What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး

zaw+uni အထည္အလိပ္မွ ခ်ဳပ္လုပ္ၿပီးစီးသည့္ ခ်ဳပ္ထည္တင္ပုိ႔သည္အထိ လုပ္ကုိင္ပုံ အဆင့္ဆင့္မွာ အဓိကအားျဖင့္ အပို္င္း ၃ပုိင္း ပါ၀င္ပါတယ္။


Pre-Production Processes - (ထုတ္လုပ္မႈ မျပဳခင္ လုပ္ငန္းစဥ္)နမူနာယူျခင္း sampling၊ ကုန္ၾကမ္းမ်ား မွာယူျခင္း sourcing of raw materials ၊ အတည္ျပဳခ်က္ ရယူျခင္း Approvals ၊ ထုတ္လုပ္မႈ မျပဳခင္ စည္းေ၀းတုိင္ပင္ျခင္း PP meeting(Pre-Production Meeting) စတဲ့အဆင့္ေတြ ပါ၀င္ပါတယ္။

Production processes - (ထုတ္လုပ္္မႈ လုပ္ငန္းစဥ္) ပိတ္စျဖတ္ျခင္း cutting ၊ ခ်ဳပ္ျခင္း sewing စတဲ့အဆင့္ေတြ ပါ၀င္ပါတယ္။

Post production processes - (ခ်ဳပ္လုပ္ၿပီးေနာက္ လုပ္ငန္းစဥ္) ခ်ဳပ္ထားတဲ့ ခ်ည္စခ်ည္နမ်ား ရွင္းလင္းသုတ္သင္ျခင္း thread trimming ၊ တြန္႔ရာ ေၾကရာ မရွိေအာင္ လုပ္ျခင္း pressing ၊ စစ္ေဆးျခင္း checking၊ ေခါက္ျခင္းႏွင့္ ထုပ္ပုိးျခင္း folding and packing ၊ သေဘၤာတင္ရန္ စစ္ေဆးျခင္း စတဲ့အဆင့္ေတြ ပါ၀င္ပါတယ္။

Production processes - (ထုတ္လုပ္္မႈ လုပ္ငန္းစဥ္) မွ ခ်ဳပ္ျခင္း sewing ကုိ ေဆာင္ရြက္တာမွာ ႀကံဆသုံးစြဲၾကတဲ့ စနစ္ (၇)မ်ဳိးကုိ ေဖာ္ျပအပ္ပါတယ္။

Different Types of Garment Production Systems
ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ စနစ္အမ်ဳိးမ်ဳိး ရွိေနတာမွာ အသုံးမ်ားတဲ့ (၇)မ်ဳိးကုိ ေျပာျပထားပါတယ္။

Make Through System
ဒီနစ္က တစ္ကုိယ္ေတာ္ အစမွ အဆုံး ခ်ဳပ္တဲ့စနစ္ပါ။ ပက္တန္ pattern ပုံစံကုိ အသင့္သုံး ပက္တန္ ready-made pattern သုံးၿပီး အထည္သားကုိ ျဖတ္ပါတယ္။ အလုပ္အပ္သူက အသင့္သုံးပုံစံကုိ ေပးရပါတယ္။ အခုလုိ တစ္ကုိယ္ေတာ္ ခ်ဳပ္တဲ့စနစ္ Make Through System ကုိ အပ္ခ်ဳပ္ဆုိင္ေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ ကုိယ္တုိင္းယူၿပီး ပုံစံခ်၊ ပိတ္စကုိ ျဖတ္ေတာက္ ခ်ဳပ္လုပ္သြားတာ တစ္ေယာက္တည္းက အစမွ အဆုံးတုိင္ လုပ္သြားပါတယ္။ ၾကယ္သီးတပ္တာေလာက္ပဲ လူငွားၿပီး လုပ္ေလ့ရွိပါတယ္။ ဒီစနစ္က ဘာေကာင္းသလဲဆုိေတာ့ တျခားသူကုိ မွီခုိဖုိ႔ မလုိတဲ့စနစ္ျဖစ္ပါတယ္။

