ်။ တကယ်အဟုတ်မှတ်တဲ့သူတွေက မနက် လေးနာရီလောက်မှာ လာတန်းစီကြတယ်။ မနက် ၁ဝ နာရီလောက်မှာ တန်းက အတော်ရှည်နပြေီ။ ဆိုင်က မဖွင့်သေးဘူးဆိုပြီး စိတ်တိုကြတယ်။ ထိန်းလို့သိမ်းလို့မရ ဖြစ်ကုန်တယ်။

ဆိုင်မှာ အခုလို တန်းစီနေတဲ့သူတွေကို ရောင်းတဲ့အခါ တစ်ဦးကို တစ်ထည်သာ ဝယ်ခွင့်ပေးတယ်။ အွန်လိုင်းမှာလည်း အလားတူပါပဲ။ တစ်ယောက်တစ်ထည်ပဲ ရတယ်။ အွန်လိုင်းက အလုအယက်ဝယ်ရတာမို့ ဝယ်လို့ရဖို့ အရမ်းခက်တယ်။ ဝယ်ခွင့် ရတဲ့သူဟာ ကံထူးရှင်ပဲ။
ဒီနေရာမှာ စဉ်းစားစရာရှိတာက ဝယ်ယူသူတွေထဲမှာ ဝယ်ပြီးရင် ဈေးတင်ပြီး ပြန်ရောင်းမယ့်သူတွေ ပါတယ်။ တချို့က ၁ဝ ဆမက ဈေးတင်ပြီး ရောင်းကြတယ်။ ဒီတော့ ထုတ်လုပ်သူ Supreme အနဖြေင့် ထစ်ထည်စာအတွက် ရမယ့်ရောင်းရငွေထက် ဝယ်ရောင်းသမားက အဆတိုးပြီး ပိုရတယ်။ အမြတ်ရတာကိုပဲ တွက်မယ်ဆိုရင် ဝယ်ရောင်းသမား ရတဲ့ အမြတ်က Supreme ရတဲ့အမြတ်ထက် အဆများစွာ ပိုပါတယ်။ အဲဒီလို အချောင်ဝင်စားသွားတာကို Supreme က ကြည်ဖြူပေးထားပါတယ်။
နောက်တစ်ချက်က တန်းစီတဲ့အခါ ဝယ်ရောင်းသမားတွေက တကယ်ဝတ်မယ့်သူတွေ ဝယ်မရအောင် လုပ်ကြတာ ဖြစ်ပါတယ်။ အဲဒါကိုလည်း Supreme က သည်းခံပေးထားတယ်။ ခုရေကို တိုးထုတ်ပြီး ရောင်းချခြင်း မပြုဘူး။ စရောင်းမယ့်နေ့ တန်းစီကြတဲ့အခါ ဝယ်ရောင်းသမားတွေက လူတွေငှါးပြီး တန်းစီခိုင်းထားတယ်။ ဒီတော့ တကယ်ဝတ်မယ့်သူတွေ အနားမသီနိုင်တော့ဘူး ဖြစ်ကုန်ကြတယ်။

တကယ်တော့ အဲဒီလို ဝယ်မရ ဖြစ်တာ၊ ဈေးကြီးပေးဝယ်မှ ရတာ၊ လိုသလောက် မရတာတွေဟာ Supreme ရဲ့ တီရှပ်တစ်ထည်ကို $1,750 ဈေးပေါက်နေစပြေီး ဘီဘလံ ကုန်ပစ္စည်း Veblen good အဖြစ်မှာ ဆက်လက်တည်တံ့နေစေတာ ဖြစ်ပါတယ်။

Read 902 times
Rate this item
(0 votes)