What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ေသာက္ပါ ၀တ္ပါ

(Zawgyi+Unicode)
ဤသည္မွာ အထည္အလိပ္၊ စိတ္ကူးစိတ္သန္းေကာင္းတစ္ခုႏွင့္ ေကာ္ဖီတုိ႔ ေပါင္းစပ္သည့္ ျဖစ္ရပ္မွန္ဇာတ္လမ္း တစ္ပုဒ္ ျဖစ္သည္။

ဤဇာတ္လမ္းသည္ တုိင္၀မ္တြင္ လြန္ခဲ့သည့္ ႏွစ္အတန္ၾကာက စတင္ခဲ့သည္။ ဇာတ္လမ္း၏ အဓိကက်သူမ်ားျဖစ္သည္ ဂ်က္စင္ခ်န္းႏွင့္ သူ႔ဇနီးေအမီတုိ႔သည္ ပြဲတစ္ပြဲကုိ သြားၾကည့္ၾကသည္။ ဂ်က္စင္ခ်န္းသည္ နာမည္ႀကီး Singtex အမည္ရွိ အထည္အလိပ္ကုမၸဏီ၏ ပုိင္ရွင္ ျဖစ္သည္။
ပြဲေခတၱရပ္နားၿပီး အားလပ္ခ်ိန္ ေပးသည့္အခါ သူတုိ႔ လင္မယား ေကာ္ဖီဆုိင္တစ္ခုသုိ႔ သြားၿပီး ေကာ္ဖီ ေသာက္ၾကသည္။
ထုိသုိ႔ ေသာက္ေနစဥ္ ဆုိင္ထဲသုိ႔ လူတစ္ေယာက္ ၀င္လာၿပီး သုံးၿပီးသား ျဖစ္သျဖင့္ စြန္႔ပစ္မည့္ ေကာ္ဖီမႈန္႔တုိ႔ကုိ သူ႔အိမ္သုိ႔ ယူသြားလုိသျဖင့္ ဆုိင္မွ ေတာင္းယူသည္ကုိ သူတုိ႔လင္မယား ေတြ႕သည္။
ထုိအခါ ေအမီက သူ႔ခင္ပြန္းကုိ က်ီစယ္သည္။ ဂ်က္စင္ခ်န္းသည္ အားကစား အေတာ္လုိက္စားသူျဖစ္သျဖင့္ သူ႔ကုိယ္မွာ ေခၽြးနံ႔ နံေနတတ္သည္။
သုိ႔ျဖစ္ရာ ေခၽြးနံ႔ေပ်ာက္ေစရန္ အ၀တ္အစားမ်ားႏွင့္အတူ စြန္႔ပစ္ေကာ္ဖီမႈန္႔ကုိ ထားေပးရမည္ဟု ေအမီက ေျပာသည္။ ထုိ႔အျပင္ ကုိယ္ေပၚတြင္လည္း ေကာ္ဖီမႈန္႔ကုိ ေဆာင္ထားပါက ေခၽြးနံ႔နံျခင္း အေတာ္သက္သာမည္ဟု ေအမီက ေျပာသည္။
ေဖ်ာ္ၿပီးသား ေကာ္ဖီမႈန္႔၏ လူသိနည္းေသာ အစြမ္းသတိၱတစ္ခုမွာ အနံ႔အသက္ ေပ်ာက္ကင္းေစသည့္သတိၱျဖစ္သည္။ အနံ႔အသက္ေပ်ာက္ေဆးခဲသဖြယ္ အနံ႔မ်ား ေဖ်ာက္ေပးသည္။
ဂ်က္စင္ခ်န္းက ဇနီးသည္ ေျပာသည့္ ထိထိမိမိ ျပက္လုံးကုိ ေခတၱစဥ္းစားေနသည္။ ၿပီးမွ သူက ‘‘ေကာင္းလုိက္တဲ့အႀကံ’’ ဟု သူက ထေအာ္လုိက္သည္။
ေကာ္ဖီဆုိင္မ်ားမွ စြန္႔ပစ္ေကာ္ဖီမႈန္႔မ်ားျဖင့္ အ၀တ္အစား ထုတ္လုပ္ႏုိင္မည္ဆုိပါက အမႈိက္ထဲမွ ေရႊကုိ ရျခင္းျဖစ္သည့္အျပင္ တန္ဖုိးတစ္ခု ပါရွိေနသည့္ အ၀တ္အထည္ကုိလည္း ရရွိမည္။ သုိ႔ျဖစ္ရာ ဂ်က္စင္ခ်န္းက ေကာ္ဖီမႈန္႔မွ ခ်ည္မွ်င္ထုတ္ဖုိ႔ ျဖစ္ႏုိင္မျဖစ္ႏုိင္ကုိ သုေတသန လုပ္သည္။ ေလးႏွစ္တုိင္တုိင္ သုေတသန လုပ္ကုိင္ၿပီးခ်ိန္တြင္ ဂ်က္စင္ခ်န္းသည္ ေကာ္ဖီမႈန္႔မွ ခ်ည္မွ်င္ထုတ္နည္းကုိ ရရွိသြားသည္။
၂၀၀၉ ခုႏွစ္တြင္ S.Café® ဟူေသာ brand ျဖင့္ အားကစားသမား၀တ္ တီရွပ္ Sport Shirt မ်ား စတင္ထုတ္လုပ္ႏုိင္ခဲ့သည္။