Progressive Bundle System
တစ္ေယာက္ကုိ အပုိင္းအစတစ္မ်ဳိးတည္းကုိ တာ၀န္ယူၿပီး ခ်ဳပ္သြားတဲ့စနစ္ ျဖစ္ပါတယ္။ သူခ်ဳပ္ရမယ့္ အပုိင္းအစေတြကုိ အထုပ္လုိက္ ခ်ေပးၿပီး ခ်ဳပ္တယ္။ သူခ်ဳပ္ရမယ့္အပုိင္း ၿပီးစီးသြားရင္ က်န္တဲ့အပုိင္းကုိ ခ်ဳပ္ဖုိ႔ ေနာက္တစ္ေယာက္ကုိ လက္ဆင့္ကမ္းလုိက္တယ္။ ခ်ဳပ္ထည္တစ္ခုမွာ အပုိင္းတစ္ေနရာကုိပဲ တစ္ထည္ၿပီး တစ္ထည္ ခ်ဳပ္သြားတယ္။ ဒီေတာ့ ခ်ဳပ္ထည္တစ္ခုတည္းမွာ အဆင့္ဆင့္ခ်ဳပ္သြားမယ့္သူေတြကုိ တန္းစီၿပီး ေနရာခ်ေပးထားတယ္။ အပ္ခ်ဳပ္စက္ေတြကုိ တန္းစီၿပီး ေနရာခ်ေပးထားတယ္။
ဒီစနစ္က ဘာေကာင္းသလဲဆုိေတာ့ တာ၀န္ယူထားတဲ့အပုိင္းကုိပဲ တစ္ထည္ၿပီး တစ္ထည္ခ်ဳပ္ရတဲ့အတြက္ ခ်ဳပ္တဲ့သူရဲ႕ အရည္အေသြး တက္တယ္။ ဒီေတာ့ ခ်ဳပ္ထည္ရဲ႕ အရည္အေသြး တက္တယ္။ ဒါခ်ဳပ္ၿပီးရင္ ဒါကုိပဲ ထပ္ခ်ဳပ္္ရတာမုိ႔ ခ်ဳပ္ရတဲ့သူမွာ စိတ္အား သိပ္မစုိက္ရဘူး။ ၿပီးေတာ့ တစ္ထည္နဲ႔တစ္ထည္ တစ္ေျပးညီ ျဖစ္ေနေစတယ္။ အထည္အေရအတြက္ ခပ္မ်ားမ်ားခ်ဳပ္ရင္ progressive bundle system ကုိ သုံးၾကတယ္။ ျပည္ပပုိ႔ထည္ေတြကုိ ဒီစနစ္နဲ႔ ခ်ဳပ္ၾကတယ္။

Section Production System
ဒီစနစ္က ခုနကေျပာတဲ့ Progressive Bundle System နဲ႔ ဆင္ဆင္တူပါတယ္။ ကြာျခားတာက လုိင္းတစ္လုိင္းတည္း မထားဘဲ လုပ္ရမယ့္အလုပ္ေတြကုိ အပုိင္းေတြ ခြဲထားတယ္။ ခ်ဳပ္ရတာခ်င္း တူတဲ့ စက္ေတြကုိ အတူစုၿပီး ေနရာခ်ထားတယ္။ တန္းစီၿပီး ျဖန္႔မခ်ထားဘူး။ နမူနာ ေျပာျပရရင္ အမ်ဳိးသား၀တ္ ရွပ္အက်ႌတစ္မ်ဳိးကုိ ခ်ဳပ္တယ္ဆုိပါစုိ႔။ ေကာ္လာ၊ လက္ထိပ္အနားေခါက္၊ ၾကယ္သီးေပါက္ စသျဖင့္ အပုိင္းေတြကုိ အႀကိဳအဆင့္မွာ ခ်ဳပ္ထားလုိက္တယ္။ ၿပီးေတာ့မွ အဲဒါေတြကို တြဲခ်ဳပ္ေပးမယ့္ လုိင္းဆီကုိ ပုိ႔ေပးလုိက္တယ္။ ရွိတဲ့လူအင္အားကလုိင္းခ်ိန္ညိႇေပးဖုိ္႔နဲ႔ အသုံးခ်ဖုိ႔ Section Production System ကုိ သုံးၾကတယ္။

