zaw+uni အလုိအေလ်ာက္စက္ေတြက တီရွပ္ေတြ ဂ်င္းေတြ ခ်ဳပ္လုပ္တာမွာ ၀င္လုပ္လာၾကတယ္။
အထည္သားေတြ အထပ္ထပ္အလႊာလႊာထပ္ၿပီး ျဖတ္တာနဲ႔ ခ်ဳပ္တာေတြကုိလည္း လူေတြလုိပဲ လုပ္ႏုိင္တဲ့ အလုိအေလ်ာက္စက္ေတြ ေပၚလာႏုိင္တယ္လုိ႔ ေရွ႕ေရးကုိ ေတြးၾကည့္ၾကတယ္။
၀ါဆြတ္တာ၊ ၀ါဂြမ္းမွ ခ်ည္ငင္တာ၊ ခ်ည္ေတြကုိ အထည္ရက္ၿပီး အထည္အလိပ္ ထုတ္လုပ္တာေတြမွာ အလုိအေလ်ာက္စက္ေတြနဲ႔ လုပ္ကုိင္ခဲ့ၾကတာ ၾကာပါၿပီ။
အထည္အလိပ္ကေန အ၀တ္အစားထုတ္တဲ့အပုိင္းမွာ လူအင္အား အမ်ားအျပားနဲ႔ လုပ္ကုိင္ေနၾကတယ္။
ပါကစၥတန္မွာ Ijaz Khokhar တုိ႔ မိသားစုက ကရာေတး၀တ္စုံနဲ႔ တျခား ကုိယ္ခံပညာေတြအတြက္ ၀တ္စုံေတြကုိသာ သီးသန္႔ခ်ဳပ္လုပ္တယ္။ ခုိခါ Khokhar ရဲ႕ ကုမၸဏီအမည္က Ashraf Industries ျဖစ္ၿပီး ေအာင္ျမင္ျဖစ္ထြန္းခဲ့တယ္။ အဓိက ၀ယ္လက္ေတြက ဂ်ပန္ျဖစ္ၿပီး ဒုတိယ၀ယ္လက္ေတြက ဥေရာပႏုိင္ငံအခ်ဳိ႕ ျဖစ္ပါတယ္။ အခုဆုိရင္ ပါကစၥတန္မွာ ကရာေတးနဲ႔ ကုိယ္ခံပညာ၀တ္စုံ အမ်ားဆုံး ျပည္ပတင္ပုိ႔တဲ့ ကုမၸဏီအျဖစ္သုိ႔ ေရာက္ရွိေနပါၿပီ။
ခုိခါ ရဲ႕ Ashraf Industries မွ ခ်ဳပ္လုပ္တဲ့ ကုိယ္ခံပညာ၀တ္စုံေတြက ေရွးမူမပ်က္ ခ်ဳပ္လုပ္ထားတယ္။ လုပ္ငန္းကေတာ့ ေရွးက်ၿပီး က်န္မေနရစ္ဘူး။ ေခတ္ကုိ အမီလုိက္တယ္။ လုိအပ္ခ်ိန္နီးမွ ကပ္ၿပီး လုိအပ္တဲ့ကုန္ၾကမ္းအထည္သားေတြ မွာယူတာ၊ နယ္ျခားျဖတ္ေက်ာ္ၿပီး အလုပ္ရယူတာ၊ အင္တာနက္နဲ႔ ကေလာက္တိမ္စိမ္သုံးစြဲတာေတြနဲ႔အတူ ေခတ္ကုိ ရင္ေဘာင္တန္းထားတယ္။
ႏွစ္တုိင္း ခုိခါက အထည္အလိပ္စက္ကိရိယာျပပြဲေတြကုိ သြားၾကည့္တယ္။ ေနာက္ဆုံးေပၚ ဆန္းသစ္တီထြင္မႈေတြကို ေလ့လာတယ္။ ထုတ္လုပ္ပုံ လုပ္ငန္းစဥ္ေတြမွာ တီထြင္ဆန္းသစ္ထားတာေတြကုိ သူ ေလ့လာတယ္။
‘‘ေခတ္ေရစီးကုိ က်ေနာ္ အမီလုိက္တယ္။ ဘယ္ေတာ့မွ လက္လြတ္မခံဘူး’’
လုိ႔ သူက ေျပာတယ္။ အလုိအေလ်ာက္စက္ေတြက သူ႕စက္႐ုံမွာ ခ်ဳပ္လုပ္ပုံကုိ ေျပာင္းလဲပစ္လိမ့္မယ္လုိ႔ သူ မထင္ဘူး။
