What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုဗစ်ကာလကြောင့် တနိုင်တပိုင် စီးပွားရေးဖြစ်တဲ့ ချင်းရိုးရာအထည်ဈေးနှုန်းများ ကျဆင်းနေ

ကိုဗစ်ကာလကြောင့် တနိုင်တပိုင် စီးပွားရေးဖြစ်တဲ့ ချင်းရိုးရာအထည်ဈေးနှုန်းများ ကျဆင်းနေ Google

ဂန့်ဂေါမြို့နယ်၊ အုတ်လှကျေးရွာမှာ ချင်းရိုးရာအထည်တွေကို တနိုင်တပိုင် စီးပွားအဖြစ် ရက်လုပ်နေကြတာ ဖြစ်ပါတယ်။

 

အုတ်လှကျေးရွာဟာ အိမ်ခြေ ၁၅၇ အိမ် ရှိပြီး လူဦးရေ ၇၆၈ဦး ရှိရာ ချင်းတိုင်းရင်းသားလူမျိုးတွေ နေထိုင်ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ မြောက်ပိုင်း ချင်းပြည်နယ်၊ ဟားခါးဒေသတစ်ဝိုက်ကနေ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး ချင်းရိုးရာအထည်တွေကို တနိုင်တပိုင် စီးပွားအဖြစ် ရက်လုပ်နေကြတာ ဖြစ်ပါတယ်။

အခုလို ရက်လုပ်ရာမှာ အရင်က ခါးစည်းနဲ့ ရက်တဲ့ ဂျက်ခုပ်ရက်နည်း ရက်လုပ်ရာမှ နောက်ပိုင်း လုပ်ငန်း တွင်ကျယ်လာစေဖို့အတွက် မြန်မာ့လက်ယက်ကန်းတွေနဲ့ ရက်လုပ်လာကြတာ ဖြစ်ပါတယ်။

" ဒီချင်းရိုးရာလုပ်ငန်း၊ ချင်းရိုးရာအထည်တွေကို တောင်ပေါ်ဒေသဖြစ်တဲ့ ဟားခါးနယ်မှ စတင် ရက်လုပ်ကြတာ ဖြစ်တယ်၊ အခုနောက်ပိုင်း သမီးတို့ မြေပြန့်ဒေသကို ပြောင်းလာပြီးမှ ဒီချင်းရိုးရာအထည်တွေကို တနိုင်တပိုင်စီးပွားရေးအနေနဲ့ သမီးတို့တစ်ရွာလုံးက ရက်လုပ်ကြတာ ဖြစ်တယ်။

ရက်တဲ့ အထည်တွေက ဆုန်သင်းပါရ်၊ ညှင်းညှင်း၊ ကြက်ခြေခတ်၊ အဝါဝိုင်း ဒါတွေကို ရက်လုပ်ကြတာ ဖြစ်ပါတယ်။ ခြုံသဘက်၊ အကျီ၊ လုံချည် တစ်စုံစာကို ရက်လုပ်ကြတာ ဖြစ်တယ်။ ခြုံသဘက်၊ အင်္ကျီ တစ်စုံစာကို ၂သိန်း ၄သောင်းလောက် ပေးရပါတယ်။ နောက်ပြီး အငှားရက်ရင် လုံချည်ဆိုရင် ရှစ်သောင်း၊ ခြုံသဘက်က နှစ်သောင်းခွဲ၊ အကျီက နှစ်သောင်း ပေးရပါတယ်။

ခြုံသဘက်နဲ့အင်္ကျီကို ရက်လုပ်ရင် တစ်ပတ်လောက်ကြာပါတယ်၊ လုံချည်ကို ရက်လုပ်ရင်တော့ တစ်လ ကြာပါတယ်။ ဒီအချည်တွေကို ကော်တွန်နဲ့ ရက်လုပ်ထားတာ ဖြစ်ပါတယ်"လို့ အုတ်လှကျေးရွာမှ ဒေသခံတစ်ဦးဖြစ်တဲ့ မခန့်ဘွေးပါရ်က ပြောပါတယ်။

 

ချင်းရိုးရာအထည်တွေကို ကော်တွန်ချည် (၃)မျိုးနဲ့ ရက်လုပ်ပြီး သက်မွန်မြင့်၊ ဆုန်သင်းပါရ်၊ ညှင်းညှင်း၊ ကြက်ခြေခတ်၊ အဝါဝိုင်း၊ ငါးရိုး စတဲ့ အမျိုးအစားတွေကို ရက်လုပ်ကြပြီး ကျေးရွာရှိ အိမ်တိုင်း ရက်လုပ်ကြတာ ဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ ရက်ကန်းစင် တစ်စင်မှ နှစ်စင် ထိ ရှိကြောင်း သိရပါတယ်။

ရက်လုပ်ပြီးတဲ့ ချင်းရိုးရာအထည်တွေကို ဟားခါး၊ ကလေးနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချလျက်ရှိရာ ခြုံသဘက်၊ အကျီ၊ လုံချည်တစ်စုံကို နှစ်သိန်း လေးသောင်း ဈေးနှုန်းခန့် ရှိပြီး အကျီနဲ့ ခြုံသဘက်ကို ရက်လုပ်ရာမှာ တစ်ပတ်အချိန် ကြာမြင့်ပြီး လုံချည်ကိုတော့ တစ်လကြာ ရက်လုပ်ရတယ်လို့ သိရပါတယ်။

 

ဂျက်ခုပ်ထည် ရက်လုပ်ရာမှာ လုံချည်တစ်ထည် ၃ လ ခန့် ကြာ ရက်လုပ်ရတာ ဖြစ်လို့ လုံချည်တစ်ကွင်းကို တစ်သိန်းရှစ်သောင်း ဈေးနှုန်းခန့် ရှိကြောင်း သိရပါတယ်။ အခုနောက်ပိုင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတာကြောင့် နိုင်ငံခြားတင်ပို့ရောင်းချမှုများ နည်းပါးလာပြီး အထည်ဈေးနှုန်းများလည်း ကျဆင်းနေတာကြောင့် လုပ်ငန်း မတွင်ကျယ်ကြောင်း သိရပါတယ်။

 

Source: MOI Webportal Myanmar

 
Read 1002 times
Rate this item
(0 votes)