Modular Production System
ဒီစနစ္မွာ ခ်ဳပ္ၾကတဲ့သူေတြက အဖြဲ႕တစ္ခုအျဖစ္ လုပ္ကုိင္ၾကတယ္။ တစ္ထည္လုံး အစအဆုံး မခ်ဳပ္ဘူး။ အပုိင္းတစ္ပုိင္းတည္းကို ခ်ဳပ္တာမ်ဳိးလည္း မဟုတ္ဘူး။ ကုိယ္ကၽြမ္းက်င္တဲ့ အပုိင္းေတြကုိ ခ်ဳပ္တယ္။ ဒီေတာ့ တစ္ထည္လုံးအတြက္ ကၽြမ္းက်င္သူအမ်ဳိးမ်ဳိးကုိ စုံလင္ေအာင္ ထည့္သြင္းၿပီး အဖြဲ႕ဖြဲ႕ေပးရတယ္။ ခ်ဳပ္ၾကတဲ့သူေတြက စည္းလုံးၾကရတယ္။ ခ်ဳပ္ထည္ကုိ ျမန္ျမန္ၿပီးေအာင္ ၀ုိင္းခ်ဳပ္ေပးၾကတယ္။ အဖြဲ႕အေနျဖင့္ အရည္အေသြးနဲ႔ အေရအတြက္ကုိ တာ၀န္ယူရတယ္။ ဒီေတာ့ အလုပ္ၿပီးေျမာက္တာကုိ တစ္ဦးတစ္ေယာက္အရ မစဥ္းစားဘူး။ အဖြဲ႕လုိက္ စဥ္းစားတယ္။ ကုိယ္တာ၀န္ယူထားတဲ့အပိုင္းကုိ အလ်ဥ္မီေအာင္ ခ်ဳပ္ေပးၾကရတယ္။ ေနာက္တစ္ဆင့္ ခ်ဳပ္မယ့္သူ ေစာင့္မေနရေအာင္ ျမန္ျမန္ဆန္ဆန္ လုပ္ကုိင္ေပးၾကရတယ္။


One Piece Flow System
ဒီစနစ္ကလည္း အထုပ္လုိက္ ခ်ေပးၿပီး ခ်ဳပ္တဲ့စနစ္ျဖစ္ၿပီး Progressive Bundle System နဲ႔ ဘာကြာသလဲဆုိေတာ့ လာခ်ေပးတဲ့အထုပ္မွာ ပါတဲ့ အပုိင္းအစေတြက တစ္မ်ဳိးတည္း မဟုတ္ဘူး။ တစ္ထည္စာအတြက္ အပုိင္းအစေတြ ျဖစ္ပါတယ္။ ခ်ဳပ္တာကေတာ့ Progressive Bundle System လုိပဲ ကုိယ္နဲ႔ သက္ဆုိင္တဲ့အပုိင္းကုိ ခ်ဳပ္ရတယ္။ ၿပီးရင္ အထုပ္နဲ႔ ခ်ဳပ္လက္စတုိ႔ကုိ ေနာက္တစ္ေယာက္ဆီ လက္ဆင့္ကမ္းတယ္။ တစ္ထုပ္မွာ ပါတာေတြ အကုန္လုံး ခ်ဳပ္ၿပီးသြားရင္ ခ်ဳပ္ထည္တစ္ထည္ ၿပီးစီးသြားၿပီ။ အပ္ခ်ဳပ္စက္ေတြကုိ အေျဖာင့္ တန္းစီၿပီး ထားရင္လည္း ရတယ္။ အုံဖြဲ႕ၿပီး ထားရင္လည္း ရတယ္။ One Piece Flow System က ခ်ဳပ္လက္စတန္းလန္းေတြ မ်ားေနတာမ်ဳိး မရွိဘူး။ တစ္ထုပ္ျပတ္ရင္ တစ္ထည္ရတယ္။ ဒီစနစ္ကုိ single-piece-flow system လုိ႔လည္း ေခၚၾကတယ္။