‘‘က်ေနာ္ မွတ္တမ္းတင္ဗီဒီယုိမွာ ေတြ႕တယ္။ ဒါေပမဲ့ အဲဒါေတြက တကယ္ျဖစ္လာမယ္လုိ႔ ဘယ္တုန္းကမွ မထင္မိခဲ့ဘူး’’ လုိ႔ သူက ေျပာျပတယ္။
နည္းပညာေတြက ေျပာင္းလဲတုိးတက္တာ အရမ္းျမန္ေနတယ္။ တစ္ေနရာမွာ တုိးတက္တာကုိ အျခားတစ္ေနရာမွာ ယူသုံးၿပီး တုိးတက္မႈ ပုိျမန္ဆန္သြားေစတာေတြလည္း ရွိေနတယ္။ အစုိးရမွ အႀကီးအက်ယ္ ေထာက္ပံ့ေပးတာေတြေၾကာင့္ တုိးတက္သြားတာေတြလည္း ရွိတယ္။
အေမရိကန္ႏုိင္ငံ အတၱလန္တာၿမိဳ႕မွ Softwear Automation ဆုိတဲ့ ကုမၸဏီက အထည္ခ်ဳပ္တဲ့ လုိင္းတစ္ခုလုံးမွာ စက္လက္တံေတြနဲ႔ လုပ္ကုိင္ႏုိင္ေအာင္ စီမံျပခဲ့တယ္။ Softwear Automation ကုိ အရဲစြန္႔ ရင္းႏွီးျမႇဳပ္ႏွံသူ ရာဂ်ံက ၂၀၁၂ ခုႏွစ္မွာ ထူေထာင္ခဲ့တယ္။
အဲဒီနည္းပညာကုိ အထည္ခ်ဳပ္ျခင္း SEW န႔ဲ စက္လက္တံ ROBOT တုိ႔ ေပါင္းစပ္ၿပီး SEWBOT လုိ႔ အမည္တြင္တယ္။ အဲဒီ SEWBOT စက္လက္တံေတြက အထည္စကုိ ေကာက္ကုိင္တယ္။ စက္ေပၚတင္ၿပီး က်က်နန ေသေသသပ္သပ္ ခ်ဳပ္တယ္။
အေမရိကန္ ကာကြယ္ေရးဌာနက လုပ္ငန္းကုိ အေမရိကန္ေဒၚလာ ၁.၇သန္း ထုတ္ေပးၿပီး ကူညီတယ္။ အဲဒီအတြက္ စစ္ယူနီေဖာင္းေတြကုိ အေမရိကန္စစ္သည္ေတြအတြက္ ခ်ဳပ္ေပးၿပီး ျပန္ခုေထေပးရမွာ ျဖစ္ပါတယ္။
ပုံ
အထည္စကုိ ကုိင္တြယ္ဖုိ႔ဆုိတာ စက္လက္တံေတြအတြက္ အခက္ခဲဆုံး အလုပ္ ျဖစ္ပါတယ္။ ခ်ဳပ္တာ သီတာေတြကုိ လုပ္ရတဲ့အခါ အ၀တ္စက ေပ်ာ့တယ္။ တြန္႔လြယ္တယ္။ ဆန္႔ဆန္႔ျပန္႔ျပန္႔ ျဖစ္ေနေအာင္ ခ်ဳပ္ရသီရမယ့္ေနရာကို လူလက္ေခ်ာင္းေလးေတြနဲ႔ အလုိက္သင့္ ထိန္းကိုင္တာမ်ဳိးကုိ စက္လက္တံေတြ မလုပ္ႏုိင္ဘူး။ စက္ခ်ဳပ္သမေတြေတာင္မွာ တေပါက္ေပါက္နဲ႔ ေပါက္ေနတဲ့ အပ္ကုိ အမီလုိက္ၿပီး အ၀တ္ကုိ က်က်နန ေရႊ႕တတ္ဖုိ႔ဆုိတာ ကၽြမ္းက်င္ဖုိ႔ လုိတယ္။ ခ်ဳပ္သား ေျဖာင့္တန္းရမယ့္ေနရာမွာ ေျဖာင့္ေျဖာင့္တန္းတန္း ျဖစ္ေနေအာင္ အ၀တ္စႏွစ္ကုိ ေရႊ႕တတ္ဖုိ႔ လုိတယ္။ ေကြးေကြးေကာက္ေကာက္ ခ်ဳပ္ရတဲ့ေနရာမ်ဳိးေတြမွာလည္း အ၀တ္စႏွစ္ကုိ အလုိက္သင့္ လွည့္ၿပီး ေရႊ႕ေပးတတ္ဖုိ႔လုိတယ္။ စိမ္ေျပနေျပ လုပ္ေနလုိ႔ မရဘူး။ သတ္မွတ္ထားတဲ့စံႏႈန္းမီေအာင္ ခ်ဳပ္ၾကရတယ္။ အဲဒီလုိ ခ်ဳပ္တတ္ေအာင္ အရင္ေလ့က်င့္သင္ယူၾကရတယ္။
အထည္ခ်ဳပ္နယ္ပယ္မွာ အလုိအေလ်ာက္စက္ေတြ သုံးစြဲမႈ ပုိမ်ားလာေနတယ္။ အထူးသျဖင့္ အာရွမွာ အလုိအေလ်ာက္စက္ေတြ စတင္သုံးစြဲလာၾကတယ္။
အေမရိကန္မွာ Softwear Automation အျပင္ အလုိအေလ်ာက္ အထည္ခ်ဳပ္စက္ကုိ လုပ္ကုိင္တဲ့ ကုမၸဏီတစ္ခု ရွိေသးတယ္။ အမည္က Sewbo လုိ႔ေခၚတယ္။ အသက္ ၃၀ ႏွစ္၀န္းက်င္ရွိသူ Jon Zornow ရဲ႕ ႀကံဆမႈ ျဖစ္တယ္။ သူက ေရေလွ်ာ္ဖုိ႔ လြယ္ကူတဲ့ ဓာတုပစၥည္းျဖင့္ အထည္သားကုိ မာေတာင့္ေအာင္ ျပဳတယ္။ ကတ္ထူျပားမာမာလုိမ်ဳိး အထည္သား ျဖစ္သြားေတာ့မွ စက္႐ုပ္လက္ေတြနဲ႔ ခ်ဳပ္တယ္။ မာေနတဲ့အတြက္ စက္႐ုပ္လက္တံေတြ ကုိင္တြယ္ဖုိ႔ ခ်ဳပ္ဖုိ႔ လြယ္ကူသြားေစတယ္။ ခ်ဳပ္ၿပီးေတာ့မွ ခ်ဳပ္ထည္ကုိ ေရေလွ်ာ္ေပးလုိက္တယ္။ သုံးစြဲထားတဲ့ ဓာတုပစၥည္းေတြ ေရနဲ့အတူ ပါသြားတယ္။
Sewbot ေတြက ႐ုိး႐ုိးရွင္းရွင္း ခ်ဳပ္ရတာမ်ဳိးေတြကုိ စက္ခ်ဳပ္သမေတြထက္ ပုိျမန္ေအာင္ တစ္ေန႔ ၂၄ နာရီပတ္လည္ ခ်ဳပ္ႏုိင္တာမုိ႔ အေျမာက္အျမား ထုတ္လုပ္တဲ့ အ၀တ္အစားေတြအတြက္ အဆင္ေျပမယ္။ ခ်ဳပ္ရတာ ပညာသားပါၿပီး လက္၀င္တဲ့ အ၀တ္အစားဒီဇုိင္းမ်ဳိးေတြက်ေတာ့ စက္ခ်ဳပ္သမရဲ႕ ကၽြမ္းက်င္မႈေတြနဲ႔ လုပ္ကုိင္ဖုိ႔ လုိမွာ ျဖစ္ပါတယ္။ အဲဒီလုိ ခ်ဳပ္ထည္မ်ဳိးေတြက ခ်ဳပ္ခႏႈန္းထား ပုိျမင့္မားေလ့ရွိပါတယ္။ ဒီေတာ့ ကၽြမ္းက်င္မႈေတြ ရွိၾကပုံအရ လုပ္ခလစာေတြ ကြဲျပားတဲ့အျဖစ္ကုိ ေရာက္သြားလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ႏုိင္ပါတယ္။
Unicode
အလိုအလျောက်ချုပ်စက်နှင့် စက်ချုပ်သမ
