What's new

×

Warning

JUser: :_load: Unable to load user with ID: 845


VIP Clothing Ltd မှ N95 & 4-ply မျက်နှာဖုံးများကို ထုတ်လုပ်

အိန္ဒိယနိုင်ငံရှိ innerwear ထုတ်လုပ်သည့် VIP Clothing Ltd သည် ဆေးဘက်ဆိုင်ရာ ဖြန့်ဖြူးခြင်းကို မြှင့်တင်ခဲ့ပါတယ်။ VIP တွင် အရွယ်ရောက်ပြီး ကလေးများအတွက် တတ်နိုင်သော မျက်နှာဖုံးများ ရှိသည့်အပြင် ထပ်မံအသုံးပြုနိုင်သော 4-ply ပျော့ပျောင်းတဲ့ ချည်သား မျက်နှာဖုံးများနှင့် N 95 မျက်နှာဖုံးများကို ထည့်သွင်းထုတ်လုပ်နေပါတယ်။ ထို VIP မျက်နှာဖုံးများကို အရည်အသွေးမြင့်တဲ့ ၁၀၀ ရာခိုင်နှုန်းပျော့ပျောင်းသော ချည်မျှင်နှင့် စုပ်ယူနိုင်သော ချည်သားဖြင့် ဒီဇိုင်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

 

 

မျက်နှာပြင်လေးလွှာ ပါဝင်တဲ့ မျက်နှာဖုံးများကို နေ့စဉ် သုံးနေချိန်အတွင်း ဝင်ရောက်လာနိုင်တဲ့ လေထုအစက်အပြောက်များနှင့် အမှုန်များကို စစ်ထုတ်ရန်အတွက် လေးထပ်ဆန့် ကာကွယ်မှုအလွှာဖြင့် တီထွင်ထားပါတယ်။ သူ့ဒီဇိုင်းမှာ ပြားချပ်ချပ် ပုံစံရှိပြီး ပျော့ပျောင်းတဲ့ ချည်သားနဲ့ ပြုလုပ်ထားတော့ သိမ်းဆည်းရာမှာလည်း လွယ်ကူလျင်မြန်စွာ ခေါက်သိမ်းနိုင်ပါတယ်။

ထို VIP မျက်နှာဖုံးများမှာ သူ့တစ်ခုချင်းစီကို ဆေးကြောပြီး ပြန်လည်အသုံးပြုနိုင်တယ်ဟုလည်း သိရပါတယ်။ ထိုလေးလွှာမျက်နှာဖုံးများတွင် ပျော့ပျောင်းသောအထည်များ၏အခြေခံအလွှာပါရှိကာ ဘက်တီးရီးယားပိုးမွှားများ စစ်ပေးပြီး အရည်ပျော်စေတဲ့အလွှာနှစ်ခု၊ ပျော့ပျောင်းသောဝါဂွမ်းနဲ့ပြုလုပ်ထားတော့ အသက်ရှူတဲ့အခါ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

elastic ပါတာကြောင့် ချုံ့နိုင် ဆန့်နိုင်ပြီး မျက်နှာ တင်းရင်းမှုကို လျှော့စေတဲ့အတွက် တစ်နေကုန် အလုပ်လုပ်ရင်း အသုံးပြုလို့လည်း အဆင်ပြေစေပါတယ်။ ဈေးဝယ်ခြင်း၊ လမ်းလျှောက်ခြင်းနဲ့ အခြားနေ့စဉ်အသုံးပြုရန်အတွက်လည်း အကောင်းဆုံးလိုအပ်တဲ့ မျက်နှာဖုံး ဖြစ်ပါတယ်။

N-95 မျက်နှာဖုံးများမှာ အကောင်းဆုံးကာကွယ်မှုအတွက် ဖန်တီးထားတဲ့ အဆင့်မြင့်မျက်နှာဖုံးများ ဖြစ်ပါတယ်။ အသိအမှတ်ပြုထားသော စံသတ်မှတ်ချက်များဖြင့် တီထွင်ထားသော ထိုမျက်နှာဖုံးမှာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ဖုန်မှုန့်နှင့်ညစ်ညမ်းမှုများကို ၉၅ ရာခိုင်နှုန်းစီ စစ်ထုတ်ပေးပါတယ်။ ဝ.၃ မိုက်ခရွန်အထိ သေးငယ်တဲ့ လေထုအမှုန်များ၏ ၉၅ ရာခိုင်နှုန်းမှာ ၅-ply N-95