Overhead Production System (UPS -Unit Production system)
ဒီစနစ္မွာေတာ့ ခ်ဳပ္ထည္ရဲ႕ အပုိင္းအစေတြကို ခ်ိတ္ေတြနဲ႔ ခ်ိတ္ေပးထားၿပီး ခ်ိတ္က ေရႊ႕လမ္းမွာ ခ်ိတ္ထားတယ္။ ေရြ႕လမ္းက ထုိင္ခ်ဳပ္ေနတဲ့သူရဲ႕ ေခါင္းအေပၚနားမွာ ရွိေနၿပီး စက္နဲ႔ ေရႊ႕ေပးေနတယ္။ ခ်ိတ္တစ္ခုမွာ အပုိင္းအစ တစ္ခုပဲ ခ်ိတ္ေပးထားတယ္။ အဲဒါကုိ ယူၿပီး ခ်ဳပ္ေပးတယ္။ ခ်ဳပ္ၿပီးသားကို ခ်ိတ္တဲ႔ ျပန္ခ်ိတ္ေပးလုိက္တယ္။ ေနာက္တစ္ေယာက္စီကုိ စက္က ေရႊ႕ေပးလုိက္တယ္။

Piece Rate System
ဒီစနစ္က ေသးငယ္တဲ့ စက္႐ုံေတြမွာ အသုံးမ်ားတယ္။ တကယ္ေတာ့ ထုတ္လုပ္တဲ့စနစ္ Production System ကုိ မဆုိလုိဘူး။ ခ်ဳပ္ခေပးပုံကုိသာ ဆုိလုိတယ္။ ခ်ဳပ္တဲ့သူေတြကုိ သူတုိ႔ခ်ဳပ္ၿပီးတဲ့အထည္ အေရအတြက္အရ ခ်ဳပ္ခေပးတာကုိ ေျပာခ်င္တာ ျဖစ္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တဲ့စနစ္ေတြမွာ အခုလုိမ်ဳိး ခ်ဳပ္ခေပးတယ္ဆုိရင္ piece rate system လုိ႔ ေျပာလုိ႔ရတယ္။
အလုပ္လုပ္တဲ့ နာရီအရ ေပးတာ မဟုတ္ဘဲ ဘယ္ႏွထည္ ခ်ဳပ္လုိ႔ၿပီးသလဲဆုိတာအရ ခ်ဳပ္ခေပးတာ ျဖစ္ပါတယ္။

 Garment sample ခ်ဳပ္ထည္ နမူနာ

 

Pattern making ပက္တန္ျပဳလုပ္ျခင္း

uni

====

အထည်အလိပ်မှ ချုပ်လုပ်ပြီးစီးသည့် ချုပ်ထည်တင်ပို့သည်အထိ လုပ်ကိုင်ပုံ အဆင့်ဆင့်မှာ အဓိကအားဖြင့် အပို်င်း ၃ပိုင်း ပါဝင်ပါတယ်။


Pre-Production Processes - (ထုတ်လုပ်မှု မပြုခင် လုပ်ငန်းစဉ်)နမူနာယူခြင်း sampling၊ ကုန်ကြမ်းများ မှာယူခြင်း sourcing of raw materials၊ အတည်ပြုချက် ရယူခြင်း Approvals၊ ထုတ်လုပ်မှု မပြုခင် စည်းေဝးတိုင်ပင်ခြင်း PP meeting(Pre-Production Meeting) စတဲ့အဆင့်တွေ ပါဝင်ပါတယ်။