အလိုအလျောက်စက်တွေက တီရှပ်တွေ ဂျင်းတွေ ချုပ်လုပ်တာမှာ ဝင်လုပ်လာကြတယ်။ အထည်သားတွေ အထပ်ထပ်အလွှာလွှာထပ်ပြီး ဖြတ်တာနဲ့ ချုပ်တာတွေကိုလည်း လူတွေလိုပဲ လုပ်နိုင်တဲ့ အလိုအလျောက်စက်တွေ ပေါ်လာနိုင်တယ်လို့ ရှေ့ရေးကို တွေးကြည့်ကြတယ်။
ဝါဆွတ်တာ၊ ဝါဂွမ်းမှ ချည်ငင်တာ၊ ချည်တွေကို အထည်ရက်ပြီး အထည်အလိပ် ထုတ်လုပ်တာတွေမှာ အလိုအလျောက်စက်တွေနဲ့ လုပ်ကိုင်ခဲ့ကြတာ ကြာပါပြီ။
အထည်အလိပ်ကနေ အ ဝတ်အစားထုတ်တဲ့အပိုင်းမှာ လူအင်အား အများအပြားနဲ့ လုပ်ကိုင်နကြေတယ်။
ပါကစ္စတန်မှာ Ijaz Khokhar တို့ မိသားစုက ကရာတေး ဝတ်စုံနဲ့ တခြား ကိုယ်ခံပညာတွေအတွက် ဝတ်စုံတွေကိုသာ သီးသန့်ချုပ်လုပ်တယ်။ ခိုခါ Khokhar ရဲ့ ကုမ္ပဏီအမည်က Ashraf Industries ဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းခဲ့တယ်။ အဓိက ဝယ်လက်တွေက ဂျပန်ဖြစ်ပြီး ဒုတိယ ဝယ်လက်တွေက ဥရောပနိုင်ငံအချို့ ဖြစ်ပါတယ်။ အခုဆိုရင် ပါကစ္စတန်မှာ ကရာတေးနဲ့ ကိုယ်ခံပညာ ဝတ်စုံ အများဆုံး ပြည်ပတင်ပို့တဲ့ ကုမ္ပဏီအဖြစ်သို့ ရောက်ရှိနေပါပြီ။
ခိုခါ ရဲ့ Ashraf Industries မှ ချုပ်လုပ်တဲ့ ကိုယ်ခံပညာ ဝတ်စုံတွေက ရှေးမူမပျက် ချုပ်လုပ်ထားတယ်။ လုပ်ငန်းကတော့ ရှေးကျပြီး ကျန်မနေရစ်ဘူး။ ခေတ်ကို အမီလိုက်တယ်။ လိုအပ်ချိန်နီးမှ ကပ်ပြီး လိုအပ်တဲ့ကုန်ကြမ်းအထည်သားတွေ မှာယူတာ၊ နယ်ခြားဖြတ်ကျော်ပြီး အလုပ်ရယူတာ၊ အင်တာနက်နဲ့ ကလောက်တိမ်စိမ်သုံးစွဲတာတွေနဲ့အတူ ခေတ်ကို ရင်ဘောင်တန်းထားတယ်။
နှစ်တိုင်း ခိုခါက အထည်အလိပ်စက်ကိရိယာပြပွဲတွေကို သွားကြည့်တယ်။ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတွေကို လေ့လာတယ်။ ထုတ်လုပ်ပုံ လုပ်ငန်းစဉ်တွေမှာ တီထွင်ဆန်းသစ်ထားတာတွေကို သူ လေ့လာတယ်။
‘‘ခေတ်ရေစီးကို ကျနော် အမီလိုက်တယ်။ ဘယ်တော့မှ လက်လွတ်မခံဘူး’’
လို့ သူက ပြောတယ်။ အလိုအလျောက်စက်တွေက သူ့စက်ရုံမှာ ချုပ်လုပ်ပုံကို ပြောင်းလဲပစ်လိမ့်မယ်လို့ သူ မထင်ဘူး။
