What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျင်းဘောင်းဘီတိုရဲ့ အတ္ထုပတ္တိအကျဉ်း

ဂျင်းဘောင်းဘီနဲ့ ပင်လယ်ကမ်းစပ် သိပ်မပတ်သက်ဘူး။ ဂျင်းဘောင်းဘီဝတ်ပြီး ရေဆင်းမကူးကြဘူး။

ဂျင်းသားက စိုပြီးရင် တော်တော်နဲ့ မခြောက်ဘူး။ စိုနေတုန်းမှာလည်း လေးနေတယ်။ အသားကို ကပ်တယ်။ ခြေထောက်လှုပ်ရှားမှုတွေကို တုပ်ထားတယ်။ ဒီတော့ ခြောက်လွယ်ပြီး ပေါ့ပါး ပွယောင်းတဲ့ ဘောင်းဘီမျိုးတွေကိုပဲ ၀တ်ကြတယ်။
အိုနေး O’Neill ကုမ္ပဏီက ပင်လယ်ကမ်းစပ် အပန်းဖြေတဲ့သူတွေ ၀တ်ဖို့ အဆင်ပြေမယ့် ဂျင်းဘောင်းဘီတို ထုတ်လုပ်ခဲ့တယ်။ တကယ်တော့ ဂျင်းဘီကီနီ ထုတ်ဖို့ လုပ်ကိုင်ရာမှ စိတ်ကူးပြောင်းပြီး ဂျင်းဘောင်းဘီတို ထုတ်ဖြစ်သွားတယ်။
boardshort လို့ ခေါ်ကြတဲ့ ဘောင်းဘီအတိုအပွကို ဂျင်းဘောင်းဘီအဖြစ် ထုတ်လုပ်ဖို့ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ISKO နဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တယ်။
နှစ်နှစ်တာ အချိန်ယူပြီး လုပ်ကိုင်ခဲ့ရတယ်။ “ကျွန်တော်တို့ရဲ့ ကလေး အခု မွေးလိုက်သလို ခံစားမိတယ်” လို့ အိုနေးမှ တာဝန်ခံအရာရှိက ပြောကြားပါတယ်။

အိုးနေက ဂျင်းဘောင်းဘီတို ထုတ်ဖို့ စိတ်ကူးကို ဂျင်းအထည်အလိပ်တွေ ထုတ်လုပ်တဲ့ ISKO ကို တင်ပြပြီး အတူလုပ်ကိုင်ဖို့ ပူးပေါင်းလိုက်ကြတယ်။ ISKO မှ အမှတ်တံဆိပ် ညွှန်ကြားရေးမှူး Fabio di Liberto က အခုလို ပြောပြတယ်။ “ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးမှာ လမ်းသစ်ထွင် ရောဂါ ရှိနေကြတယ်။ အသစ်အဆန်းတစ်ခုခု ပြီးတော့ ပိုကောင်းတဲ့ဟာ ဖြစ်ရမယ်။ အဲဒါကို လိုချင်တယ်။ ဒီတော့ ဂျင်းအထည်သားက ဘာလုပ်လို့ ရနိုင်တယ်။ ဘာကိုတော့ လုပ်လို့ မရနိုင်ဘူးဆိုတာအရ မစဉ်းစားကြဘူး။ ဘာဖြစ်တာလဲ။ ဘယ်လိုမျိုးလဲဆိုတာကိုပဲ စဉ်းစားတယ်”
စစချင်းတွင် အမျိုးသမီးဝတ် ဘီကီနီဒီဇိုင်းဖြင့် စခဲ့ကြတယ်။ သို့သော် လုပ်ရင်းကိုင်ရင်း စိတ်ကူးသစ်များ ရခဲ့ကြပြီး ဘော့ရှော့ boardshort ဘောင်းဘီပွ ထုတ်လုပ်ရန် လုပ်ကိုင်ဖြစ်သွားတယ်။ ထုတ်ကုန်အတွက် အောက်ပါအင်္ဂါရပ်များကို ချမှတ်ခဲ့ကြတယ်။
သူတို့ လုပ်ကိုင်မည့် ဘောင်းဘီတိုသည် ပေါ့ပါးရမည်။ ရေစိုသည့်အခါနှင့် ပြန်ခြောက်သည့်အခါ ပုံပျက်ပန်းပျက် မဖြစ်စေရ။ ၀တ်ဆင်ထားစဉ် ခြေထောက်လှုပ်ရှားမှုများသည် ဘောင်းဘီ စိုစိုခြောက်ခြောက် တုပ်နှောင်ထားသည့်နှယ် မဖြစ်စေရ။ ဘောင်းဘီအသားသည် ရေမစုပ်သည့်အသား ဖြစ်ရမည်။

4cboardshorts2


ဂျင်းအထည်သား အမျိုးမျိုးတို့ကို အထူးတလည်လုပ်ကိုင်လျက်ရှိပေရာ အချို့အချက်များအတွက် ဂျင်းအထည်သား ထုတ်လုပ်ပြီးသား အဆင်သင့် ရှိနေတယ်။
သတ်မှတ်ချက် အားလုံး ကိုက်ညီမယ့် အထည်သားကို Blue Skin လို့ အမည်ပေးပြီး ကြံဆလုပ်ကိုင်ခဲ့တယ်။ Fabio di Liberto က “လူတွေအတွက် ဂျင်းထည်က ဘယ်လို အဓိပ္ပာယ် ရှိနေသလဲဆိုတာ ကျွန်တော်တို့ ကြည့်တယ်”

နှစ်နှစ်ကြာပြီးချိန်မှာ Blue Skin နဲ့ ချုပ်လုပ်ထားတဲ့ ဂျင်းဘောင်းဘီတိုကို ထုတ်လုပ်နိုင်ခဲ့တယ်။ လောလောဆယ် အပြာရင့်နဲ့ အမည်း အရောင်နှစ်မျိုးကိုသာ ထုတ်လုပ်ရောင်းချပါတယ်။

 

4cboardshorts3

Read 1667 times
Rate this item
(0 votes)