မျက်နှာဖုံးနဲ့ ပိတ်ဆို့ထားတယ်။ ထိုမျက်နှာဖုံးများကို ရှေ့တန်းကျန်းမာရေးလုပ်သားများ၊ အရေးပေါ်အခြေအနေတုံ့ပြန်သူများနှင့် အစိုးရအဖွဲ့အစည်းများက အသုံးပြုနိုင်ပါတယ်။ N95 မျက်နှာဖုံးတွင် ရက်ကန်းသားပျော့ထည်၊ ပိုးမွှားတိုက်ဖျက်ပေးတဲ့ အလွှာ ၂ ခု၊ အရည်ပျော်စေတဲ့ အပြင်ဘက်အလွှာ ၂ ခုနဲ့ ပျော့ပျောင်းတဲ့ ဝါဂွမ်းပါတော့ အသက်ရှူတဲ့အခါ အဆင်ပြေစေပါတယ်။

UV ပိုးကင်းသော VIP N95 မျက်နှာဖုံးများမှာ နှာခေါင်းပေါ်တွင် ညှိနိုင်သောသတ္တုညှပ်ပါတော့ မျက်နှာကို အပြည့်အဝ ဖုံးအုပ်နိုင်ပါတယ်။

“ ဒီနှစ်က ကွဲပြားခြားနားတဲ့ အခမ်းအနားပွဲတွေ ရှိတဲ့နှစ်လည်း ဖြစ်ပါတယ်။ အခုလို မကြုံစဖူး ကပ်ရောဂါဖြစ်ပွားချိန်တွင် အိန္ဒိယနိုင်ငံသားများ covid-19 မှ အကာအကွယ်ဖြစ်ရန်နဲ့ ဘေးကင်းလုံခြုံစွာ ဆင်နွှဲနိုင်စေရန် VIP N95 နှင့် 4- ply ဝါဂွမ်းမျက်နှာဖုံးကို စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို မိမိကိုယ်ကို အားကိုးသောနိုင်ငံဖြစ်ရန်နှင့် ကျွန်တော်တို့ရဲ့ နည်းပညာစွမ်းရည်များ လိုအပ်သူများကို ကူညီရန် သူတို့၏ရှေ့တန်းမှလုပ်သားများကို ကူညီရန် ကျွန်တော်တို့ ရည်မှန်းချက် ထားပါတယ်။ အိန္ဒိယနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုဂေဟစနစ်ကို မိမိကိုယ်ကို မှီခိုအားထားနိုင်စေရန်အတွက် မျက်နှာဖုံးများဖြင့် ပြည်တွင်း ထုတ်လုပ်မှု မြှင့်တင်ရန် စက်မှုလုပ်ငန်းကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု VIP အဝတ်အထည်ဒါရိုက်တာ Kapil Pathare ကပြောကြားခဲ့ကြောင်း သိရပါတယ်။

 

VIP သည် တစ်လလျှင် မျက်နှာဖုံး ၃ သိန်းမှ ၅ သိန်းအထိ ထုတ်လုပ်ရန် စီစဉ်ထားပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ကျွမ်းကျင်သူများ အနေဖြင့် VIP သည် စားသုံးသူများနှင့် လူမှုအသိုင်းအဝိုင်းများကို တန်ဖိုးထားသည့် တစ်ကိုယ်ရေသန့်ရှင်းရေး ထုတ်ကုန်များဖြင့် အမြဲကာကွယ်ထားပါတယ်။ ကုန်အမှတ်တံဆိပ်၏အဓိကအာရုံစိုက်မှုမှာ အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ရှိသော အဆင့် ၁ နှင့် အဆင့် ၂ မြို့များသို့ ရောက်ရှိရန်ဖြစ်တယ်။

ထို mask များကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ တိုးချဲ့နိုင်ရန်အတွက် VIP e-commerce ကုန်အမှတ်တံဆိပ်စာမျက်နှာပေါ်တွင် တိုက်ရိုက်ကြော်ငြာပြီး မကြာမီ Amazon နှင့် Flipkart ကဲ့သို့သော အွန်လိုင်းလက်လီအရောင်းဆိုင်များနှင့်ပုံမှန်လက်လီအရောင်းဆိုင်များတွင်ရောင်းချနိုင်လိမ့်မည်ဟု VIP ကုမ္ပဏီက ရည်မှန်းထားကြောင်း သိရပါတယ်။

 

Ref:fibre2fashion

Read 742 times
Rate this item
(0 votes)