What's new
×
Warning
JUser: :_load: Unable to load user with ID: 845
(Zaw+Uni)ကိုရီးယားမှာ အနဘဒ Anabada ဆိုတဲ့ လှုပ်ရှားမှုကို အစိုးရမှ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ဖူးတယ်။
၁၉၉၈ မှ ၂ဝဝဝပြည့်နှစ်အထိ လုပ်ကိုင်ခဲ့ကြတယ်။ အဲဒီတုန်းက ၁၉၉၇ အာရှငွေကြေးဂယက်ကြောင့် ကိုရီးယားမှာ စီးပွားရေး ကျဆင်းနေတာကို ပြန်နာလန်ထဖို့ ကြိုးပမ်းနေစဉ် အနဘဒ လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြတယ်။
အနဘဒ (아나바다)ဆိုတာ ချွေတာခြင်း၊ အတူသုံးစွဲခြင်း၊ ဖလှယ်ခြင်း၊ ပြန်လည်သုံးစွဲခြင်း (아껴쓰고 나눠쓰고 바꿔쓰고 다시쓰자)တို့ကို အတိုကောက် ပြောဆိုတာ ဖြစ်ပါတယ်။
အဲဒီ လှုပ်ရှားမှုရဲ့ အခြေခံတစ်ချက်ဖြစ်တဲ့ အတူသုံးစွဲခြင်းဓလေ့ကို ဆက်ရှင်သန်စေမယ့် Clozet ကို ကိုရီးယားမှာ ၂ဝ၁၆ ဇူလိုင်လမှာ ထူထောင်ခဲ့တယ်။ အမျိုးသမီးတွေ သူတို့ရဲ့ အဝတ်အစားတွေကို ငှားရမ်းဖို့၊ သူများဆီမှ အဝတ်အစားတွေ ငှားရမ်း ဝတ်ဆင်ကြဖို့ ဖြစ်ပါတယ်။
ငွေကြေးဖြင့် ငှားရမ်းတဲ့လုပ်ငန်းတွေလည်း ရှိပါတယ်။ O2O အဝတ်အစား ငှားရမ်းလုပ်ငန်းမှာ လစဉ်ကြေး ဝမ် ၈ဝဝဝဝ(ကန်ဒေါ်လာ ၇၄) ဖြစ်စေ၊ ၁ ၃ဝဝဝဝဝ(ကန်ဒေါ်လာ ၁၂ဝ) ဖြစ်စေ လစဉ်ကြေးပေးသွင်းစေပြီး အဝတ်အစားတွေ ငှားဝတ်လို့ ရတယ်။ လစဉ်ကြေးပေးထားတဲ့ အမျိုးသမီးတစ်ဦးအဖို့ အဝတ်အစား ၄ စုံ ဖြစ်စေ၊ ၈ စုံအထိ ငှားဝတ်လို့ရပြီး အိမ်ပေါက်ဝအထိ ပို့ပေးပါတယ်။
Clozet ထူထောင်သူ ဆောင်းဂျူဟီးကတော့ အဝတ်အစားတွေ တစ်ဦးနဲ့တစ်ဦး ငှားရမ်း ဝတ်ဆင်ကြတာမှာ ကူညီတဲ့သဘောဖြင့် လုပ်ကိုင်စေဖို့ ရည်ရွယ်ထားပါတယ်။
‘‘အဝတ်ဘီဒိုထဲမှာ မဝတ်ဖြစ်တာတွေက ထက်ဝက်ကျော်ကျော်လောက် ရှိနေတယ်။ တချို့ဆိုရင် ဝယ်ထားတာတွေမှာ တစ်ခါတလေမှ ဝတ်ဖြစ်တာက အများစု ဖြစ်နေတယ်’’ လို့ ဆောင်းဂျူဟီးက ရှင်းပြတယ်။ Clozet ဟာ သက်မွေးပညာတတ် အမျိုးသမီးများကို ဦးတည်ထားတာ ဖြစ်ပြီး အသက် အပိုင်းအခြားက ၂ဝကျော်မှ ၃ဝနှစ်အထိ ဖြစ်ပါတယ်။ Clozet မှာ လက်ရှိ ငှားရမ်းကြသူတွေဟာ အကြီးစားနဲ့ အလယ်အလတ် ကော်ပိုရေးရှင်းများမှာ လုပ်ကိုင်နေကြသူတွေ ၇ဝရာခိုင်နှုန်း ပါဝင်တယ်။
