What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖုန်းထဲမှ အဟောင်းတန်း

ဂျပန်မှာ အသစ်လို ကောင်းဆဲဖြစ်တဲ့ တစ်ပတ်ရစ် အ၀တ်အစားတွေကို လိုလိုချင်ချင်ဖြင့် ၀ယ်ယူသူတွေရှိလို့ မလိုချင်တော့တဲ့သူတွေက သူ့မှာ ရှိတာကို ရောင်းထုတ်ပစ်ကြတယ်။


အဲဒီ အ၀တ်အစား အဟောင်းတန်း လဟာပြင်ဈေးက ဖုန်းထဲမှာ ရောက်နေတယ်။ လူသုံးများတဲ့ အဟောင်းတန်း လဟာပြင်ဈေးအက်ပ်တစ်ခုဖြစ်တဲ့ Mercari မှာ လျှောက်ရှာကြည့်ပြီး ပုံမှာဖော်ပြထားတဲ့ အသက် ၂၇ နှစ်ရှိသူ Ms Ai Sakai က အ၀တ်အစားတွေနဲ့ ရှူးတွေ ကြိုက်တာတွေ့ရင် ၀ယ်တယ်။ သူက Mercari ကို နေ့တိုင်း သုံးစွဲပြီး အဟောင်းတန်း လေဟာပြင်ဈေးကို လမ်းသလားသူတစ်ဦး ဖြစ်ပါတယ်။ သူက အသစ်ကျပ်ချွတ်ဆိုတာတွေကို သိပ်စိတ်မ၀င်စားဘူး။ အခုလို သူတစ်ပါးမှာ အလဟာသ ဖြစ်နေတဲ့ တစ်ပတ်ရစ်ကို ၀ယ်ယူဝတ်ဆင်ရတာကို ဂုဏ်ယူသူလည်း ဖြစ်တယ်။

‘’မ၀တ်ဖြစ်တဲ့ အ၀တ်အစားတွေ ဘီဒိုထဲမှာ ကာလရှည်ကြာ ချိတ်ထားတာဟာ ငွေတွေအိပ်နေတာနဲ့ အတူတူပဲ’’ လို့ စီပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

အခုလို အဟောင်းတန်း လဟာပြင်ဈေး အက်ပ်တွေကြောင့် ဆိုးကျိုးတစ်ခုတော့ ရှိနေတယ်။ ခိုးရာပါပစ္စည်းတွေကို အဲဒီအက်ပ်ရဲ့ ဈေးခင်းမှာ တင်ရောင်းကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် Mercari က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စည်းကမ်းအသစ်တစ်ခု ပြဋ္ဌာန်းခဲ့ပါတယ်။ Mercari ကို ပထမဆုံးအကြိမ် သုံးစွဲတဲ့အခါ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အသေးစိတ် ဖြည့်သွင်းပြီး မှတ်ပုံတင်ဖို့ လိုအပ်ကြောင်း ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသူ မာနာမိကတော့ အခုလို အဟောင်းတန်း ဖုန်းထဲမှာ ရှိနေတာ ဟန်ကျတယ်လို့ ဆိုပါတယ်။ ‘‘တစ်ခါတလေ ၀ယ်ပြီး သုံးကြည့်တော့ မကြိုက်ရင် အက်ပ်မှာ တင်ပြီး ပြန်ရောင်းလို့ ရတယ်’’ လို့ သူက ရှင်းပြတယ်။ အဟောင်းဈေးနဲ့ ၀ယ်လို့ရတာကြောင့် စမ်းသုံးကြည့်ချင်တာမျိုးတွေကိုလည်း ၀ယ်ဖြစ်သွားတယ်လို့ သူက ပြောပြတယ်။

ဂျပန်နိုင်ငံမှာ ဖုန်းထဲမှာ ရှိနေတဲ့ အဟောင်းတန်း ဈေးကွက်က ကြီးမားတယ်။ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ ပြန်ရောင်းတာကို ထည့်မတွက်တာတောင် ၂.၆၂ ထရီလျံယန်းဖိုး ၂၀၁၆ ခုနှစ်မှာ ရောင်းခဲ့ကြတာ တွေ့ရတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကြီးမားလာနေတယ်။
စမတ်ဖုန်းထဲ အက်ပ်တွေ ထည့်ပြီး ရောင်းလို့ဝယ်လို့ရတာ ၂၀၁၂ ခုနှစ်မှာ စတင်ဖွံ့ဖြိုးလာပြီး ယခုလို အဟောင်းတန်းဈေးကွက် ရုတ်တရက် ကြီးမားသွားတာ ဖြစ်တယ်။
အလွယ်တကူ သုံးလို့ရတာရယ်၊ ဈေးတန်းကို တကူးတက သွားဖို့ မလိုတာရယ်တို့ကြောင့် သုံးစွဲသူတွေကို ဆွဲငင်ထားတယ်။
တစ်ပတ်ရစ်တွေကို လေလံတင်ပေးတဲ့ အက်ပ်အခြေပြု လုပ်ငန်းတွေလည်း ရှိနေတယ်။

Read 1528 times
Rate this item
(1 Vote)