Production processes - (ထုတ်လုပ်မှု လုပ်ငန်းစဉ်) ပိတ်စဖြတ်ခြင်း cutting၊ ချုပ်ခြင်း sewing စတဲ့အဆင့်တွေ ပါဝင်ပါတယ်။

Post production processes - (ချုပ်လုပ်ပြီးနောက် လုပ်ငန်းစဉ်) ချုပ်ထားတဲ့ ချည်စချည်နများ ရှင်းလင်းသုတ်သင်ခြင်း thread trimming၊ တွန့်ရာ ကြေရာ မရှိအောင် လုပ်ခြင်း pressing၊ စစ်ဆေးခြင်း checking၊ ခေါက်ခြင်းနှင့် ထုပ်ပိုးခြင်း folding and packing၊ သင်္ဘောတင်ရန် စစ်ဆေးခြင်း စတဲ့အဆင့်တွေ ပါဝင်ပါတယ်။

Production processes - (ထုတ်လုပ်မှု လုပ်ငန်းစဉ်) မှ ချုပ်ခြင်း sewing ကို ဆောင်ရွက်တာမှာ ကြံဆသုံးစွဲကြတဲ့ စနစ် (၇)မျိုးကို ဖော်ပြအပ်ပါတယ်။

Different Types of Garment Production Systems
ချုပ်ထည်တွေ ထုတ်လုပ်တဲ့ စနစ်အမျိုးမျိုး ရှိနေတာမှာ အသုံးများတဲ့ (၇)မျိုးကို ပြောပြထားပါတယ်။

Make Through System
ဒီနစ်က တစ်ကိုယ်တော် အစမှ အဆုံး ချုပ်တဲ့စနစ်ပါ။ ပက်တန် pattern ပုံစံကို အသင့်သုံး ပက်တန် ready-made pattern သုံးပြီး အထည်သားကို ဖြတ်ပါတယ်။ အလုပ်အပ်သူက အသင့်သုံးပုံစံကို ပေးရပါတယ်။ အခုလို တစ်ကိုယ်တော် ချုပ်တဲ့စနစ် Make Through System ကို အပ်ချုပ်ဆိုင်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ကိုယ်တိုင်းယူပြီး ပုံစံချ၊ ပိတ်စကို ဖြတ်တောက် ချုပ်လုပ်သွားတာ တစ်ယောက်တည်းက အစမှ အဆုံးတိုင် လုပ်သွားပါတယ်။ ကြယ်သီးတပ်တာလောက်ပဲ လူငှါးပြီး လုပ်လေ့ရှိပါတယ်။ ဒီစနစ်က ဘာကောင်းသလဲဆိုတော့ တခြားသူကို မှီခိုဖို့ မလိုတဲ့စနစ်ဖြစ်ပါတယ်။

Progressive Bundle System
တစ်ယောက်ကို အပိုင်းအစတစ်မျိုးတည်းကို တာဝန်ယူပြီး ချုပ်သွားတဲ့စနစ် ဖြစ်ပါတယ်။ သူချုပ်ရမယ့် အပိုင်းအစတွေကို အထုပ်လိုက် ချပေးပြီး ချုပ်တယ်။ သူချုပ်ရမယ့်အပိုင်း ပြီးစီးသွားရင် ကျန်တဲ့အပိုင်းကို ချုပ်ဖို့ နောက်တစ်ယောက်ကို လက်ဆင့်ကမ်းလိုက်တယ်။ ချုပ်ထည်တစ်ခုမှာ အပိုင်းတစ်နေရာကိုပဲ တစ်ထည်ပြီး တစ်ထည် ချုပ်သွားတယ်။ ဒီတော့ ချုပ်ထည်တစ်ခုတည်းမှာ အဆင့်ဆင့်ချုပ်သွားမယ့်သူတွေကို တန်းစီပြီး နေရာချပေးထားတယ်။ အပ်ချုပ်စက်တွေကို တန်းစီပြီး နေရာချပေးထားတယ်။
ဒီစနစ်က ဘာကောင်းသလဲဆိုတော့ တာဝန်ယူထားတဲ့အပိုင်းကိုပဲ တစ်ထည်ပြီး တစ်ထည်ချုပ်ရတဲ့အတွက် ချုပ်တဲ့သူရဲ့ အရည်အသွေး တက်တယ်။ ဒီတော့ ချုပ်ထည်ရဲ့ အရည်အသွေး တက်တယ်။ ဒါချုပ်ပြီးရင် ဒါကိုပဲ ထပ်ချုပ်ရတာမို့ ချုပ်ရတဲ့သူမှာ စိတ်အား သိပ်မစိုက်ရဘူး။ ပြီးတော့ တစ်ထည်နဲ့တစ်ထည် တစ်ပြေးညီ ဖြစ်နေစေတယ်။ အထည်အရေအတွက် ခပ်များများချုပ်ရင် progressive bundle system ကို သုံးကြတယ်။ ပြည်ပပို့ထည်တွေကို ဒီစနစ်နဲ့ ချုပ်ကြတယ်။