ငှားရမ်းတဲ့ လုပ်ငန်းစဉ်က ရိုးရှင်းတယ်။ အွန်လိုင်းမှာ သုံးစွဲသူက ဖောင်ဖြည့်ရတယ်။ ကိုယ့်မှာ ရှိတဲ့ အဝတ်အစားတွေကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး Clozet ကို ပေးပို့ရတယ်။ အဲဒီအတွက် ကိုရီးယားမှာ လူသုံးအများဆုံးဖြစ်တဲ့ Kakao Talk မက်ဆေ့ပို့ အက်ပ်ကနေတစ်ဆင့် ပေးပို့ရတယ်။ ကနဦး စစ်ဆေးခြင်းကို ပေးပို့တဲ့ ဓာတ်ပုံများ စစ်ဆေးခံရပါတယ်။ အဲဒီ ကနဦး စစ်ဆေးမှုက တင်းကျပ်ပါတယ်။ ပေးပို့တဲ့ ဓာတ်ပုံတွေမှာ ၃ဝမှ ၄ဝရာခိုင်နှုန်းအထိသာ အဆင်ပြေကြောင်း အတည်ပြုပေးပါတယ်။ အတည်ပြုချက် ရတဲ့ အဝတ်အစားတွေကို Clozet က လာယူပေးပြီး ရေလျှော်တယ်။ အခြောက်ခံတယ်။ မီးပူတိုက်တယ်။ ပြီးရင် ငှားဖို့ စာရင်းမှာ တင်ပြပေးထားတယ်။
Chanel, DKNY နဲ့ Max Mara စတဲ့ နိုင်ငံတကာ ပရီမီယံ brand တွေအပြင် ကိုရီးယားမှ ပရီယီမံ brand တွေဖြစ်တဲ့ Kye နဲ့ SJYP စတာတွေကိုလည်း လက်ခံပါတယ်။
လစဉ်ကြေးက ၅၉ ဝဝဝကနေ ၁၁၈ ဝဝဝဝမ် (ကန်ဒေါ်လာ ၅၅-၁၁ဝ) အထိ အစားစား ရှိပါတယ်။ လစဉ်ကြေး ကာလ ကုန်ဆုံးရင် ပြန်လာယူပေးပြီး Clozet က လျှော်တာ အခြောက်ခံတာ မီးပူတိုက်တာတွေ လုပ်ပေးပြီး နောက်ထပ် ငှားလိုသူများအတွက် စာရင်းမှာ တင်ပေးထားပါတယ်။
ကိုယ့်မှာ ပိုနေတဲ့ အဝတ်အစားတွေကို ငှားတဲ့သူအနေဖြင့်လည်း လစဉ်ကြေး ရပါတယ်။ ၃ဝဝဝဝဝဝမ် (ကန်ဒေါ်လာ ၂၈ဝ) အထိ အများဆုံး ရနိုင်ပါတယ်။ ကိုယ့်ရဲ့ အဝတ်အစားတွေ ငှားရမ်းရတဲ့အထည် အနည်းအများအပေါ်မူတည်ပြီး လစဉ်ကြေး အနည်းအများ ကွာခြားမှာ ဖြစ်ပါတယ်။
Clozet က အဝတ်အစားအပြင် အမျိုးသမီးတွေ သုံးစွဲတဲ့ အိတ်အလှအမျိုးမျိုး ငှားရမ်းတဲ့ လုပ်ငန်းကိုလည်း လုပ်ကိုင်ပါတယ်။
unicode
Read 1082 times
Rate this item
(0 votes)