What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Polyester အထည်သားကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်း

ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အရာတစ်ခုက မိမိတို့ရဲ့ ကိုယ်ခံအားစနစ်နဲ့ ငြိစွန်းသွားတဲ့အခါမှာ ဓာတ်မတည့်ခြင်းဆိုတာ ဖြစ်လာနိုင်ပါတယ်။ မြေပဲ၊ ပျားရည်၊ ဖုန်မှုန့်၊ ပင်လယ်စာ စသည့် အစားအသောက်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေကို သင့်ပတ်ဝန်းကျင်မှာ အများကြီးတွေ့ဖူးမှာပါ။ သို့သော် ရှားရှားပါးပါးအနေနဲ့ Polyester အထည်သားနဲ့ ရက်လုပ်ထားတဲ့ အဝတ်အစားတွေကြောင့်ဖြစ်တဲ့ ဓာတ်မတည့်တာမျိုးလည်း ရှိပါသေးတယ်။

ဓာတ်မတည့်ခြင်း လက္ခဏာတွေကတော့ ပုံစံချင်းဆင်တူကြတာ များပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့-

• နှာချေခြင်း
• အင်ပျဉ်ထခြင်း
• အရေးပြားယားယံခြင်း
• ဖောရောင်ခြင်း
• အသက်ရှူကြပ်ခြင်း တို့ဖြစ်ပါတယ်။ ဓာတ်မတည့်တဲ့ အခြေအနေပေါ်မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။

Polyester နှင့် ဓာတ်မတည့်ခြင်း
Polyester ဆိုတာက ပုံမှန်ချည်သား၊ လီနင်သားတို့လို သဘာ၀ကုန်ကြမ်းပစ္စည်းတွေကနေ ရလာတာမျိုးမဟုတ်ဘဲ ဓာတုဗေဒပစ္စည်းတွေ၊ ဓာတုဗေဒနည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ အထည်သားတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အားကစားဝတ်စုံ၊ ညဝတ်အင်္ကျီ၊ စကပ်၊ ကော်ဇော၊ အိပ်ရာခင်းတွေ ပြုလုပ်တဲ့နေရာမှာလည်း တွေ့နိုင်ပါတယ်။ ထိုအထည်သားနဲ့ အရေပြားတိုက်ရိုက်ထိတွေ့ရတဲ့အခါ ဖြစ်လာနိုင်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေကတော့-
• အင်ပျဉ်အနီကွက်ထခြင်း
• အရေပြားပျော့တွဲတွဲဖြစ်ခြင်း
• နီနေတဲ့အသားက ပူစပ်ပူလောင်ဖြစ်ခြင်း
• အနီစက်သေးသေးလေးတွေ စုပြုံထခြင်း
• အရေပြားနီရဲခြင်း
• အသားယားခြင်း စသည့် အရေပြားလက္ခဏာတွေအပြင် ရင်ဘတ်ထဲကတင်းကြပ်သလို၊ အောင့်သလို၊ အသက်ရှုကြပ်သလိုမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ကျပ်လွန်းတဲ့ အတွင်းခံတွေဝတ်တဲ့အခါ၊ မနက်မှညအထိ အဝတ်အစားတွေကို မချွတ်မလဲဘဲ ဝတ်တဲ့အခါ၊ ချွေးတွေနဲ့စိုညစ်ညစ်ဖြစ်တဲ့အခါ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတဲ့အခါတွေမှာ ဓာတ်မတည့်တဲ့ လက္ခဏာတွေက ပိုဆိုးလာနိုင်ပါတယ်။ အရေပြားနဲ့တိုက်ရိုက်ထိတွေ့ပြီးမှ ဖြစ်လာတဲ့ Polyester ဓာတ်မတည့်ခြင်းဟာ အရေးပြားကိုသာ အဓိကဒုက္ခပေးတာ ဖြစ်ပါတယ်။ လက္ခဏာတွေဟာ ထင်သာမြင်သာရှိတဲ့အတွက် မိမိက Polyester အထည်သားနှင့် ဓာတ်မတည့်ဘူးဆိုရင် တန်းသိနိုင်ပါတယ်။ လက်ရှိအချိန်ထိ Polyester ဓာတ်မတည့်ခြင်းအတွက် ကုသလို့ရတဲ့ နည်းလမ်းတွေတော့ မရှိသေးပါဘူး။

အကောင်းဆုံးကာကွယ်နည်းကတော့ Polyester အထည်သားနဲ့ လုပ်ထားတာမှန်သမျှ မိမိအရေပြားနှင့်တိုက်ရိုက်မထိတွေ့ဖို့ကို ဂရုစိုက်ရပါမည်။ Polyester ဓာတ်မတည့်ခြင်း သင့်မှာရှိသည်ကို သိထားပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်လို့ရမယ့်ဆေး နှင့် အရေပြားတွက် လိမ်းဆေးတွေကို ညွှန်းခိုင်းလို့ရပါတယ်။ လိမ်းဆေးမလိမ်းခင် ဓာတ်မတည့်ဖြစ်နေသည့် အရေပြားကို ဦးစွာအရင် ဆပ်ပြာနဲ့ သန့်ရှင်းသွားအောင် ဆေးကြောရပါမယ်။ နီရဲယားယံတာသက်သာဖို့ အဝတ်စိုစိုတစ်ခုနဲ့ အရေပြားကို ၁၀မိနစ်လောက် အုပ်ထားပေးပါ။ ထို့နောက် လက်ကိုသေချာဆေးပြီး အရေပြားကိုခြောက်အောင် သုတ်ပြီးမှ လိမ်းဆေးကို လိမ်းပေးရပါမယ်။

Source - Helloဆရာဝန်

 

Read 570 times
Rate this item
(0 votes)