Section Production System
ဒီစနစ်က ခုနကပြောတဲ့ Progressive Bundle System နဲ့ ဆင်ဆင်တူပါတယ်။ ကွာခြားတာက လိုင်းတစ်လိုင်းတည်း မထားဘဲ လုပ်ရမယ့်အလုပ်တွေကို အပိုင်းတွေ ခွဲထားတယ်။ ချုပ်ရတာချင်း တူတဲ့ စက်တွေကို အတူစုပြီး နေရာချထားတယ်။ တန်းစီပြီး ဖြန့်မချထားဘူး။ နမူနာ ပြောပြရရင် အမျိုးသားဝတ် ရှပ်အင်္ကျီတစ်မျိုးကို ချုပ်တယ်ဆိုပါစို့။ ကော်လာ၊ လက်ထိပ်အနားခေါက်၊ ကြယ်သီးပေါက် စသဖြင့် အပိုင်းတွေကို အကြိုအဆင့်မှာ ချုပ်ထားလိုက်တယ်။ ပြီးတော့မှ အဲဒါတွေကို တွဲချုပ်ပေးမယ့် လိုင်းဆီကို ပို့ပေးလိုက်တယ်။ ရှိတဲ့လူအင်အားကလိုင်းချိန်ညှိပေးဖို့်နဲ့ အသုံးချဖို့ Section Production System ကို သုံးကြတယ်။

Modular Production System
ဒီစနစ်မှာ ချုပ်ကြတဲ့သူတွေက အဖွဲ့တစ်ခုအဖြစ် လုပ်ကိုင်ကြတယ်။ တစ်ထည်လုံး အစအဆုံး မချုပ်ဘူး။ အပိုင်းတစ်ပိုင်းတည်းကို ချုပ်တာမျိုးလည်း မဟုတ်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းတွေကို ချုပ်တယ်။ ဒီတော့ တစ်ထည်လုံးအတွက် ကျွမ်းကျင်သူအမျိုးမျိုးကို စုံလင်အောင် ထည့်သွင်းပြီး အဖွဲ့ဖွဲ့ပေးရတယ်။ ချုပ်ကြတဲ့သူတွေက စည်းလုံးကြရတယ်။ ချုပ်ထည်ကို မြန်မြန်ပြီးအောင် ဝိုင်းချုပ်ပေးကြတယ်။ အဖွဲ့အနဖြေင့် အရည်အသွေးနဲ့ အရေအတွက်ကို တာဝန်ယူရတယ်။ ဒီတော့ အလုပ်ပြီးမြောက်တာကို တစ်ဦးတစ်ယောက်အရ မစဉ်းစားဘူး။ အဖွဲ့လိုက် စဉ်းစားတယ်။ ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို အလျဉ်မီအောင် ချုပ်ပေးကြရတယ်။ နောက်တစ်ဆင့် ချုပ်မယ့်သူ စောင့်မနေရအောင် မြန်မြန်ဆန်ဆန် လုပ်ကိုင်ပေးကြရတယ်။


