ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက် ထုတ်လုပ်ဖြန့်ချိတဲ့ FGM အမှတ်တံဆိပ် ချိတ်လုံချည် နဲ့ ပုဝါများ စတင်မိတ်ဆက်ပွဲ နှင့် ဖက်ရှင်ပြပွဲကို ဇူလိုင် ၁၅ရက်နေ့ ညနေ ၃နာရီ က Sule Shangri La ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးများ မဟာဆန်ပြီး ပြည့်စုံအောင်လှနေစေချင်ရင်တော့ FGM တံဆိပ် အချိတ်လေးတွေကို ၀တ်ဆင်နိုင်ပါတယ်။
FGM က အချိတ်တွေတင်မဟုတ်ဘဲ ချိတ်နဲ့ဆင်တူ ချိတ်ပဝါလေးတွေလဲထုတ်ပေးထားကြောင်း သိရပါတယ်။
အချိန်မရွေး၊ နေရာမရွေး၊ ပွဲလည်တင့်တယ်စေမယ့် ပိုးစစ်ချိတ် ဒီဇိုင်းတွေနဲ့မခြား အရောင်ကော ဒီဇိုင်းပါ လှပဆန်းသစ်တဲ့ ချိတ်ဒီဇိုင်းလေးတွေကို ထုတ်လုပ်ပေးထားတယ်။
ဈေးနှုန်းများကိုလည်း အခြေခံလူတန်းစားများ အသက်သာဆုံး ဈေးနှုန်းများနှင့် ၀ယ်ယူနိုင်ရန်ဝယ်နိုင်ကြောင်းသိရပါတယ်။