‘‘ကျနော် မှတ်တမ်းတင်ဗီဒီယိုမှာ တွေ့တယ်။ ဒါပေမဲ့ အဲဒါတွေက တကယ်ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး’’ လို့ သူက ပြောပြတယ်။
နည်းပညာတွေက ပြောင်းလဲတိုးတက်တာ အရမ်းမြန်နေတယ်။ တစ်နေရာမှာ တိုးတက်တာကို အခြားတစ်နေရာမှာ ယူသုံးပြီး တိုးတက်မှု ပိုမြန်ဆန်သွားစေတာတွေလည်း ရှိနေတယ်။ အစိုးရမှ အကြီးအကျယ် ထောက်ပံ့ပေးတာတွေကြောင့် တိုးတက်သွားတာတွေလည်း ရှိတယ်။
အမေရိကန်နိုင်ငံ အတ္တလန်တာမြို့မှ Softwear Automation ဆိုတဲ့ ကုမ္ပဏီက အထည်ချုပ်တဲ့ လိုင်းတစ်ခုလုံးမှာ စက်လက်တံတွေနဲ့ လုပ်ကိုင်နိုင်အောင် စီမံပြခဲ့တယ်။ Softwear Automation ကို အရဲစွန့် ရင်းနှီးမြှုပ်နှံသူ ရာဂျံက ၂ ဝ၁၂ ခုနှစ်မှာ ထူထောင်ခဲ့တယ်။
အဲဒီနည်းပညာကို အထည်ချုပ်ခြင်း SEW နဲ့ စက်လက်တံ ROBOT တို့ ပေါင်းစပ်ပြီး SEWBOT လို့ အမည်တွင်တယ်။ အဲဒီ SEWBOT စက်လက်တံတွေက အထည်စကို ကောက်ကိုင်တယ်။ စက်ပေါ်တင်ပြီး ကျကျနန သေသေသပ်သပ် ချုပ်တယ်။
အမေရိကန် ကာကွယ်ရေးဌာနက လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁.၇သန်း ထုတ်ပေးပြီး ကူညီတယ်။ အဲဒီအတွက် စစ်ယူနီဖောင်းတွေကို အမေရိကန်စစ်သည်တွေအတွက် ချုပ်ပေးပြီး ပြန်ခုထေပေးရမှာ ဖြစ်ပါတယ်။
အထည်စကို ကိုင်တွယ်ဖို့ဆိုတာ စက်လက်တံတွေအတွက် အခက်ခဲဆုံး အလုပ် ဖြစ်ပါတယ်။ ချုပ်တာ သီတာတွေကို လုပ်ရတဲ့အခါ အ ဝတ်စက ပျော့တယ်။ တွန့်လွယ်တယ်။ ဆန့်ဆန့်ပြန့်ပြန့် ဖြစ်နေအောင် ချုပ်ရသီရမယ့်နေရာကို လူလက်ချောင်းလေးတွေနဲ့ အလိုက်သင့် ထိန်းကိုင်တာမျိုးကို စက်လက်တံတွေ မလုပ်နိုင်ဘူး။ စက်ချုပ်သမတွေတောင်မှာ တပေါက်ပေါက်နဲ့ ပေါက်နေတဲ့ အပ်ကို အမီလိုက်ပြီး အ ဝတ်ကို ကျကျနန ရွှေ့တတ်ဖို့ဆိုတာ ကျွမ်းကျင်ဖို့ လိုတယ်။ ချုပ်သား ဖြောင့်တန်းရမယ့်နေရာမှာ ဖြောင့်ဖြောင့်တန်းတန်း ဖြစ်နေအောင် အ ဝတ်စနှစ်ကို ရွှေ့တတ်ဖို့ လိုတယ်။ ကွေးကွေးကောက်ကောက် ချုပ်ရတဲ့နေရာမျိုးတွေမှာလည်း အ ဝတ်စနှစ်ကို အလိုက်သင့် လှည့်ပြီး ရွှေ့ပေးတတ်ဖို့လိုတယ်။ စိမ်ပြေနပြေ လုပ်နေလို့ မရဘူး။ သတ်မှတ်ထားတဲ့စံနှုန်းမီအောင် ချုပ်ကြရတယ်။ အဲဒီလို ချုပ်တတ်အောင် အရင်လေ့ကျင့်သင်ယူကြရတယ်။
အထည်ချုပ်နယ်ပယ်မှာ အလိုအလျောက်စက်တွေ သုံးစွဲမှု ပိုများလာနေတယ်။ အထူးသဖြင့် အာရှမှာ အလိုအလျောက်စက်တွေ စတင်သုံးစွဲလာကြတယ်။
အမေရိကန်မှာ Softwear Automation အပြင် အလိုအလျောက် အထည်ချုပ်စက်ကို လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခု ရှိသေးတယ်။ အမည်က Sewbo လို့ခေါ်တယ်။ အသက် ၃ ဝ နှစ် ဝန်းကျင်ရှိသူ Jon Zornow ရဲ့ ကြံဆမှု ဖြစ်တယ်။ သူက ရေလျှော်ဖို့ လွယ်ကူတဲ့ ဓာတုပစ္စည်းဖြင့် အထည်သားကို မာတောင့်အောင် ပြုတယ်။ ကတ်ထူပြားမာမာလိုမျိုး အထည်သား ဖြစ်သွားတော့မှ စက်ရုပ်လက်တွေနဲ့ ချုပ်တယ်။ မာနေတဲ့အတွက် စက်ရုပ်လက်တံတွေ ကိုင်တွယ်ဖို့ ချုပ်ဖို့ လွယ်ကူသွားစေတယ်။ ချုပ်ပြီးတော့မှ ချုပ်ထည်ကို ရေလျှော်ပေးလိုက်တယ်။ သုံးစွဲထားတဲ့ ဓာတုပစ္စည်းတွေ ရေနဲ့အတူ ပါသွားတယ်။
Sewbot တွေက ရိုးရိုးရှင်းရှင်း ချုပ်ရတာမျိုးတွေကို စက်ချုပ်သမတွေထက် ပိုမြန်အောင် တစ်နေ့ ၂၄ နာရီပတ်လည် ချုပ်နိုင်တာမို့ အမြောက်အမြား ထုတ်လုပ်တဲ့ အ ဝတ်အစားတွေအတွက် အဆင်ပြေမယ်။ ချုပ်ရတာ ပညာသားပါပြီး လက် ဝင်တဲ့ အ ဝတ်အစားဒီဇိုင်းမျိုးတွေကျတော့ စက်ချုပ်သမရဲ့ ကျွမ်းကျင်မှုတွေနဲ့ လုပ်ကိုင်ဖို့ လိုမှာ ဖြစ်ပါတယ်။ အဲဒီလို ချုပ်ထည်မျိုးတွေက ချုပ်ခနှုန်းထား ပိုမြင့်မားလေ့ရှိပါတယ်။ ဒီတော့ ကျွမ်းကျင်မှုတွေ ရှိကြပုံအရ လုပ်ခလစာတွေ ကွဲပြားတဲ့အဖြစ်ကို ရောက်သွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။