One Piece Flow System
ဒီစနစ်ကလည်း အထုပ်လိုက် ချပေးပြီး ချုပ်တဲ့စနစ်ဖြစ်ပြီး Progressive Bundle System နဲ့ ဘာကွာသလဲဆိုတော့ လာချပေးတဲ့အထုပ်မှာ ပါတဲ့ အပိုင်းအစတွေက တစ်မျိုးတည်း မဟုတ်ဘူး။ တစ်ထည်စာအတွက် အပိုင်းအစတွေ ဖြစ်ပါတယ်။ ချုပ်တာကတော့ Progressive Bundle System လိုပဲ ကိုယ်နဲ့ သက်ဆိုင်တဲ့အပိုင်းကို ချုပ်ရတယ်။ ပြီးရင် အထုပ်နဲ့ ချုပ်လက်စတို့ကို နောက်တစ်ယောက်ဆီ လက်ဆင့်ကမ်းတယ်။ တစ်ထုပ်မှာ ပါတာတွေ အကုန်လုံး ချုပ်ပြီးသွားရင် ချုပ်ထည်တစ်ထည် ပြီးစီးသွားပြီ။ အပ်ချုပ်စက်တွေကို အဖြောင့် တန်းစီပြီး ထားရင်လည်း ရတယ်။ အုံဖွဲ့ပြီး ထားရင်လည်း ရတယ်။ One Piece Flow System က ချုပ်လက်စတန်းလန်းတွေ များနေတာမျိုး မရှိဘူး။ တစ်ထုပ်ပြတ်ရင် တစ်ထည်ရတယ်။ ဒီစနစ်ကို single-piece-flow system လို့လည်း ခေါ်ကြတယ်။

Overhead Production System (UPS -Unit Production system)
ဒီစနစ်မှာတော့ ချုပ်ထည်ရဲ့ အပိုင်းအစတွေကို ချိတ်တွေနဲ့ ချိတ်ပေးထားပြီး ချိတ်က ရွှေ့လမ်းမှာ ချိတ်ထားတယ်။ ရွေ့လမ်းက ထိုင်ချုပ်နေတဲ့သူရဲ့ ခေါင်းအပေါ်နားမှာ ရှိနပြေီး စက်နဲ့ ရွှေ့ပေးနေတယ်။ ချိတ်တစ်ခုမှာ အပိုင်းအစ တစ်ခုပဲ ချိတ်ပေးထားတယ်။ အဲဒါကို ယူပြီး ချုပ်ပေးတယ်။ ချုပ်ပြီးသားကို ချိတ်တဲ့ ပြန်ချိတ်ပေးလိုက်တယ်။ နောက်တစ်ယောက်စီကို စက်က ရွှေ့ပေးလိုက်တယ်။

Piece Rate System
ဒီစနစ်က သေးငယ်တဲ့ စက်ရုံတွေမှာ အသုံးများတယ်။ တကယ်တော့ ထုတ်လုပ်တဲ့စနစ် Production System ကို မဆိုလိုဘူး။ ချုပ်ခပေးပုံကိုသာ ဆိုလိုတယ်။ ချုပ်တဲ့သူတွေကို သူတို့ချုပ်ပြီးတဲ့အထည် အရေအတွက်အရ ချုပ်ခပေးတာကို ပြောချင်တာ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့စနစ်တွေမှာ အခုလိုမျိုး ချုပ်ခပေးတယ်ဆိုရင် piece rate system လို့ ပြောလို့ရတယ်။
အလုပ်လုပ်တဲ့ နာရီအရ ပေးတာ မဟုတ်ဘဲ ဘယ်နှထည် ချုပ်လို့ပြီးသလဲဆိုတာအရ ချုပ်ခပေးတာ ဖြစ်ပါတယ်။

Garment sample ချုပ်ထည် နမူနာ

Pattern making ပက်တန်ပြုလုပ်ခြင်း

Read 1298 times
Rate this item
(0 votes)