 

 

polo

ေကာ္ဖီမႈန္႔မွ ခ်ည္ထုတ္သည့္ နည္းပညာကုိ မူပုိင္ခြင့္ မွတ္ပုံတင္သည္။ ထုိ႔ေနာက္ အျခားအထည္အလိပ္လုပ္ငန္းမ်ားကုိ မူပုိင္ေၾကး ရယူၿပီး လုပ္ကုိင္ခြင့္ ေပးသည္။ သာဓကအားျဖင့္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ ေက်ာ္က
ပုိလုိရွပ္ ေမြးဖြားရာ ဇာတိရပ္ရြာျဖစ္ေသာ အီတလီႏုိင္ငံ ဘုိင္းလာၿမိဳ႕ရွိ အထည္အလိပ္ လုပ္ငန္းအခ်ဳိ႕သည္ S.Café® နည္းပညာျဖင္ ပုိလုိရွပ္ခ်ဳပ္ရန္ အထည္အလိပ္မ်ား ထုတ္လုပ္သည္။ Singtex ကုိယ္တုိင္လည္း S.Café® စပုိ႔ရွပ္မ်ား ထုတ္လုပ္ၿပီး ျဖန္႔ျဖဴးေရာင္းခ်ရာ၌ ေသာက္လည္းေသာက္ ၀တ္လည္း၀တ္ဟု ေၾကာ္ျငာသည္ကုိ ေတြ႕ဖူးေပသည္။

jason chen credit singtex

ဂ်က္စင္ခ်န္း

ဂျက်စင်ချန်း

သောက်ပါ ဝတ်ပါ
==================
Unicode
ဤသည်မှာ အထည်အလိပ်၊ စိတ်ကူးစိတ်သန်းကောင်းတစ်ခုနှင့် ကော်ဖီတို့ ပေါင်းစပ်သည့် ဖြစ်ရပ်မှန်ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။

ဤဇာတ်လမ်းသည် တိုင်ဝမ်တွင် လွန်ခဲ့သည့် နှစ်အတန်ကြာက စတင်ခဲ့သည်။ ဇာတ်လမ်း၏ အဓိကကျသူများဖြစ်သည် ဂျက်စင်ချန်းနှင့် သူ့ဇနီးအေမီတို့သည် ပွဲတစ်ပွဲကို သွားကြည့်ကြသည်။ ဂျက်စင်ချန်းသည် နာမည်ကြီး Singtex အမည်ရှိ အထည်အလိပ်ကုမ္ပဏီ၏ ပိုင်ရှင် ဖြစ်သည်။
ပွဲခေတ္တရပ်နားပြီး အားလပ်ချိန် ပေးသည့်အခါ သူတို့ လင်မယား ကော်ဖီဆိုင်တစ်ခုသို့ သွားပြီး ကော်ဖီ သောက်ကြသည်။
ထိုသို့ သောက်နေစဉ် ဆိုင်ထဲသို့ လူတစ်ယောက် ဝင်လာပြီး သုံးပြီးသား ဖြစ်သဖြင့် စွန့်ပစ်မည့် ကော်ဖီမှုန့်တို့ကို သူ့အိမ်သို့ ယူသွားလိုသဖြင့် ဆိုင်မှ တောင်းယူသည်ကို သူတို့လင်မယား တွေ့သည်။
ထိုအခါ အေမီက သူ့ခင်ပွန်းကို ကျီစယ်သည်။ ဂျက်စင်ချန်းသည် အားကစား အတော်လိုက်စားသူဖြစ်သဖြင့် သူ့ကိုယ်မှာ ချွေးနံ့ နံနေတတ်သည်။
သို့ဖြစ်ရာ ချွေးနံ့ပျောက်စေရန် အဝတ်အစားများနှင့်အတူ စွန့်ပစ်ကော်ဖီမှုန့်ကို ထားပေးရမည်ဟု အေမီက ပြောသည်။ ထို့အပြင် ကိုယ်ပေါ်တွင်လည်း ကော်ဖီမှုန့်ကို ဆောင်ထားပါက ချွေးနံ့နံခြင်း အတော်သက်သာမည်ဟု အေမီက ပြောသည်။
ဖျော်ပြီးသား ကော်ဖီမှုန့်၏ လူသိနည်းသော အစွမ်းသတိ္တတစ်ခုမှာ အနံ့အသက် ပျောက်ကင်းစေသည့်သတိ္တဖြစ်သည်။ အနံ့အသက်ပျောက်ဆေးခဲသဖွယ် အနံ့များ ဖျောက်ပေးသည်။
ဂျက်စင်ချန်းက ဇနီးသည် ပြောသည့် ထိထိမိမိ ပြက်လုံးကို ခေတ္တစဉ်းစားနေသည်။ ပြီးမှ သူက ‘‘ကောင်းလိုက်တဲ့အကြံ’’ ဟု သူက ထအော်လိုက်သည်။
ကော်ဖီဆိုင်များမှ စွန့်ပစ်ကော်ဖီမှုန့်များဖြင့် အဝတ်အစား ထုတ်လုပ်နိုင်မည်ဆိုပါက အမှိုက်ထဲမှ ရွှေကို ရခြင်းဖြစ်သည့်အပြင် တန်ဖိုးတစ်ခု ပါရှိနေသည့် အဝတ်အထည်ကိုလည်း ရရှိမည်။ သို့ဖြစ်ရာ ဂျက်စင်ချန်းက ကော်ဖီမှုန့်မှ ချည်မျှင်ထုတ်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ကို သုတေသန လုပ်သည်။ လေးနှစ်တိုင်တိုင် သုတေသန လုပ်ကိုင်ပြီးချိန်တွင် ဂျက်စင်ချန်းသည် ကော်ဖီမှုန့်မှ ချည်မျှင်ထုတ်နည်းကို ရရှိသွားသည်။
၂၀၀၉ ခုနှစ်တွင် S.Café® ဟူသော brand ဖြင့် အားကစားသမားဝတ် တီရှပ် Sport Shirt များ စတင်ထုတ်လုပ်နိုင်ခဲ့သည်။ ကော်ဖီမှုန့်မှ ချည်ထုတ်သည့် နည်းပညာကို မူပိုင်ခွင့် မှတ်ပုံတင်သည်။ ထို့နောက် အခြားအထည်အလိပ်လုပ်ငန်းများကို မူပိုင်ကြေး ရယူပြီး လုပ်ကိုင်ခွင့် ပေးသည်။ သာဓကအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က
ပိုလိုရှပ် မွေးဖွားရာ ဇာတိရပ်ရွာဖြစ်သော အီတလီနိုင်ငံ ဘိုင်းလာမြို့ရှိ အထည်အလိပ် လုပ်ငန်းအချို့သည် S.Café® နည်းပညာဖြင် ပိုလိုရှပ်ချုပ်ရန် အထည်အလိပ်များ ထုတ်လုပ်သည်။ Singtex ကိုယ်တိုင်လည်း S.Café® စပို့ရှပ်များ ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချရာ၌ သောက်လည်းသောက် ဝတ်လည်းဝတ်ဟု ကြော်ငြာသည်ကို တွေ့ဖူးပေသည်။

Read 837 times
Rate this item
(0 votes)